One Click တည်းနဲ့ ကော်ဖီကောင်းကောင်း သောက်ချင်ပါသလား?
ဒီနေ့ခေတ်မှာဆိုရင် အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် အချိန်မရွေး ကော်ဖီသောက်ကြတာ အလေ့အထတစ်ခုလိုတောင်ဖြစ်နေကြပါပြီ။ ကော်ဖီကောင်းကောင်းကြိုက်နှစ်သက်သူတွေအတွက် လွယ်ကူရိုးရှင်းဖြစ်ရမယ်၊ အရည်အသွေးလည်းကောင်းရမယ်ဆိုသူများအတွက် Xiaomi ကထုတ်လုပ်ထားတဲ့ Coffee Machine (၂) မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
တစ်ခုကတော့ Mijia Capsule Coffee Machine ဖြစ်ပါတယ်။ အဆင့်မြင့် 20BAR Electromagnetic Pump ကိုတပ်ဆင်ထားသလို Rapid Heating Technology အသုံးပြုထားပြီး Stable Extraction System ကြောင့် သင်းပျံ့တဲ့ကော်ဖီရနံ့ကို လျှင်လျှင်မြန်မြန်ရစေတယ်။ ရိုးရှင်းချက်ကလည်း One-Click တည်းနဲ့ ကော်ဖီတစ်ခွက်ရမယ်။
သူ့မှာ Capacity Modes (၂) ခုပါဝင်တယ်။ စက်ပေါ်မှာ အသုံးပြုရလွယ်ကူအောင် ပုံလေးနဲ့ပဲဖော်ပြပေးထားတယ်။ နဲနဲသေးတဲ့ခွက်ပုံလေးက 40ml Capacity Mode ဖြစ်ပြီး နဲနဲကြီးတဲ့ခွက်ပုံလေးက 110ml Capacity Mode ဖြစ်ပါတယ်။ Coffee Machine သာဆိုတယ် အရွယ်အစားကလည်း အရမ်းမကြီးဘူး အရမ်းကို ပေါ့ပါးပြီး Portable ဖြစ်တယ်။ ကော်ဖီအမြဲသောက်တတ်တဲ့သူသာဆို နေရာသိပ်မယူလို့ ကိုယ့်စားပွဲပေါ်မှာကို တင်ထားရုံပဲ။
ကော်ဖီတခွက်ဖြစ်ဖို့ အဆင့် (၃) ဆင့်ပဲလိုပါတယ်။ ပထမဆုံးစက်ကို Power ဖွင့်ပြီး အပူပေးဖို့အတွက် (၃၅) စက္ကန့်စောင့်ရပါမယ်။ စက်အပေါ်က Lid ကိုဖွင့်ပြီး Coffee Capsule ထည့်ရပါမယ်။ အဖုံးပြန်ပိတ်ပြီး လိုချင်တဲ့ Capacity Button ကိုနှိပ်ပြီး ခဏနေရင်ကော်ဖီတစ်ခွက်ရပါပြီ။ စုစုပေါင်းအချိန် (၁) မိနစ်လောက်ပဲကြာပါမယ်။
နောက်တစ်ခုကတော့ Xiaomi ရဲ့ Mijia ကနေ အခြားနာမည်တစ်ခုနဲ့ထုတ်ထားတဲ့ Mijia SCISHARE Smart Capsule Coffee Machine ဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ ပါဝင်တဲ့ Functions လေးတွေ ပိုအဆင့်မြင့်သွားသလို Smart ဖြစ်သွားတာမို့ Application နဲ့ပါ ကော်ဖီဖျော်လို့ရသွားပါမယ်။
သူကျတော့ ပုံစံတစ်မျိုးပြောင်းသွားတာမို့ အပေါ်ကလို ခလုတ်နှစ်ခုနဲ့မဟုတ်တော့ဘူး။ ပုံစံကတော့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ခလုတ်က တစ်ခုတည်းဖြစ်သွားပြီး Mode ရွေးချယ်ဖို့အတွက် ခလုတ်ကိုလှည့်ရမှာဖြစ်ပါတယ်။ Power ဖွင့်ဖို့အတွက် အဲ့ခလုတ်ကိုဖွင့်လိုက်တာနဲ့ သက်ဆိုင်ရာမီးလေးတွေ ပုံလေးတွေနဲ့ ဖော်ပြပေးမှာပါ။ ကိုရွေးချင်တာကို အဲ့ဒီခလုတ်ကိုလှည့်ပြီး ရွေးရမှာဖြစ်ပါတယ်။
သူကျတော့ Mode (၃) ခုဖြစ်သွားပါတယ်။ Espresso (35ml) ၊ Americano (120ml) နဲ့ Hot water (160ml) ဆိုပြီး Capacity Mode (၃) ခုဖြစ်ပါတယ်။ ဆိုတော့ ကော်ဖီဖျော်စက်အပြင် ရေနွေးပူပါထုတ်လို့ရတဲ့စက်ဖြစ်ပါတယ်။ သူ့မှာ WiFi ပါဝင်တယ်။ ဒါကြောင့် အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် WiFi Network တစ်ခုရှိမယ်ဆိုရင် Mi Home (Mijia App) ကနေ SCISHARE Smart Capsule Coffee Machine ဆိုတာကို Add Device လုပ်ပြီး Application ကတဆင့် ကော်ဖီဖျော်လို့ရပါပြီ။
