အခန်းထဲမှာရှူသွင်းလိုက်တဲ့လေထုက ခြောက်သွေ့နေသလို ခံစားနေရပြီလား...?
Humidifier တွေကို ရာသီဥတုခြောက်သွေ့တဲ့အချိန်မျိုးတွေမှာ အဓိကအသုံးပြုကြပါတယ်။ များသောအားဖြင့် အဲကွန်းအမြဲဖွင့်ထားတဲ့အခန်းတွေမှာဖြစ်စေ၊ ရာသီဥတုပူပြင်းခြောက်သွေ့တဲ့အချိန်မျိုးတွေမှာဖြစ်စေ အဲ့ဒီအခန်းထဲက လေထုကိုရှူရှိုက်လိုက်ရင် ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလို ခြောက်သွေ့တဲ့လူထုကို ရှူရှိုက်တာများလာရင် ခန္ဓာကိုယ်အရေပြားခြောက်သွေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းခြောက်ခြင်း၊ နှာခေါင်းယားယခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ အိပ်နေရင် ဟောက်တတ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။
အခုမိတ်ဆက်ပေးတဲ့ Xiaomi ရဲ့ Eco Product ထုတ်တဲ့ Mijia ရဲ့ Mijia Smart Humidifier 4L လေးက အဲ့ဒီလိုဖြစ်တာတွေအတွက် အတိုင်းအတာတခုအထိ သက်သာအောင် အခန်းအတွင်းစိုထိုင်းဆကို ထိန်းသိမ်းပေးဖို့အတွက် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
တစ်ခုရှိတာက Humidifier က အဲ့ဒီဝေဒနာတွေကို ကုသပေးတဲ့စက်တော့မဟုတ်ပါဘူး။ အဲ့ဒီလို ရောဂါလက္ခဏာမျိုးတွေဖြစ်လာရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသရမှာဖြစ်ပါတယ်ခင်ဗျာ။
𝐐: Humidifier က အမြဲတမ်းဖွင့်ထားဖို့လိုလား?
𝐀: Humidifier တွေက ကောင်းတဲ့အချက်တွေရှိသလို Humidity လို့ခေါ်တဲ့ လေထုစိုစွတ်မှုအရမ်းများသွားရင်တော့ မကောင်းပါဘူး။ ဒါကြောင့် Humidity Level (30% - 50%) ကိုပဲ အသုံးပြုသင့်ပြီး နှစ်သက်သလို 40% - 70% ချိန်ပြီး အသုံးပြုလို့ရပါတယ်။
𝐐: Mijia Smart Humidifier 4L က App နဲ့ ချိတ်ပြီးသုံးလို့ရလား?
𝐀: Smart Model ဖြစ်လို့ Application (Mi Home/ Mijia App) နဲ့ ချိတ်ဆက်ပြီး အသုံးပြု Control လုပ်လို့ရပါတယ်ခင်ဗျာ။ အိမ်မှာ WiFi Network တော့ရှိဖို့လိုပါမယ်ခင်ဗျာ။ (Mi Home နဲ့ချိတ်ဆက်လို့ရဖို့အတွက် Mi Home Settings မှာ Region China ရွေးထားဖို့လိုအပ်ပါတယ်)
𝐐: Humidifier က ဘယ်လိုအလုပ်လုပ်တာလဲ?
𝐀: Humidifier တွေက လေထုထဲမှာရှိတဲ့ စိုထိုင်းဆကို အမြဲ Monitor လုပ်ပြီးတော့ စက်ကသတ်မှတ်ထားတဲ့ Mumidity Range (60% RH)/ Default ကိုရောက်အောင်ထားပေးမှာဖြစ်ပါတယ်။ ကြိုက်နှစ်သက်သလို Adjust လုပ်လို့တော့ရပါတယ်။
𝐐: Humidifier က ရေတစ်ခါထည့်ထားရင် ဘယ်လောက်အသုံးခံလဲ?
𝐀: အခု Mijia Smart Humidifier က 4L ဖြစ်တာမို့ ရေအများကြီးထည့်လို့ရသလို တစ်ခါထည့်ထားပြီးရင် (၂၆) နာရီဝန်းကျင့်ခန့် အသုံးခံပါတယ်ခင်ဗျာ။ (ထည့်တဲ့ရေကို အတတ်နိုင်ဆုံး ရေသန့်ထည့်ပေးဖို့တော့ အကြံပြုပါတယ်ခင်ဗျာ)
𝐐: ရေသန့်မဟုတ်ပဲ ထည့်မိရင်ရော ဘာဖြစ်နိုင်လဲ?
𝐀: ရေသန့်မဟုတ်ရင်တော့ ပုံမှန်ရေတွေမှာ Bacteria တွေပါလာနိုင်တာမို့ အသုံးမပြုသင့်ပါဘူး။ ဒါပေမယ့် ဒီ Mijia Smart Humidifier က 4L ရဲ့ Water Tank က Silver Ion Antibacterial ကို အသုံးပြုထားတာဖြစ်တာကြောင့် Bacteria တွေ ကြီးထွားမှုကို အချိန်ကြာမြင့်စွာတားဆီးပေးနိုင်ပါတယ်။
𝐐: Humidifier ထဲမှာ အခြားသော အမွှေးရည်တွေထည့်သုံးလို့ရလား?
𝐀: ရပါတယ်၊ Humidifier တွေက များသောအားဖြင့် အိပ်ခန်းထဲမှာထားတတ်ကြသလို၊ မိမိအလုပ်လုပ်တဲ့နေရာတွေမှာထားတတ်ကြတော့ အမြဲကို့အခန်းဖြစ်ဖြစ်၊ ကို့အနားမှာဖြစ်ဖြစ် ကိုကြိုက်နှစ်သက်တဲ့ အမွှေးနံ့လေး အမြဲရနေအောင်လို့ Fresh ဖြစ်တဲ့ အမွှေးဆီ (Diffuser Oil) လေးတွေ ရေထဲမှာခတ်ပြီး အသုံးပြုလို့ရပါတယ်။
❱ Mijia Smart Humidifier က 4L - 42,000 MMK
◉ 6 Months Warranty Included