သားသားမီးမီးတို့ရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေ မြင့်လာစေဖို့...
အသက် (၆) နှစ်နဲ့အထက် မိမိတို့ရဲ့ကလေးငယ်တွေကို ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်လာစေဖို့အတွက် Xiaomi ကနေထုတ်လုပ်ထားတဲ့ Lego အရုပ်လေး (၂) မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ တကယ်တော့ Lego ဆက်တာက ကလေးကစားစရာအရုပ်ဆိုတာထက် အများကြီးပိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ အရွယ်ရောက်ပြီးသားသူတွေတောင် Lego ဆက်ပြီး စားပွဲတွေ/ စင်တွေပေါ်မှာ အလှတင်ထားတတ်ကြပါတယ်။
နောက်ထပ်အားသာချက်ကတော့ မိမိတို့ရဲ့ ကလေးငယ်တွေဟာ ဒီဘက်ခေတ်မှာ Phone တွေ Tablet တွေ အသုံးများလာတာကြောင့် သားသားမီးမီးတို့ရဲ့ Screen Time များနေတာတွေကို လျှော့ချဖို့အတွက် အသုံးပြုမယ်ဆိုရင်လည်း အလွန်အသုံးဝင်မှာပါ။ Blocks အစိတ်အပိုင်းတခုချင်းစီကို အသေးစိတ်သေချာလေး ဆက်ကစားရတာမို့ သားသားမီးမီးတွေရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာစေမှာအမှန်ပါခင်ဗျာ။
ဒီ (၂) မျိုးကွာခြားချက်ကတော့ တစ်ခုက တင့်ကားပုံစံဖြစ်ပြီး Blocks အစိတ်အပိုင်း 480+ ပါဝင်ပါတယ်။ နောက်တစ်ခုကတော့ ယာဥ်ပျံပုံစံမျိုးဖြစ်ပြီး Blocks အစိတ်အပိုင်း 580+ ပါဝင်ပါတယ်ခင်ဗျာ။
➧ Xiaomi Lego PCS 480+ - 28,000 MMK➧ Xiaomi Lego PCS 580+ - 49,000 MMK