VoLTE ဆိုတာဘာလဲ ? သူက ဘာတွေပိုကောင်းလဲ ?

Date: 21/08/2019

အားလုံးပဲမင်္ဂလာပါခင်ဗျ...

အခုရက်ပိုင်း VoLTE နဲ့ပါတ်သတ်ပြီး လူပြောများနေကြပါတယ်။ တချို့လည်း သိပြီးဖြစ်သလို၊ တချို့လည်း VoLTE ကဘာလဲဆိုတာ သိချင်နေကြမှာပါ။ ပြည်တွင်းက Operator တွေမှာတောင် VoLTE ပြောင်းဖို့ SMS တွေ ပို့တာတွေရှိပါတယ်။ ဆိုတော့ VoLTE ဆိုတာဘာလဲနဲ့ VoLTE အသုံးပြုလို့ရမယ့် Handset လေးတွေအကြောင်း ပြောပြပေးပါမယ်ခင်ဗျာ။

VoLTE ဆိုတာဘာလဲ ?

VoLTE ရဲ့ အရှည်ကောက်က Voice over Long-Term Evolution ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ပြည်တွင်းမှာ ဖုန်းခေါ်ဆိုမှုတွေပြုလုပ်တဲ့အခါ 2G/ 3G Network အနေနဲ့ ခေါ်ဆိုတာဖြစ်ပါတယ်။ VoLTE က အဲ့လိုမဟုတ်ပဲ 4G/ LTE Network ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်တခုဖြစ်ပါတယ်။ ဒါ့အပြင် VoLTE က IMS (IP Multimedia Service) နည်းပညာကိုအသုံးပြုထားတာကြောင့် 4G/ LTE Network ကနေ IP (Internet Protocol) ပေါ်မှာ အခြေခံထုတ်လွှင့်ပေးတဲ့ Digital Packet ဖုန်းခေါ်ဆိုတာမျိုးဖြစ်ပါတယ်။ ဒါကြောင့် VoLTE စနစ်နဲ့ဆိုရင် 4G/ LTE Network ထောက်ပံ့ပေးတဲ့ Internet Data အတိုင်း ဖုန်းခေါ်ဆိုခြင်းကိုလည်း ထောက်ပံ့ပေးထားတာကြောင့် ပုံမှန် 2G/ 3G Network တွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုကောင်းမွန်မှာအမှန်ပါပဲ။

ဒါကတော့ VoLTE အကြောင်းပဲဖြစ်ပါတယ်။ ဆိုတော့ တချို့အမြင်လွဲနေကြတာလေးတွေတော့ရှိပါတယ်။ ဘာလည်းဆိုတော့ မိမိဖုန်းက 4G/ LTE Network အလုပ်လုပ်တယ်။ ဒါပေမယ့် VoLTE မရလို့ ပြောကြ၊ မေးကြပါတယ်။ ဆိုတော့ 4G/ LTE Supported ဖုန်းဖြစ်ပေမယ့် VoLTE ရမှာမဟုတ်ပါ။ VoLTE Compatible ဖြစ်တဲ့ Smartphone ပဲ VoLTE စနစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

4G/ LTE နဲ့ VoLTE ဘာကွာတာလဲ ?

ဒါဆို 4G/ LTE နဲ့ VoLTE နဲ့ ဘာကွာတာလဲ သိချင်ကြဦးမှာပါ။ သူတို့နှစ်ခုက Network တူပေမယ့် အဓိက ဘာတွေကွာခြားသွားတာလဲဆိုတော့ LTE အရှည်ကောက်က Long-Term Evolution ဖြစ်ပါတယ်။ VoLTE အရှည်ကောက်က အပေါ်မှာပြောခဲ့တဲ့အတိုင်း Voice over Long-Term Evolution ဖြစ်ပါတယ်။ LTE ဆိုတာ တနည်းအားဖြင့် 4G Network ပါပဲ။ High-Speed Internet Connection ကို CAT 4 Band နဲ့ထောက်ပံ့အသုံးပြုနိုင်ပါတယ်။ VoLTE ဆိုတာကျတော့ HD Voice Call ဖြစ်တာကြောင့် ပုံမှန် 2G/ 3G Network ထက်ပိုမိုပြီး အသံ Quality ကောင်းမွန်မှာဖြစ်ပါတယ်။

ဒါကြောင့် 4G/ LTE Support ဖြစ်တဲ့ ဖုန်းမှန်ပေမယ့် VoLTE Support မရတဲ့ဖုန်းတွေ အများကြီးရှိပါတယ်။ VoLTE Support Compatible မဖြစ်ပဲ 4G/ LTE Support ဖုန်းမှာ VoLTE စနစ်ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူးခင်ဗျာ။

မိမိဖုန်းမှာ VoLTE ရ/ မရ ဘယ်လိုစစ်မလဲ ?

Qualcomm Chipset အသုံးပြုထားတဲ့ Android ဖုန်းမှာဆိုရင် *#*#4636#*#* ကို Dial ကနေခေါ်လိုက်ပါ။ Phone Information မှာ LTE လား VoLTE Support လား စသဖြင့် Check လုပ်လို့ရပါတယ်။ VoLTE Provisioned Flag ကို Enable/ Select လုပ်လို့ရတဲ့ဖုန်းဆို VoLTE ရပါတယ်။

အခြား Chipset သုံးထားတဲ့ Android ဖုန်းတွေဆိုရင်တော့ Settings ကိုသွားပါ။ More SIM & Network မှာ VoLTE Switch လုပ်လို့ရတဲ့ ခလုတ်လေးပါပါတယ်။

VoLTE သုံးလို့ရဖို့က အဲ့လိုလုပ်ရုံတင်မရသေးပါဘူး။ မိမိအသုံးပြုတဲ့ Operator ကိုလည်း VoLTE Request လုပ်ဖို့လိုပါဦးမယ်။ မြန်မာပြည်က ဆက်သွယ်ရေး Operator ကြီး (၄) ခုမှာ VoLTE Support ဖြစ်တဲ့ Operator (၂) ခုရှိပါတယ်။ Telenor နဲ့ MyTel ဖြစ်ပါတယ်။ မိမိဖုန်းက VoLTE Support ဖြစ်ပေမယ့် ဖုန်းမှာ VoLTE ရ၊ မရဆိုတာက မိမိသုံးတဲ့ ဆက်သွယ်ရေး Operator အပေါ်လည်း မူတည်ပါသေးတယ်ခင်ဗျာ။

Telenor Operator အသုံးပြုသူများအနေနဲ့ VoLTE Support ဖြစ်တဲ့ ဖုန်းကနေ Dial ကိုဖွင့်ပြီး *979*5*8# ကို ဖုန်းခေါ်ဆိုပါ။ ပြီးရင် 2 ကိုရွေးပေးပြီး VoLTE Request လုပ်နိုင်ပါတယ်။ MyTel ကတော့ SAMSUNG နဲ့ Huawei VoLTE Supported Handset တွေအတွက် Auto အလုပ်လုပ်ပါတယ်။ ဒါကြောင့် မိမိဖုန်းက VoLTE Support ဖြစ်ပေမယ့် မိမိဖုန်းမှာ VoLTE မရရင်တော့ သက်ဆိုင်ရာ ဆက်သွယ်ရေး Operator တွေရဲ့ Hotline Number လေးတွေကတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 

Top