Waterproof လို့ပြောပြီး ရေထဲနှစ်လိုက်တာ ဘာလို့ပျက်သွားတာလဲ..

Date: 02/05/2022

ကျွန်တော်တို့ပြောပြောနေတဲ့ Waterproof and Dustproof Rating IP67 တို့ IP54 တို့ဆိုတာ ရေ ဒါမှမဟုတ် အရည်တွေအတွက် ဘယ်လောက်ထိ ခံနိုင်ရည်အားရှိသလဲ။ ဖုန်မှုန့်တွေအတွက် ဘယ် Rate အထိ ခံနိုင်လဲဆိုတာ သိကြပါသလား။ ဒါကို သိထားမယ်ဆိုရင် ကိုယ့်ပစ္စည်းရဲ့ Waterproof နဲ့ Dustproof Rating က ဘယ်လောက်ထိ ခံနိုင်ရည်အားရှိမလဲဆိုတာတော့ အကြမ်းဖျင်းသိသွားနိုင်မှာဖြစ်ပါတယ်။

 

ဒီတော့ Waterproof and Dustproof Rating အတွက် ဖော်ပြတဲ့ codes တွေဟာ ဘာကို ရည်ညွှန်းလဲဆိုတာကို အနည်းငယ်ရှင်းပြပေးသွားပါမယ်။



■ IP ဆိုတာ ဘာလဲ..
===============

Waterproof and Dustproof Rating တွေမှာပါတဲ့ IP ရဲ့အရှည်က Ingress Protection ဖြစ်ပါတယ်။ သူက ပစ္စည်းတစ်ခုမှာ Solid အတွက်ရော Liquid အတွက်ပါ ဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲ ဆိုတာကို တိုင်းတာပေးတာဖြစ်ပါတယ်။



■ IP နောက်က ပထမစာလုံးက ဘာကိုရည်ညွှန်းတာလဲ..
===========================================
IP နောက်မှာ ကပ်ပါလာတဲ့ ပထမစာလုံးက သဲမှုန့်တို့ ဖုန်မှုန့်တို့နဲ့ တခြားအရမ်းသေးတဲ့ အမှုန်အမွှားတွေရဲ့ ဒဏ်ကို ဘယ်လောက်ထိ ခံနိုင်လဲဆိုတာကို ဖော်ပြပေးတာဖြစ်ပါတယ်။ နားလည်အောင် အလွယ်ပြောရရင်တော့ Dustproof Rating ပါပဲ။

ဥပမာ - တစ်ခါတလေ IP67 လို့တွေ့ရတတ်ပြီး၊ တစ်ခါတလေ IPX7 လို့တွေ့ရတတ်ပါတယ်။ ဒီတော့ IP နောက်မှာရှိနေတဲ့ Dustproof Rating ကို ပြတဲ့ စာလုံးက ကိန်းဂဏန်းဖြစ်ချင်ဖြစ်မယ်။ မဟုတ်ရင် အက္ခရာ X ဖြစ်ရင် ဖြစ်မယ်။

အက္ခရာ X ဟာ ထုတ်လုပ်သူတွေအနေနဲ့ Dustproof အတွက် သေချာမစမ်းသပ်ထားတာကို ရည်ညွှန်းတာဖြစ်ပါတယ်။

ကိန်းဂဏန်းတွေဆိုရင်တော့ 0 ကနေ 6 အထိ Rating ရှိပါတယ်။ 0 ဆိုရင်တော့ Dustproof မဖြစ်ဘူးလို့ သတ်မှတ်လို့ရပြီး 6 ကတော့ Dustproof Rating အမြင့်ဆုံးဖြစ်ပြီး မြေကြီးပေါ်ချထားမိတာလောက်တော့ ရတယ်ဆိုတဲ့ သဘောပါ။ ဒါဆိုရင် 0 ကနေ 6 အတွင်း ဂဏန်းများလေလေ Dustproof ပိုပြီးဖြစ်လေလေလို့ သတ်မှတ်နိုင်ပါတယ်။

 


■ IP နောက်က ဒုတိယမြောက်ဂဏန်းဟာ ဘာကို ညွှန်းတာလဲ...
==========================================

