မီး အဖွင့်/ အပိတ် ထလုပ်ရမှာ ပျင်းနေပြီလား...?

Date: 16/12/2020

အိမ်တွင်းသုံး Gadget ပစ္စည်းကောင်းလေးတခုဖြစ်တဲ့ Yeelight LED Buld 1S (Color) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီမီးလုံးလေးက 16 Million Color ကြိုက်တဲ့အရောင် ပြောင်းလဲအသုံးပြုနိုင်တယ်။ အိမ်မှာသုံးတဲ့ WiFi နဲ့လည်း ချိတ်ဆက်ထားလို့ရတယ်။ အသံနဲ့ခိုင်းချင်ရင် Voice Control ပါရတယ်၊ ဖုန်းကနေခိုင်းဦးမလား App Control ပါရတယ်။ အခန်းထဲမှာ Club ထဲရောက်သွားလို့ အရောင်တွေကို သံစဥ်အလိုက် သူ့ဘာသာပြောင်းလဲချင်ရင်လည်း Music Sync ပါလုပ်လို့ရပါတယ်။

သူ့ရဲ့အဓိကအားသာချက်တခုရှိပါသေးတယ်။ အဲ့ဒါကတော့ အိမ်မှာလက်ရှိသုံးနေတဲ့ လျှပ်စစ်မီးသီးတွေထက် ပါဝါစားသက်သာတာပါပဲ။ Smart Home Gadget ပစ္စည်းဖြစ်တာမို့ Apple HomeKit တို့ Google Assistant တို့ Siri တို့နဲ့လည်း Control လုပ်လို့ရပါတယ်။

မီးအလင်းရောင်ကိုလည်း မိမိစိတ်ကြိုက် ရာသီဥတုအနေအထား၊ ပတ်ဝန်းကျင်အနေအထား၊ နေ့/ ည အနေအထားအပေါ်မူတည်ပြီး မိမိစိတ်ကြိုက် ပြောင်းလို့ရသလို၊ ညအိပ်မီးပုံစံမျိုးလည်း သုံးလို့ရပါတယ်။​ Yeelight Apps နဲ့သုံးပြီး အဝေးကနေပါ Control လုပ်လို့ရတာမို့ မီးပိတ်ခဲ့ဖို့မေ့နေရင်တောင် အဝေးကလှမ်းပိတ်လို့ရပါတယ်။

အိပ်ခန်းထဲမှာ ဒီမီးလုံးသုံးထားရင်လည်း အိပ်ယာဝင်ချိန်/ အိပ်ယာထချိန်တွေအတွက်လည်း မီးအဖွင့်အပိတ်ကို ကိုယ်တိုင်ထလုပ်နေစရာမလိုပဲ၊ ဘယ်ချိန်မှာ အိပ်မယ်/ ဘယ်ချိန်မှထမယ်ဆိုတာ သတ်မှတ်ပေးထားရင် အိပ်ယာထချိန် မီးလင်းလာမယ်၊ အိပ်ချိန်ရောက်ရင် မီးအလိုလိုပိတ်သွားမယ် စသည်ဖြင့် လုပ်ထားလို့လည်းရပါတယ်။

ဒီမီးလုံးလေးရဲ့ သက်တမ်းလေးကိုလည်းပြောပြပေးချင်ပါတယ်။ ခန့်မှန်း နာရီပေါင်း 25,000 အသုံးခံပြီး တစ်ရက်ကို (၃) နာရီ အသုံးပြုမယ်ဆိုရင် နှစ်ပေါင်း (၂၂) ကျော်အသုံးခံမှာဖြစ်ပါတယ်ခင်ဗျာ။ ကဲ... ဒီလောက်လန်းတဲ့ Gadget လေးကို အိမ်မှာသုံးဖို့အတွက် ခုပဲ Gadget Store by Win Mobile World ကို လာခဲ့လိုက်နော်။

➧ Yeelight LED Bulb 1S (Color) - 58,000 MMK

Top