ထောက်မလား? ဆွဲမလား?​

Date: 01/12/2020

Smartphone သုံးသူတိုင်းဆောင်ထားသင့်တဲ့ Xiaomi Gadget လေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Xiaomi Tripod Selfie Stick ပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ နာမည်အတိုင်းပဲ Tripod အဖြစ်သုံးမလား? Selfie Stick အဖြစ်ပဲသုံးမလား?​ ကြိုက်နှစ်သက်သလိုသုံးလို့ရပါတယ်။ Bluetooth Remote Control လည်းပါဝင်တာမို့ ပိုလို့တောင် Smart ဖြစ်လို့နေမှာပါ။

360° လှည့်လို့ရတဲ့ Smartphone Holder လေးလည်းပါဝင်တယ်။ Body ကလည်း Aluminum Alloy နဲ့လုပ်ထားတာဆိုတော့ သပ်ရပ်ပြီး ကြာရှည်ခံ၊ အကြမ်းခံပြီး ပေါ့ပါးတယ်။ ခရီးထွက်ရင်း Selfie Stick အနေနဲ့ပဲသုံးသုံး Group Photo အလန်းစားတွေရိုက်ဖို့ Tripod အနေနဲ့ပဲသုံးသုံး အဆင်ပြေစေတယ်။

Tripod အနေနဲ့သုံးပြီး Meeting ထိုင်တာပဲဖြစ်ဖြစ်၊ Video Call ပြောတာပဲဖြစ်ဖြစ် အဆင်ပြေပြေ အသုံးပြုလို့ရပြီပေါ့။ Xiaomi ဆိုတဲ့အတိုင်း Quality ကလည်း စိတ်ချရတယ်၊ စျေးနှုန်းလည်းသက်သာရမယ်ဆိုရင်တော့ အခုပဲ Gadget Store by Win Mobile World ကို အရောက်လာခဲ့ပါခင်ဗျာ။

➧ Xiaomi Tripod Selfie Stick - 20,000 MMK

Top