IP ရဲ့နောက်က ဒုတိယမြောက် ဂဏန်းဟာ Waterproof Rating ကို ညွှန်ပြပေးတာဖြစ်ပါတယ်။ သူ့ကိုတော့ ကိန်းဂဏန်းနဲ့ဖော်ပြပြီးတော့ 0 ကနေ 9 အထိ ပြကြပါတယ်။ 0 ဆိုရင်တော့ ထုံးစံအတိုင်း Waterproof မဖြစ်တာကို ပြောချင်တာဖြစ်ပြီး 9 ဆိုရင်တော့ Waterproof Rating အမြင့်ဆုံးလို့ ပြောချင်တာဖြစ်ပါတယ်။

ကြားထဲက ဂဏန်းတွေဖြစ်တဲ့ 1 နဲ့ 2 ကတော့ စမ်းသပ်ချိန် (၁၀) မိနစ်အတွင်း စမ်းကြည့်တဲ့အခါ ရေစက်ကျတာလောက်ထိ ခံနိုင်ရည်ရှိတယ်လို့ ဖော်ပြချင်တာဖြစ်ပါတယ်။ 3 နဲ့ 4 က စမ်းသပ်ချိန် (၅) မိနစ်အတွင်း ရေဖိတ်စဉ်တာလောက်ကို ရတယ်လို့ပြောချင်တာဖြစ်ပါတယ်။ 5 နဲ့ 6 ကတော့ ရေထိမိတာလောက်ကို (၃) မိနစ်အတွင်း ခံနိုင်တယ်လို့ ပြောချင်တာပါ။

7 ဆိုရင် ရေအောက် တစ်မီတာအထိ မိနစ် (၃၀) အတွင်း နှစ်လို့ရပြီးတော့ 8 က ရေအောက် တစ်မီတာနဲ့ သုံးမီတာကြား နှစ်လို့ရမှာဖြစ်ပါတယ်။ 9 က Waterproof Rating ထဲမှာ အမြင့်ဆုံးဖြစ်ပြီးတော့ High-temperature နဲ့ High-pressure Water Resistance ရှိတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဒီမှာလည်း ဂဏန်းများသွားလေလေ Waterproof ပိုဖြစ်လေလေလို့ သတ်မှတ်လို့ရပါတယ်။



■ ဘာတွေသတိထားရမလဲ..
=====================

ကိုယ်ဝယ်ထားတဲ့ devices တွေမှာပါနေတဲ့ IPX7 တို့ IP45 တို့ဆိုတာကလည်း ပစ္စည်းထုတ်လုပ်သူတွေဘက်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ရလာတဲ့ laboratory-based result တွေဖြစ်တဲ့အတွက် ပြင်ပမှာအသုံးပြုတဲ့အခါ Rating တွေက နည်းနည်းလောက်တော့ ကွဲလွဲနိုင်ပါတယ်။

ရေဒဏ်ခံနိုင်အားကလည်း ရေစိုသွားတဲ့ကြာချိန်ပေါ်မှာ မူတည်သေးတာမို့ ကိုယ့်ရဲ့စက်ပစ္စည်းကရေစိုသွားတဲ့အခါ ပြန်ပြင်ဆင်လို့ရတာလည်းရှိနိုင်သလို၊ ပြန်ပြင်ဆင်လို့ မရတော့တာလည်း ရှိနိုင်ပါတယ်ခင်ဗျာ။

အများစုက Waterproof လို့ပြောလိုက်တာနဲ့ ပစ္စည်းကို ရေထဲစိမ်တာတို့ နှစ်မိတာတို့လုပ်တတ်ပါတယ်။ ကိုယ့်ရဲ့ Devices တွေက ဘယ်လောက်ထိ Dustproof Rating တွေကောင်းကောင်း၊ Waterproof Rating တွေကောင်းကောင်း Electronic Devices တွေဖြစ်တာမို့လို့ ရေထဲနှစ်တာတို့၊ သဲထဲနှစ်တာတို့ကို တတ်နိုင်သမျှ မလုပ်မိစေဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ..

 

Top