လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေးဆော့ကစားနိုင်တဲ့ Mi Smart Rubik's Cube...

Date: 22/12/2020

ဒီကစားစရာပစ္စည်းလေးကို Rubik's Cube လို့ ဘာလို့ခေါ်တာလည်းဆိုတော့ ၁၉၇၄ ခုနှစ်မှာ Ernő Rubik ဆိုတဲ့သူက တီထွင်ခဲ့လို့ သူ့ရဲ့နာမည်ကိုအစွဲပြုပြီး Rubik's Cube လို့ခေါ်တာဖြစ်ပါတယ်။ အခု Xiaomi ကနေထုတ်လုပ်ထားတဲ့ Quality ကောင်းတဲ့ Mi Smart Rubik's Cube လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။

Mi Smart Device ဖြစ်တာမို့ Bluetooth နဲ့ App နဲ့ချိတ်ဆက်ပြီးတော့ Control လုပ်လို့ရသွားပါမယ်။ Rubik's Cube ထဲမှာတော့ CR1632 Battery တလုံးထည့်ပေးရမယ်။ Battery သက်တမ်းကလည်း တနေ့ (၁) နာရီပဲ သုံးမယ်ဆိုရင် (၁) နှစ်လောက်ထိခံနိုင်တယ်လို့ဆိုပါတယ်။ App နဲ့ချိတ်ဆက်ပြီး အသုံးပြုလို့ရတာကြောင့် အခုမှစဆော့မယ့်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။
Packing Box ထဲမှာပါတဲ့ Instruction စာရွက်ထဲက QR Code လေးကို Scan ဖတ်ပြီး Mi Smart Magic Cube ဆိုတဲ့ App လေးကို Download လုပ်ပြီး App မှာပြတဲ့အတိုင်း အလွယ်တကူချိတ်ဆက်ပေးရုံပါပဲ။ ချိတ်ဆက်တဲ့နေရာမှာ မိမိတို့ရဲ့ Mi Account Login ဝင်ပေးဖို့လိုပါမယ်။ ပြီးတာနဲ့ App ထဲမှာ Solver, Tutorial, Timer ဆိုတဲ့ Options (၃) ခုတွေ့ရမှာဖြစ်ပြီး၊ Rubik's Cube မှာ လှုပ်ရှားသမျှ App မှာပါမြင်တွေ့ရမှာပါ။
Rubik's Cube ကို ဘာလို့ဆော့ကြတာလည်းလို့ဆိုရင် ငယ်စဥ်ကတည်းက ဆော့ကစားကြတဲ့ ကလေးငယ်တွေမှာ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုမြှင့်တင်ပေးရုံသာမက ဖြတ်ထိုးဉာဏ်ကောင်းစေတယ်၊ မှတ်ဉာဏ်ကောင်းစေတယ်၊ နောက်ပြီး Rubik's Cube ဆော့တာမှာ အသက်အရွယ်ကန့်သတ်ထားတာမျိုးမရှိတာကြောင့် လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေးဆော့ကစားနိုင်ပါတယ်။
ကျွန်တော်တို့မိတ်ဆွေများ Facebook တို့ YouTube တို့မှာ တွေ့ဖူးကြမှာပါ။ တရုတ်ပြည်က အသက် (၁၃) နှစ်အရွယ်ခန့်ရှိတဲ့ Que Jianyu ဆိုတဲ့ကလေးက Rubik's Cube ကို ရိုးရိုးဆော့တာတောင်မဟုတ်ပါဘူး။ Rubik's Cube (၃) ခုကို Whilst Juggling လုပ်ပြီးတော့ ဖြေရှင်းပြသွားတာ စုစုပေါင်းကြာချိန် (၅) မိနစ်နဲ့ ၂ စက္ကန့်ကျော်ပဲကြာခဲ့ပြီး အမြန်ဆုံး မှတ်တမ်းဝင်ခဲ့ပါတယ်။
Rubik's Cube စပြီးကစားတော့မယ်ဆိုရင် သူ့မှာပါတဲ့ Pieces လို့ခေါ်တဲ့ အစိတ်အပိုင်းလေးတွေကို အခြေခံနားလည်ထားဖို့လိုပါတယ်။ Rubik's Cube တခုမှာ မတူညီတဲ့အရောင်မျက်နှာပြင် (၆) ဘက်ပါဝင်ပါတယ်။ မျက်နှာပြင်တဖက်စီမှာရှိတဲ့ Pieces လေးတွေရဲ့ အလွယ်ဗဟိုမှာရှိတဲ့ Piece ကို Center Piece လို့ခေါ်ပါတယ်။ အဲ့ဒီ Center Piece ကအရောင်က မျက်နှာပြင်အရောင်ကို ကိုယ်စားပြုတာဖြစ်ပါတယ်။
အဲ့ဒီလိုပဲ Rubik's Cube တခုမှာပါဝင်တဲ့ Center Piece, Edge Piece, Corner Piece တွေကိုကောင်းကောင်းနားလည်ပြီး တဖက်တချက်စီကို အရောင်တူအောင်လုပ်နိုင်ပြီဆိုရင် Rubik's Cube ကို ဖြေရှင်းနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
➧ Mi Smart Rubik's Cube - 25,000 MMK

Top