App ထဲမှာ Capacity Mode တွေရွေးလို့ရသလို Coffee ဖျော်တဲ့အချိန်မှာ အသုံးပြုမယ့် Coffee/ Water/ Temperature စတဲ့ အချိုးအစားတွေကို လိုအပ်သလို Adjust လုပ်လို့ရသွားပါမယ်။ ဒါကြောင့် အဲ့ဒီအချိန်အစအပေါ်မူတည်ပြီး Coffee အနံ့/ အရသာ ကောင်းကောင်းရရှိစေမှာဖြစ်ပါတယ်။ Adjust လုပ်တဲ့အချိုးအစား အကြိုက်တွေ့ပြီဆိုရင်လည်း နောက်ထပ်ဖျော်ရင် ဒီအရသာပဲဖြစ်နေအောင်လို့ App ထဲမှာ Collect အနေနဲ့ မှတ်သားထားလို့ရပါတယ်။
App ရဲ့ Settings ထဲမှာကတော့ စက်နဲ့ပတ်သက်တဲ့ အခြား Functions တွေ အများကြီးပါဝင်ပါတယ်။ System Update လုပ်လို့ရတာတွေ၊ Reset လုပ်လို့ရတာတွေ စတာတွေလည်းပါဝင်ပါတယ်။ အဲ့ဒီအပိုင်းတွေလုပ်ရင်တော့ တစ်ချက်သတိပြုစေလိုပါတယ်ခင်ဗျာ။ System Update လုပ်ရင်း မီးပျက်သွားတာတို့ ဘာတို့ဖြစ်ရင် Power ပြန်မတက်တော့တာမျိုးတွေဖြစ်နိုင်တဲ့အတွက်ပါ။
ကဲ... စက်တွေအကြောင်းပြီးသွားပြီဆိုတော့ Coffee Capsule လေးတွေအကြောင်း ဆက်ပြောရအောင်၊ ဒီ Capsule Coffee Machine နှစ်ခုစလုံးရဲ့ Packing Box ထဲမှာ CAFE LIEGEOIS တံဆိပ် Subtil (10 Capsules) နဲ့ Mandheling (10 Capsules) ပါဝင်ပြီးသားဖြစ်ပါတယ်။ Starbucks Coffee ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ဆိုင်မှာ Starbucks Coffee Capsule လေးတွေရောင်းပေးပါတယ်ခင်ဗျာ။
ကျွန်တော်တို့ဆိုင်မှာရရှိနိုင်တဲ့ Starbucks အမှတ်တံဆိပ် Capsule လေးတွေကတော့ - Decaf Espresso Roast, Espresso Roast, Holiday Blend Limited Edition, House Blend LUNGO, Single Origin Coffee Colombia, Single Origin Coffee Sumatra တို့ဖြစ်ပြီး တစ်ခုချင်းစီရဲ့ အနံ့/ အရသာကို စမ်းသပ်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင်လို့ Capsule တစ်ခုချင်းစီကို ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူသောက်သုံးနိုင်သလို ဗူးလိုက် (10 Capsules) လည်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
➧ Mijia Capsule Coffee Machine - 105,000 MMK
➧ Mijia SCISHARE Smart Capsule Coffee Machine - 170,000 MMK
.
◉ Starbucks Coffee Capsules
- ❱ Decaf Espresso Roast - 1,200 MMK/ Capsule
- ❱ Espresso Roast - 1,200 MMK/ Capsule
- ❱ Holiday Blend Limited Edition - 1,300 MMK/ Capsule
- ❱ House Blend LUNGO - 1,200 MMK/ Capsule
- ❱ Single Origin Coffee Colombia - 1,200 MMK/ Capsule
- ❱ Single Origin Coffee Sumatra - 1,200 MMK/ Capsule