ရေသန့်ဗူးကြီးတွေမှာ တပ်ဆင်အသုံးပြုဖို့...

Date: 30/12/2020

အိမ်သုံး Gadget ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Gadget လေးက သောက်ရေသန့်ဗူးကြီးတွေမှာ တပ်ပြီးသုံးရမယ့် ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ စျေးကွက်ထဲက ရေသန့်ဗူးကြီးတွေရဲ့ Bucket Size အတော်များများနဲ့လည်း တပ်သုံးလို့ရတယ်။ Water Pump ဖြစ်တာမို့ Battery ပါတယ်၊ USB Charging လုပ်ပြီး အသုံးပြုလို့ရတယ်။

Xiaomi ကထုတ်ထားတာဖြစ်ပြီး တချို့ ရေခေါင်းပါတဲ့ ရေသန့်ဗူးကြီးတွေဖြစ်စေ၊ ရေခေါင်းမပါတဲ့ ရေသန့်ဗူးကြီးတွေမှာဖြစ်စေ တပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဒီ Gadget လေးက သူ့ထဲမှာ ရေကိုသိုလှောင်ထားတာမျိုးမရှိတာကြောင့် အထဲမှာ Bacterial တွေပေါက်ပွားခြင်းကိုလည်း တားဆီးပေးနိုင်တယ်။ အားပြင်းတဲ့ Motor ပါဝင်တာမို့ ချက်ခြင်းရေထုတ်ပေးနိုင်ပါတယ်။ အသုံးပြုထားတဲ့ Materials တွေကလည်း Food-grade တွေပဲမို့ ကျန်းမာရေးအတွက်လည်း Safe ဖြစ်ပါတယ်ခင်ဗျာ။

Battery ပါဝင်တာမို့ အားပြည့်နေရင် 150 Liters ရှိတဲ့ရေသန့်ဗူးထဲကရေကို ထုတ်ပေးနိုင်တဲ့အထိ အသုံးပြုနိုင်တယ်။ Micro USB Cable ကြိုးနဲ့ အလွယ်တကူပြန်အားသွင်းနိုင်ပြီး အားပြန်ပြည့်ဖို့အချိန် (၃) နာရီခန့်ကြာမြင့်မှာဖြစ်ပါတယ်ခင်ဗျာ။ Battery အားကုန်တော့မယ်ဆိုတာကိုလည်း Indicator လေးက အနီရောက်လေးပြပေးမှာဖြစ်တာမို့ အလွယ်တကူသိရှိနိုင်ပါတယ်ခင်ဗျာ။

➧ Xiaomi Automatic Water Pump - 18,000 MMK

Top