Battery Dead ဖြစ်ပြီး စက်နှိုးမရဖြစ်နေပြီလား...?
ကားအတွင်းမီး၊ အပြင်မီးတွေကို ပိတ်ဖို့မေ့နေခဲ့တာဖြစ်ဖြစ်၊ Battery သုံးတာကြာလို့ သိပ်မကောင်းတော့တာမျိုးဖြစ်ဖြစ်၊ Battery ကြိုးခေါင်းမှာ ဆားပေါက်နေတာ၊ မလွတ်တလွတ်ဖြစ်နေတာ၊ Battery Charging System ချို့ယွင်းနေတာ နဲ့ ရာသီဥတု ပူလွန်း၊ အေးလွန်းတာမျိုးတွေဖြစ်ရင် Battery Dead ဖြစ်ပြီး စက်နှိုးမရတာမျိုးဖြစ်တတ်ပါတယ်။ အခုမိတ်ဆက်ပေးမယ့် ပစ္စည်းလေးကတော့ အဲ့ဒီလိုပြဿနာမျိုးတွေဖြစ်လာခဲ့ရင် လွယ်လွယ်ကူကူနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မယ့် Gadget လေးဖြစ်ပါတယ်။
70mai ကနေထုတ်လုပ်ထားပြီးတော့ ကားပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ပဲဖြစ်ဖြစ် Emergency Booster လုပ်ပေးနိုင်တဲ့ 70mai Car Jump Starter လေးပဲဖြစ်ပါတယ်။ 11,000mAh Battery Power Bank ဖြစ်ပေမယ်လို့ 12V Vehicles တွေအတွက် Designed လုပ်ထားပြီး 4.0L Gas နဲ့ 2.0L Diesel Engines အသုံးပြုထားတဲ့ Cars, SUV, Motorcycles, Trucks စသည်တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
3.0L Vehicle တွေမှာဆိုရင် တစ်ကြိမ်အားအပြည့်သွင်းထားတာနဲ့ အကြိမ် (40) ထိ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ Battery Power Bank ဖြစ်တာမို့ Protection စနစ် (၈) မျိုးနဲ့ Sefety ဖြစ်အောင်လည်း စနစ်တကျပြုလုပ်ထားပေးပါတယ်။ Vehicle တွေအတွက်တင်မကပဲ Power Bank ဖြစ်တာမို့ Smartphone, Tablets စတဲ့ Electronic Devices တွေကိုပါ အားသွင်းနိုင်ပါတယ်။
အရွယ်အစားလေးကလည်း သာမာန် Power Bank သာသာလောက်ပဲရှိတာမို့ ဘယ်သွားသွား အလွယ်တကူသယ်သွားလို့ရတာကြောင့် လမ်းခရီးမှာ မတော်တဆ Battery Problem ဖြစ်ခဲ့ရင်တောင် ပုံမှန်လုပ်နေကျ Battery ထောက်နှိုးဖို့ အချိန်ကြာကြာ လိုက်ရှာနေရတာတို့၊ စောင့်နေရတာတို့၊ ငှားခ စျေးကြီးပေးရတာတို့၊ လူပြတ်တဲ့နေရာမျိုးတွေမှာဆိုရင် စိတ်ပူရတာတို့ကို သက်သာသွားစေမှာဖြစ်ပါတယ်။
အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပါတယ်။ Jump Starter ကို သူ့မှာပါတဲ့ Cable နဲ့ချိတ်မယ်၊ Cable မှာပါတဲ့ ဖြူ/ နက် ကြိုးကို Vehicle ရဲ့ Battery မှာ +/ - မှန်အောင်တပ်မယ်၊ ပြီးတာနဲ့ စက်နှိုးလိုက်ရုံပါပဲခင်ဗျာ။ ကားပဲ ဖြစ်ဖြစ်၊ ဆိုင်ကယ်ပဲဖြစ်ဖြစ် ရှိသူတိုင်း ဆောင်ထားသင့်တာမို့ အခုပဲ Gadget Store by Win Mobile World ကို လာခဲ့လိုက်တော့နော်။
➧ 70mai Jump Starter - 69,000 MMK
⁍ 6 Months Warranty Included