စာရွက်ပေါ်ရေးထားတဲ့ ဖုန်းနံပါတ်ကို တိတ်နဲ့ကပ်ထားခဲ့တုန်းပဲလား?

Date: 26/11/2020

Shopping Center တွေကို သွားတာဖြစ်စေ၊ လမ်းဘေးမှာ ကားရပ်ခဲ့တာဖြစ်စေ၊ သူများကားရှေ့ပိတ်ရပ်ခဲ့မိလို့/ ကားဖယ်ပေးဖို့အတွက် ဖုန်းခေါ်လို့ရအောင် မိမိတို့ရဲ့ ဖုန်းနံပါတ်ကို အလွယ်တကူ စာရွက်နဲ့ရေးပြီး ကားမှန်မှာ တိတ်နဲ့ကပ်ထားတုန်းပဲဆိုရင်တော့ Xiaomi ရဲ့ MIJOY Car Temporary Parking Card Number Plate လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 

ဒီပစ္စည်းလေးမှာ 0 to 9 ဂဏန်းအပို (၆) တန်းပါဝင်ပါတယ်။ ဒါကြောင့် ဂဏန်းတခုခုပျောက်သွားတာဖြစ်စေ၊ ဂဏန်းအသစ်လဲချင်တာမျိုးဖြစ်စေ စိတ်ပူစရာမလိုတော့ပါဘူး။ အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ မိမိရဲ့ ဖုန်းနံပါတ်ကို အစဥ်လိုက် စီပြီး သူ့မှာပါတဲ့ အကန့်လေးထဲထည့်ပြီး Double Tape ကပ်ခွာပါဝင်ပြီးသားဖြစ်တာမို့ Dashboard ပေါ်က အဆင်ပြေတဲ့နေရာမှာ ကပ်ထားခဲ့ရုံပါပဲ။ 

ဒါလေးသုံးတာကြောင့် စာလုံးကလည်း သဲသဲကွဲကွဲနဲ့ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်သလို နံပါတ်မပြချင်ရင်လည်း ဟိုဘက်ဒီဘက် အလွယ်တကူလှည့်ပြီး Hidden လုပ်ထားလို့ရပါတယ်။ ကဲ… Smart ကျကျ ဖုန်းနံပါတ်ပြဖို့ဆိုရင်တော့ Gadget Store by Win Mobile World မှာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။ 

➧ MIJOY Car Parking Card Number Plate - 6,000 MMK

Top