ကိုယ့် iPhone ရဲ့ Password ကို တခြားသူကို လွယ်လွယ်ပေးလိုက်သင့်သလား?
မေးခွန်းရဲ့ အဖြေကတော့ ရှင်းရှင်းလေးပါပဲ .. ဘာလို့ ပေးရမှာလဲ? ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကိုယ့် iPhone ရဲ့ Password တွေကို ဘယ်သူ့ကိုမှ အလွယ်တကူ မပေးသင့်ပါဘူး၊ ဒါက အားလုံး သိပြီးသား အချက်ပဲ ဖြစ်ပါတယ်။ တစ်ခါတလေ သတိလက်လွတ်နဲ့ ပေးမိတာတွေ၊ ဘေးကနေကြည့်ရင်း သိသွားတာတွေ ဖြစ်တတ်ပါတယ်။
iPhones/iPads တွေမှာ အခုနောက်ပိုင်း Apple ID, iCloud ရဲ့ Security System ဟာ အရင်တုန်းကလို Security Questions တွေနဲ့ပဲ ချိတ်ထားတာမဟုတ်ဘဲကိုယ့်ဖုန်းထဲမှာ ကိုယ်သုံးတဲ့ ဖုန်းနံပါတ်နဲ့ကို Two-Factor Authentication ခံမှရမဲ့ Security System ဖြစ်သွားပါပြီ။ တကယ်လို့ ကိုယ်က Two-Factor Authentication မခံထားရင်တောင်မှ Settings မှာ Two-Factor Authentication ပြုလုပ်ပါဆိုတဲ့ Notification တက်နေတာကို နှိပ်မိပြီးတော့ Two-Factor Authentication ကိုခံလိုက်နိုင်ပါတယ်။ ဒီလိုဖြစ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Apple ID (iCloud) account ဟာ ဖုန်းထဲက Sim Card နဲ့ချိတ်သွားမယ် နောက်ပြီးတော့ သူကဘာတောင်းလဲဆိုတော့ Phone ရဲ့ Passcode ကိုတောင်းပါလိမ့်မယ်။ Passcode ထည့်ပြီး Verify တွေအဆင့်ဆင့်လုပ်ပြီးတာနဲ့ ကိုယ့် Apple ID (iCloud) account ရဲ့ Security System ဟာ SIM card နဲ့ Device ရဲ့ Passcode ကိုချိတ်သွားပါလိမ့်မယ်။
အဲ့လိုဆိုတော့ ကိုယ့်ရဲ့ Apple ID (iCloud) Password ကိုမမှတ်မိတော့ရင်တောင် Phone ရဲ့ Passcode ကိုမှတ်မိတာနဲ့တင်ကို iCloud Password ကို Reset ချလို့ရပါမယ်၊ Change လို့ရပါမယ်။ (Setting >> Password & Security >> Change Password ကိုနှိပ်လိုက် ပြီးရင် Device ရဲ့ Passcode ကို ထည့်လိုက်ရုံနဲ့ ကိုယ့် iCloud Password Change လို့ရသွားပြီ ဖြစ်ပါတယ်) ဒီအချက်တစ်ချက်နဲ့တင်ကို မိတ်ဆွေရဲ့ Phone Passcode ကို တခြားသူကို ပေးမသိသင့်ပါဘူး ခင်ဗျ။ နောက်ထပ် iCloud Keychain လို့ခေါ်တဲ့ AutoFill Passwords Feature ကိုသာ သုံးခဲ့ရင် အဲ့ဒီမှာ မှတ်ထားတဲ့ ကိုယ်ရဲ့ Username တွေ Password တွေပါ သိသွားနိုင်မှာ ဖြစ်ပါတယ်။
Autofill Passwords အကြောင်းကို ဒီမှာဖတ်ကြည့်လို့ ရပါတယ် -->> Read Here
ဒါကတော့ Passcode သိသွားတာနဲ့ ကို့ရဲ့ Data တွေပါသွားမဲ့အချက်ပါ။ နောက်ဆုံးအနေနဲ့ ကိုယ့်ဖုန်းပါသွားရင် iCloud Account ရဲ့ Password ကိုပါ သိသွားနိုင်တာ ဖြစ်တာမို့ ကိုယ်သုံးနေတဲ့ iDevices တွေပါ iCloud Lost ကျသွားတဲ့အထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ့် iDevices တွေရဲ့ Password တွေကို လွယ်လွယ်နဲ့ မပေးကြဖို့၊ မဖြစ်မနေ ပေးလိုက်ရတယ်ဆိုရင်လည်း ကိုယ့်လက်ထဲကို ပြန်ရောက်လာာတာနဲ့ သူများ သိထားတဲ့ Password ကို ချက်ချင်း ပြန်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ရေးသားသူ - Kyaw Hpone Naing
(WMW iOS Software Service Technician)