မိသားစုကျန်းမာရေးအတွက် စနစ်တကျလက်ဆေးကြစို့...

Date: 03/12/2020

COVID-19 ကပ်ဘေးကာလကြီးမှာ လက်ခဏခဏဆေးကြဖို့၊ အိမ်ထဲမှာပဲ အတတ်နိုင်ဆုံးနေကြဖို့၊ မဖြစ်မနေအပြင်ထွက်ရရင်လည်း Mask မဖြစ်မနေတပ်ကြဖို့၊ ကိုယ်ခံအားကောင်းအောင်နေကြဖို့ အရေးကြီးပါတယ်။ လက်ဆေးတဲ့နေရာမှာလည်း Safe အဖြစ်ဆုံးဖြစ်အောင် စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြောဖို့လိုပါတယ်ခင်ဗျာ။

Xiaomi ရဲ့ Mijia ကနေထုတ်လုပ်ထားပြီးတော့ နေရာကျယ်ကျယ်ပေးစရာမလိုတဲ့ ဆပ်ပြာအမြှုပ်ထုတ်ပေးတဲ့ Mi Automatic Soap Dispenser လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ Infrared Sensor ပါဝင်တာကြောင့် လက်လေးခံလိုက်တာနဲ့ 0.25s အတွင်း ဆပ်ပြာမြှုပ်အလိုအလျောက် ထွက်လာမှာပဲဖြစ်ပါတယ်။

သူ့ကိုအသုံးပြုဖို့အတွက် လျှပ်စစ်အမြဲကျွေးထားစရာမလိုပဲ AA Battery (၄) လုံးထည့်သွင်းပြီး အသုံးပြုရမှာပါ။ ထည့်သွင်းအသုံးပြုရမယ့် Liquid Soap ကလည်း အရေပြားကျန်းမာရေးအတွက် အက်ဆစ်ဓာတ်နည်းပြီး ဘက်တီးရီးယားပိုးမွှားတွေကို 99.9% ဖယ်ရှားပေးနိုင်တဲ့ ဖော်မြူလာနဲ့စနစ်တကျထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။

လက်ဆေးတဲ့နေရာမှာ အသုံးပြုတဲ့ဆပ်ပြာပေါ်မူတည်ပြီး အရေပြားထိခိုက်နိုင်တာတွေရှိတာကြောင့် အသုံးပြုတဲ့ ဆပ်ပြာကို စနစ်တကျရွေးချယ်အသုံးပြုဖို့လိုပါတယ်။ ဒီပစ္စည်းလေးမှာအသုံးပြုရမယ့် Liquid Soap ကိုက သဘာဝအပင်တွေကနေ pH Level Balance ဖြစ်နေအောင် စနစ်တကျထုတ်လုပ်ထားတာဖြစ်တာကြောင့် လက်ဆေးပြီးတာနဲ့ လန်းဆန်းပြီး ကြာရှည်ခံတဲ့ အမွှေးနံ့လေးရရှိနေစေမှာပါ။

Liquid Soap Refill (၁) ဗူးကို ဆပ်ပြာမြှုပ်အကြိမ် (၄၀၀) ခန့်ထိထုတ်ပေးနိုင်ပြီး ကျွန်တော်တို့ Gadget Store by Win Mobile World မှာ Liquid Soap Refill (၃) ဗူးပါ (၁) ဗူးကို 12,000 MMK နဲ့ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။ Mi Automatic Soap Dispenser ကလည်း 25,000 MMK ပဲရှိတာမို့ စျေးနှုန်းသက်သက်သာသာနဲ့ မိသားစုကျန်းမာရေးအတွက် အထူးပဲသင့်တော်ပါတယ်ခင်ဗျာ။

➧ Mi Automatic Soap Dispenser - 25,000 MMK

⁍ Warranty (6) Months Included

➧ Liquid Soap Refill - 12,000 MMK (3x Included)

 


Top