အထာကျကျ လက်ဆေးကြမယ်...

Date: 09/12/2020

Xiaomi ကနေထုတ်လုပ်ထားတဲ့ Xiaomi Automatic Water Saver Tap ဆိုတဲ့ပစ္စည်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အခုလို COVID-19 ကပ်ရောဂါကာလကြီးမှာ လက်ကိုခဏခဏ စက္ကန့် (၂၀) ကြာဆေးကြောဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးက စနစ်တကျလက်ဆေးဖို့အတွက် အထူးအသုံးဝင်သင့်တော်တဲ့ ပစ္စည်းလေးဖြစ်မှာပါ။

ဒီပစ္စည်းလေးမှာ IR Smart Sensor အောက်မှာတခု၊ ဘေးဘက်မှာတခု (၂) ခုပါဝင်ပါတယ်။ ဒီပစ္စည်းလေးကိုတပ်ဆင်ဖို့အတွက် အခြားသော Sensor အသုံးပြု ရေခေါင်းတွေလို ခက်ခက်ခဲခဲတပ်နေစရာမလိုပါဘူး၊ အလွယ်တကူပဲ တပ်ဆင်အသုံးပြုနိုင်တဲ့ User Level Gadget ပစ္စည်းလေးဖြစ်ပါတယ်။

သူ့ရဲ့ Sensor (၂) ခုကလည်းရိုးရှင်းတယ်။ Instant Mode (Bottom Sensor) နဲ့ Storage Mode (Side Sensor) တို့ပဲဖြစ်ပါတယ်။ အောက်ဘက် Sensor မှာ 10cm အကွာကနေ လက်ခံလိုက်တာနဲ့ ရေအလိုအလျောက်ကျလာမှာဖြစ်ပြီး လက်ဖယ်လိုက်တာနဲ့ ရေကျတာရပ်သွားပါမယ်။ အကယ်လို့ လက်မဖယ်ခဲ့ရင်လည်း 20 Seconds နေရင် ရေကျတာရပ်သွားမှာပါ။

ဘေးဘက်က Side Sensor ကတော့ 5cm အကွာကနေ လက်နဲ့ Motion လုပ်ပေးလိုက်တာနဲ့ ရေကျလာမှာဖြစ်ပြီး နောက်တကြိမ် Motion လုပ်လိုက်ရင် ရေကျတာရပ်သွားမှာပါ။ တကယ်လို့ နောက်တကြိမ် Motion မလုပ်မိဘူးဆိုရင်လည်း Water Saving Function အလုပ်လုပ်ပြီး 3 Minutes နေရင် အလိုအလျောက် ရေကျတာရပ်သွားမှာဖြစ်ပါတယ်။

ရေပိုက်ခေါင်း Size အမျိုးမျိုးအတွက် တပ်ဆင်လို့အဆင်ပြေအောင် (၆) မျိုးပါဝင်ပြီး Build-in Battery 550mAh ပါဝင်တာကြောင့် တစ်ခါအားအပြည့်သွင်းထားရင် (၆) လလောက်ထိ အသုံးခံပါတယ်ခင်ဗျာ။ IPX6 ဖြစ်တာကြောင့် ရေစိုခံတာကြောင့် အချိန်ကြာကြာ အသုံးခံမှာပါ။ ကဲ... ရေခေါင်းလှည့်ဖွင့်နေစရာမလိုပဲ အထာကျကျ လက်ဆေးချင်တယ်ဆိုရင်တော့ အခုပဲ Gadget Store by Win Mobile World ကို လာခဲ့လိုက်တော့နော်။

အော်... ဒါနဲ့ စနစ်တကျလက်ဆေးဖို့ လက်ဆေးဆပ်ပြာလိုပါသေးတယ်။ အရေပြားကျန်းမာရေးအတွက် အက်ဆစ်ဓာတ်နည်းပြီး ဘက်တီးရီးယားပိုးမွှားတွေကို 99.9% ဖယ်ရှားပေးနိုင်တဲ့ ဖော်မြူလာနဲ့စနစ်တကျထုတ်လုပ်ပေးထားတဲ့ Liquid Soap အသုံးပြုထားတဲ့ Mi Automatic Soap Dispenser - https://bit.ly/3qHnNGn လေးကိုပါ လက်ဆေးဘေစင်ဘေးမှာ ထားလိုက်ရင်တော့ အားလုံးပြည့်စုံသွားပါပြီ။

➧ Xiaomi Automatic Water Saver Tap - 25,000 MMK

➧ Mi Automatic Soap Dispenser - 25,000 MMK


Top