Electric Shaver ကောင်းကောင်း အသုံးပြုချင်သူတွေအတွက်...

Date: 24/12/2020

ကျွန်တော်တို့အမျိုးသားတွေမှာ တစ်ပတ်တစ်ခါလောက် အလုပ်တစ်ခုအနေနဲ့ အချိန်ပေးရတာကတော့ မုတ်ဆိတ်မွှေးနဲ့ နှုန်ခမ်းမွှေးပါပဲ :3 အစကတော့ လှချင်လွန်းလို့/ ခန့်ချင်လွန်းလို့ ပေါက်အောင်လုပ်လိုက်တာပဲ၊ နောက်မှ ဘယ်လိုမှကို မနိုင်တော့ဘူး :3 အထာကျကျနဲ့ အဲ့ဒီ ပြဿနာတွေအားလုံးရှင်းသွားအောင် Shaver ကောင်းကောင်း အသုံးပြုချင်သူတွေအတွက် Xiaomi Electric Shaver လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Electric Shaver ဖြစ်တာမို့ သုံးရတာလည်းလွယ်ကူတယ်၊ သာမာန်မုတ်ဆိတ်ရိပ်ဓားတွေထက် အများကြီးပိုအဆင်ပြေတယ်။ Safe ဖြစ်တယ်။ ဘယ်သွားသွား ခရီးသွားရင်ကအစ Travel Lock Function ပါလို့ အလွယ်တကူသယ်သွားလို့ရသလို အရေးပေါ်လိုအပ်လာရင် Shaver Cream သုံးစရာမလိုပဲလည်း အသုံးပြုလို့ရတာကြောင့် အတော်လေးအဆင်ပြေသွားစေမယ်။

အသုံးပြုပြီးလို့ ခေါင်းဖြုတ်ဆေးကြောရတာလည်း လွယ်ကူတယ်။ အားသွင်းသုံးရတာဖြစ်တာမို့ တခါသွင်းထားရင် မိနစ် (၆၀-၉၀) လောက်ထိ အချိန်ကြာကြာအသုံးခံတယ်။ နှစ်မျိုးစလုံးက USB Type-C Charging နဲ့ဖြစ်ပြီး S300 နဲ့ S500 အဓိကကွာခြားသွားတာကတော့ Design ပိုင်းနဲ့ Battery Capacity လောက်ပဲ ကွာသွားပြီး ကျန်တဲ့လုပ်ဆောင်ချက်တွေကတော့ အတူတူပါပဲ။

➧ Mijia Electric Shaver S500 - 45,000 MMK

➧ Mijia Electric Shaver S300 - 27,000 MMK


Top