ကံကိုယုံပြီး ဆူးပုံမနင်းလိုက်ပါနဲ့ !!!

Date: 03/08/2019

ကျွန်တော်တို့ Win Mobile World ရဲ့ အားပေးသူမိတ်ဆွေများ iPhone တွေမှာ iPhone 7 & 7 Plus ကနေစတင်ပြီး iPhone တွေရဲ့ IP67/ IP68 Standard Water Resistant အကြောင်းကို သိပြီးသားဖြစ်မယ်ထင်ပါတယ်ခင်ဗျ။

ဟိုးယခင်ကတည်းက ထွက်ရှိခဲ့တဲ့ ရေစိုခံတဲ့ ဖုန်းတွေမှာ IP (International Protection) Code တွေမှာ သူ့အဆင့်လိုက် သူ ရေစိုခံမှုတွေ ဖုန်ဒဏ်တွေကို ခံနိုင်မှုတွေ စသဖြင့်စသဖြင့်တွေ ရှိပါတယ်။ ဘယ်လောက်ပဲ ရေစိုခံပါတယ်ပြောပြော ရေစိုတာကြောင့် (အရည်ကြောင့်) ဖြစ်တဲ့ ပျက်စီးမှုတွေကို အာမခံ (Warranty) မပေးကြပါဘူး။ IP67/ IP68 စတာတွေက အသင့်ရှိပြီးသား ဓါတ်ခွဲခန်းထဲမှာ စံချိန်စံညွှန်းတစ်ခုအနေနဲ့ စမ်းသပ်ထားတာပဲဖြစ်ပါတယ်။ အပြင်မှာ လက်တွေ့တကယ် အသုံးပြုမယ်ဆိုရင်တော့ ကွဲပြားခြားနားမှုတွေရှိနိုင်ပါတယ်ဆိုပြီး အားလုံးက ပြောထားကြပါတယ်။

iPhone တွေဟာ ရေနှင့်ဖုန်မှုန့်များကို ခံနိုင်ရည်ရှိသည်ဟုဆိုရာတွင် IP67 (1 Meter ~ 30 Mins) IP68 (More than 1 Meter) စံနှုန်းသတ်မှတ်ချက်အတိုင်း ဓါတ်ခွဲခန်းတွင်းစမ်းသပ်ထားခြင်းသာဖြစ်ပါသည်။ အမှန်တကယ်သုံးစွဲရာတွင် ၎င်းထက် ခံနိုင်ရည်ပိုမိုလျော့နည်းနိုင်ပါသည်။ ရေစိုနေသော iPhone များကို ချက်ချင်းအားမသွင်းရန်နှင့် User Guide တွင်ပါဝင်သော ခြောက်သွေ့အောင် ပြုလုပ်ရန်နည်းလမ်းများအတိုင်း ပြုလုပ်ရန်လိုအပ်ပါသည်။ အရည်များကြောင့်ဖြစ်သော ပျက်စီးမှုများအား Apple မှ Warranty တွင်အကျုံးဝင်မည် မဟုတ်ပါ။

ဒါကြောင့်မို့ ကျွန်တော်တို့ Win Mobile World ရဲ့ မိတ်ဆွေတွေအနေနဲ့ မိမိတို့ တန်ဖိုးထားရတဲ့ iPhone တွေနဲ့ အခြား Water Resistant ဖြစ်တဲ့ Devices တွေကို သင်္ကြန်တွင်းအသုံးပြုတဲ့အခါဖြစ်စေ၊ ရေစိုနိုင်တဲ့ နေရာတွေမှာဖြစ်စေ သတိလေးချပ်ပြီး အသုံးပြုစေချင်ပါတယ်ခင်ဗျ။

Smartphone တစ်လုံးဟာ တန်ဖိုးအားဖြင့်လည်း ကြီးမြင့်သလို ငွေကြေးထက်ပိုတန်ဖိုးရှိတာက ဖုန်းထဲမှာရှိတဲ့ မိမိတို့ရဲ့ Data တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ Win Mobile World ရဲ့ အားပေးသူမိတ်ဆွေများ မိတ်ဟောင်းမိတ်သစ်များအနေနဲ့ မိမိတို့ဖုန်းက ရေစိုခံတယ် IP67/ IP68 ဆိုပြီး *ကံကိုယုံပြီး ဆူးပုံမနင်းလိုက်ပါနဲ့ခင်ဗျာ*

