iOS 11 မှာ စတင်ပါဝင်လာတဲ့ Autofill Password Function ဆိုတာဘာလဲ ?

Date: 27/06/2019

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

ကျွန်တော်တို့လေးစားတန်ဖိုးထားရတဲ့ မိတ်ဆွေများအတွက် iOS 11 မှာပါဝင်တဲ့ Autofill Password Function အကြောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ 

ဒီ Autofill Password Function လေးဟာ မိမိတို့ရဲ့ Email, Facebook Account, etc... စတာတွေရဲ့ Password ကိုမရိုက်ချင်တဲ့အခါဖြစ်စေ၊ မိမိတို့ရဲ့ Password ကို ခဏခဏမေ့တတ်သူများဖြစ်စေ ဒီ Function လေးက အသုံးဝင်စေမှာဖြစ်ပါတယ်။

Settings > Accounts & Passwords > App & Website Password 

- ထဲကိုဝင်လိုက်တာနဲ့ Add Password ဆိုတာလေးကိုတွေ့ရပါမယ်။ အဲ့ဒါကိုနှိပ်ပြီး Website, User name, Password ထည့်ဖို့ Box လေးတွေပေးထားပါလိမ့်မယ်။ တကယ်လို့ မိတ်ဆွေက မိမိရဲ့ Apple ID Password ကို ခဏခဏမရိုက်ချင်ဘူး (သို့) Password မေ့တတ်သည်ဖြစ်စေ Website ဆိုတဲ့နေရာမှာ icloud.com (or) appleid.com ကိုဖြည့်ပါ။ User name, Password နေရာမှာ မိမိရဲ့ ID and Password ကိုပါ မှန်အောင်ဖြည်ပေးပါ။

အဲ့လိုလုပ်ပြီးတာနဲ့ Autofill Password Function Supported ပေးတဲ့ Find My iPhone App, App Store, iTunes Store ထဲကိုဝင်ပြီး Username and Password ရိုက်ရမယ့်နေရာမှာ Password ဘေးမှာ Key ပုံလေးကို နှိပ်လိုက်တာနဲ့ မိမိဖြည့်ထားခဲ့တဲ့ icloud.com (or) appleid.com ကိုနှိပ်လိုက်တာနဲ့ မိမိရဲ့ iCloud (or) Apple ID & Password တခါတည်း Auto ဖြည့်ပေးသွားမှာဖြစ်ပါတယ်။

Autofill Password Function ကို iTunes Store, App Store, Find My iPhone, KBZ mBanking Apps တွေမှာ Supported ပေးပြီး Safari Browser ကနေ Facebook, Gmail, Twitter စတဲ့ Social Account တွေ Login ဝင်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ Mac မှာဆိုရင်တော့ Safari မှာ သုံးလို့ရပါတယ်။ တကယ်လို့ မိမိရဲ့ Password တွေမေ့မှာစိုးရင်တော့ - 

Settings > Accounts & Passwords > App & Website Passwords 

- ထဲမှာ မှတ်ထားတာဖြစ်တဲ့အတွက် မေ့သွားခဲ့သည်ဖြစ်စေ၊ မိမိလိုတဲ့အချိန်မှာ ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။

ဒီ Autofill Password Function လေးရဲ့အားသာချက်ကတော့ - 

• Login တခါဝင်တိုင်း Password ထပ်ခါထပ်ခါ ရိုက်နေစရာမလိုခြင်း 

• Password ခဏခဏ မေ့တတ်သူများအတွက် အဆင်ပြေခြင်း 

• တကယ်လို့ မေ့သွားခဲ့ရင်လည်း လိုအပ်တဲ့အချိန်မှာ အလွယ်တကူပြန်ကြည့်နိုင်ခြင်း 

စတာတွေပဲဖြစ်ပါတယ်ခင်ဗျာ။

ဒီနေရာမှာ အားနည်းချက်တခုအနေနဲ့ ထည့်ပြောစရာရှိတာကတော့ Autofill Password Function ကို မိမိ iDevices ရဲ့ Passcode, Fingerprint, FaceID စတာတွေနဲ့ Protected လုပ်ထားတဲ့အတွက် မိမိရဲ့ iDevices Passcode သိတဲ့သူဖြစ်စေ၊ Fingerprint ဆိုရင်လည်း မိမိရဲ့ Fingerprint တခုတည်းမဟုတ်ပဲ မိမိရဲ့ Girlfriend (or) Boyfriend (or) Someone ရဲ့ Fingerprint ပါထည့်ထားတာဆိုရင်တော့ မိမိထည့်ထားတဲ့ Accounts & Passwords တွေကို အလွယ်တကူဝင်ကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ်။ 

Top