Tips
Displaying reviews 11 - 15 of 44 in total

Waterproof လို့ပြောပြီး ရေထဲနှစ်လိုက်တာ ဘာလို့ပျက်သွားတာလဲ..
ကျွန်တော်တို့ပြောပြောနေတဲ့ Waterproof and Dustproof Rating IP67 တို့ IP54 တို့ဆိုတာ ရေ ဒါမှမဟုတ် အရည်တွေအတွက် ဘယ်လောက်ထိ ခံနိုင်ရည်အားရှိသလဲ။ ဖုန်မှုန့်တွေအတွက် ဘယ် Rate အထိ ခံနိုင်လဲဆိုတာ သိကြပါသလား။ ဒါကို သိထားမယ်ဆိုရင် ကိုယ့်ပစ္စည်းရဲ့ Waterproof နဲ့ Dustproof Rating က ဘယ်လောက်ထိ ခံနိုင်ရည်အားရှိမလဲဆိုတာတော့ အကြမ်းဖျင်းသိသွားနိုင်မှာဖြစ်ပါတယ်။ ဒီတော့ Waterproof and Dustproof Rating အတွက် ဖော်ပြတဲ့ codes တွေဟာ ဘာကို ရည်ညွှန်းလဲဆိုတာကို အနည်းငယ်ရှင်းပြပေးသွားပါမယ်။ ■ IP ဆိုတာ ...
2022/05/02

❝Power Bank ဝယ်ပြီး အန္တရာယ်ကင်းအောင် ဘယ်လိုသုံးရမလဲ..❞
မီးတွေပြတ်တော့ WiFi ဆက်သုံးလို့ရအောင်၊ ဖုန်းလေးဘာလေးအားသွင်းလို့ရအောင်ဆိုပြီး Power Bank တွေ ကြိတ်ကြိတ်တိုးဝယ်နေကြတာတော့ ဟုတ်ပါပြီ။ Power Bank ကို သတိမထားဘဲ သုံးမိရင် ပျက်စီးတာမျိုး၊ ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်ဆိုတာရော သိထားပြီးပြီလား.. ➧ Power Bank ဆိုတဲ့အမျိုးက electronic device ဖြစ်တဲ့အတွက် ရေကြောက်ပါတယ်။ ရေတိုက်ရိုက်စိုတာပဲဖြစ်ဖြစ်၊ ရေငွေ့ပျံလွယ်တဲ့ နေရာမျိုးမှာ ထားရင်ပဲဖြစ်ဖြစ် သေချာပေါက်ပျက်မှာပါ။ ပြီးရင် ရေစိုနေတဲ့လက်နဲ့ Power Bank ကို အားမသွင်းမိစေဖို့သတိထားရပါမယ်။ ...
2022/03/11

❝ P O W E R B A N K ဘယ် လို ရွေး ❞
အခြေအနေနဲ့ အချိန်အခါအရ မရှိမဖြစ် ဆောင်ထားရမဲ့ Power Bank တွေကို ဘယ်လို ရွေးဝယ်ရမလဲ၊ ဘာတွေကို အဓိက သိထားဖို့လိုမလဲ၊ ကိုယ့်အတွက် အဆင်အပြေဆုံး Power Bank က ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ တစ်ပုံချင်းစီကို ဆက်ပြီး ကြည့်ပေးပါ ..။ မဝယ်ခင် အရင်ဦးဆုံး သူ့ရဲ့ အခေါ်အဝေါ်တွေကို သိထားရပါမယ်။ - Capacity : Power Bank မှာ ပါတဲ့ ပါဝါပမာဏ ဖြစ်ပါတယ်၊ ပုံမှန်အားဖြင့် mAh (miliamp hours) နဲ့ တိုင်းတာပါတယ်။ - Input : Power Bank ကို အားပြန်သွင်းဖို့အတွက် လိုအပ်တဲ့ ပါဝါပမာဏ ဖြစ်ပါတယ်။...
2022/03/11

ထောက်မလား? ဆွဲမလား?
Smartphone သုံးသူတိုင်းဆောင်ထားသင့်တဲ့ Xiaomi Gadget လေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Xiaomi Tripod Selfie Stick ပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ နာမည်အတိုင်းပဲ Tripod အဖြစ်သုံးမလား? Selfie Stick အဖြစ်ပဲသုံးမလား? ကြိုက်နှစ်သက်သလိုသုံးလို့ရပါတယ်။ Bluetooth Remote Control လည်းပါဝင်တာမို့ ပိုလို့တောင် Smart ဖြစ်လို့နေမှာပါ။ 360° လှည့်လို့ရတဲ့ Smartphone Holder လေးလည်းပါဝင်တယ်။ Body ကလည်း Aluminum Alloy နဲ့လုပ်ထားတာဆိုတော့ သပ်ရပ်ပြီး ကြာရှည်ခံ၊ အကြမ်းခံပြီး ပေါ့ပါးတယ်။ ခရီးထွက်ရင်း Selfie Sti...
2020/12/01

စာရွက်ပေါ်ရေးထားတဲ့ ဖုန်းနံပါတ်ကို တိတ်နဲ့ကပ်ထားခဲ့တုန်းပဲလား?
Shopping Center တွေကို သွားတာဖြစ်စေ၊ လမ်းဘေးမှာ ကားရပ်ခဲ့တာဖြစ်စေ၊ သူများကားရှေ့ပိတ်ရပ်ခဲ့မိလို့/ ကားဖယ်ပေးဖို့အတွက် ဖုန်းခေါ်လို့ရအောင် မိမိတို့ရဲ့ ဖုန်းနံပါတ်ကို အလွယ်တကူ စာရွက်နဲ့ရေးပြီး ကားမှန်မှာ တိတ်နဲ့ကပ်ထားတုန်းပဲဆိုရင်တော့ Xiaomi ရဲ့ MIJOY Car Temporary Parking Card Number Plate လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးမှာ 0 to 9 ဂဏန်းအပို (၆) တန်းပါဝင်ပါတယ်။ ဒါကြောင့် ဂဏန်းတခုခုပျောက်သွားတာဖြစ်စေ၊ ဂဏန်းအသစ်လဲချင်တာမျိုးဖြစ်စေ စိတ်ပူစရာမလိုတော့ပါဘူး။ အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြ...
2020/11/26