အခန်းထဲက ရှူသွင်းလိုက်တဲ့လေတွေက ခြောက်ခြောက်သွေ့သွေ့ကြီး ဖြစ်နေပြီလား...?

Date: 07/01/2021

အဲကွန်းအမြဲဖွင့်ထားတတ်တဲ့ အခန်းမျိုးမှာပဲဖြစ်ဖြစ်၊ ရာသီဥတုပူတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ် အခန်းအတွင်းကလေတွေက ခြောက်ခြောက်သွေ့သွေ့ကြီးဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲကွန်းတွေက အခန်းထဲမှာရှိတဲ့ ခြောက်သွေ့တဲ့လေကို လည်ပတ်စေပြီး လေထုထဲမှာရှိတဲ့ ရေငွေ့တွေကို ဖယ်ရှားပစ်တာကြောင့်ဖြစ်ပါတယ်။

အဲ့လိုခံစားနေရပြီဆိုရင်တော့ မိတ်ဆွေရဲ့အခန်းထဲမှာ Humidifier လေးတစ်လုံးလောက်တော့ အသုံးပြုသင့်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ခြောက်သွေ့တဲ့အခန်းထဲမှာနေတာကြာလာရင် အသားအရည်ခြောက်သွေ့လာတာ၊ နှာခေါင်းပိတ်တာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းခြောက်တာ၊ နှာခေါင်းယားတာ၊ နှာခေါင်းသွေးလျှံတာ၊ နှုတ်ခမ်းခြောက်တာ၊ အိပ်နေရင်း ဟောက်တတ်တာတွေကို အတိုင်းအတာတစ်ခုအထိ သက်သာစေလို့ပါပဲ။

⚠️ တစ်ခုရှိတာက Humidifier က အဲ့ဒီဝေဒနာတွေကို ကုသပေးတဲ့စက်တော့မဟုတ်ပါဘူး။ အဲ့ဒီလို ရောဂါလက္ခဏာမျိုးတွေဖြစ်လာရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသရမှာဖြစ်ပါတယ်ခင်ဗျာ။ ⚠️

Humidifier တွေက ကောင်းတဲ့အချက်တွေရှိသလို၊ Humidity လို့ခေါ်တဲ့ လေထုရဲ့စိုစွတ်မှုတွေအရမ်းများသွားရင်လည်း မကောင်းပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Mayo Clinic လို ကျန်းမာရေးအဖွဲ့အစည်းတွေက Recommend လုပ်ထားတာက Humidity Level (30% - 50%) ဆိုရင် အခန်းအတွင်း လေထုစိုစွတ်မှုအဆင်ပြေစေတယ်လို့ဆိုပါတယ်။

အခန်းအတွင်းလေထုစိုစွတ်မှုအရမ်းများသွားရင် ဖားဥစွဲတာ၊ မှိုတက်တာတွေ၊ ဘက်တီးရီးယားပေါက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Humidity Level ကို ကျွမ်းကျင်ပညာရှင်များသတ်မှတ်ထားတဲ့ Level (30% - 50%) အတွင်းပဲ အသုံးပြုဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

Humidifier တွေထဲမှာ လူကြိုက်များတဲ့ Model လေးတွေဖြစ်တဲ့ Xiaomi ကနေထုတ်လုပ်ထားတဲ့ Mijia Humidifier 4L နဲ့ Mijia Pure Smart Humidifier 2.2L တို့နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Smart Model ကတော့ Mi Home (Mijia App) နဲ့ချိတ်ဆက်ပြီး WiFi Connect လုပ်ပြီး Control လုပ်လို့ရမှာဖြစ်ပါတယ်။ (Mi Home နဲ့ချိတ်ဆက်လို့ရဖို့အတွက် Mi Home Settings မှာ Region China ရွေးထားဖို့လိုအပ်ပါတယ်)

Humidifier ဆိုတဲ့အတိုင်း လေထုထဲမှာရှိတဲ့ စိုထိုင်းဆကို အမြဲ Monitor လုပ်နေမှာဖြစ်ပြီး သတ်မှတ် Humidity Range (60% RH) မှာထားပေးမှာဖြစ်ပါတယ်။ ကိုယ်ကြိုက်သလိုလည်း Adjust လုပ်လို့ရပါတယ်။ Mijia Humidifier 4L ကတော့ ရေအများကြီးထည့်လို့ရတာမို့ ရေတစ်ခါထည့်ထားရင် အချိန်ကြာကြာ (၂၆ နာရီခန့်) အသုံးခံပါတယ်။ Mijia Pure Smart Humidifier 2.2L ကတော့ ရေထည့်လို့ရတာ နည်းတာမို့ ရေတစ်ခါထည့်ထားရင် (၁၂ နာရီခန့်) လောက်အထိ အသုံးခံမှာဖြစ်ပါတယ်။ (မှတ်ချက် ။ ။ ရေသန့်သန့်ထည့်ပေးဖို့လိုအပ်ပါသည်)

နောက်တစ်ခုကတော့ Humidifier တွေက များသောအားဖြင့် အိပ်ခန်းထဲမှာထားတတ်ကြတာဆိုတော့ မိမိတို့အခန်းလေးကို အမွှေးနံ့လေးဖြစ်ဖြစ် Fresh ဖြစ်တဲ့ အနံ့ကြိုက်နှစ်သက်သူတွေဖြစ်ဖြစ် ထည့်သွင်းတဲ့ရေထဲမှာ အမွှေးဆီအရည် (Diffuser Oil) အနည်းငယ်ခပ်လိုက်မယ်ဆိုရင် ထွက်လာတဲ့ ရေငွေ့လေးတွေက အခန်းထဲမှာ မွှေးကြိုင်နေစေမှာဖြစ်ပါတယ်ခင်ဗျာ။

❱ Mijia Humidifier 4L - 42,000 MMK

◉ 6 Months Warranty Included

 

❱ Mijia Pure Smart Humidifier 2.2L - 52,000 MMK

◉ 6 Months Warranty Included


Top