အခြားဖုန်းများအနေဖြင့်လည်း ရေစိုသွားတယ်၊ ရေထဲပြုတ်ကျသွားတယ်ဆိုရင် -

• ဖုန်းကို ချက်ချင်း ပါဝါပိတ်လိုက်ပါ။ Battery ဖြုတ်လို့ရသောဖုန်းဆိုလျှင် ဖြုတ်ပါ။

• ဖုန်းရဲ့ဘေးနားနဲ့ ဖုန်းတစ်လုံးလုံးကို အဝတ်နဲ့သေချာစွာသုပ်ပါ။

Hair Dryer များဖြင့် မမှုတ်မိပါစေနဲ့ (အရေးကြီးပါတယ်) မိတ်ဆွေတို့ ဖုန်းကို Dryer များဖြင့် မူတ်သောကြောင့် LCD များပျက်ခြင်း၊ IC များ အပူကြောင့် ခဲကြွပြီး ဘယ်လိုမှ ပြန်ပြင်လို့မရအောင် ဖြစ်တတ်ပါတယ်။

ဆန်အိုးထဲ ကြာမြင့်စွာ မထားပါနဲ့။ ဆန်အိုးထဲ ကြာမြင့်စွာထားထားပါက ရေဂျိုး များတက်ကာ ဆားပေါက်ပြီး ဘယ်လိုမှ ပြန်ပြင်လို့ မရအောင် ဖြစ်ပြီး အဲ့ဒီရေဂျိုးက မိတ်ဆွေတို့ကို ဖုန်းတစ်လုံး အသစ်ပေးပါလိမ့်မယ်။

• ဖုန်းကိုခဏပါဝါပိတ်ထားပြီး ပြန်ဖွင့်ကြည့်တာမျိုး၊ ရေမခြောက်သေးပဲ ဖုန်းကို ပါဝါဖွင့်ပြီး စမ်းတာမျိုး မလုပ်လိုက်ပါနဲ့။ ရေဝင်ဖုန်း အများစု ပြင်မရအောင် ပျက်ရခြင်း အဓိက အကြောင်းမှာ ပါဝါသွားဖွင့်ကြည့်တာ ပါပါတယ်။ ဖုန်းတစ်လုံး စက်စပြီး Run ဖို့ဆိုရင် ပါဝါခလုပ်နှိပ်လိုက်တာနဲ့ အဓိကဓာတ်ခဲမှ အားကို ယူကာ ပါဝါအိုင်စီများ၊ eMMC များ၊ CPU များသို့ အလိုအလျှောက် Stand by Volt များပေးသောကြောင့် Volt ထွက်သော နေရာများ အချိန် မိနစ် အနည်းအတွင်းကို ဆားတန်းပေါက်ပါတယ်။ ပိုကြာကြာဖွင့်ထားလေ ပိုပျက်လေပါ။ အဓိက High Volt များထွက်သော Backlight ပိုင်းများ Short ကျကာ ပြင်မရအောင် ဖြစ်တတ်ပါတယ်။

• မိမိတို့ နီးစပ်ရာ Service Center (သို့) Mobile Phone Service တွေမှာ ရေဝင်တာ ဘယ်လောက်ကြာပြီဆိုတာကို ပြောပြီး Service ပြသပါ။ (အချိန်ကြာမြင့်သွားပါက အညှိတွေဖြစ်ပြီး ပြင်မရတဲ့ထိ ဖြစ်နိုင်တာမျိုးတွေလည်း ရှိတတ်ပါတယ်ခင်ဗျ)

ကျနော်တို့ Win Mobile World ကကော ရေဝင်တာကို ဘာလုပ်ပေးနိင်သလဲ ??

ကျွန်တော်တို့ ပြုပြင်ပေးပါတယ်။ လဲလှယ်ဖို့လိုအပ်သော ဖုန်းအစိတ်အပိုင်းများ လဲပေးပါတယ်။ ကျွန်တော်တို့ Win Mobile World မှ ဝယ်ယူထားသော Devices များအနေနဲ့ Circuit Board များဖြုတ်ဆေးရုံဖြင့် ကောင်းသွားပါက (ပစ္စည်းအစိတ်အပိုင်းများ လဲစရာ မလိုပါက) Win Mobile World ကိုအားပေးသော မိတ်ဆွေများကို ကျေးဇူးတုန့်ပြန်သော အနေဖြင့် အခကြေးငွေ မယူပဲ Services ပေးပါတယ်။ ပစ္စည်းအစိတ်အပိုင်းများ လဲစရာလိုပါကလည်း အတတ်နိုင်ဆုံး ဈေးအသက်သာဆုံးဖြင့် ဆောင်ရွက်ပေးပါတယ်ဆိုတာကိုပါ သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ 

Top