စွယ်စုံသုံး Mijia Rubik's Cube Converter (Wired Edition)

Date: 16/12/2020

Rubik's Cube ဆိုလို့ ကျနော်တို့ဆော့နေကျ Rubik's Cube မဟုတ်ပါဘူးနော်။ ဒါက Rubik's Cube လိုမျိုး Square Cube Shaped Design နဲ့လုပ်ထားတဲ့ Power Strip ဖြစ်ပါတယ်။ ဒီဇိုင်းကလည်းဆန်းတယ်။ Portable လည်းဖြစ်တယ်။​ Quality ကလည်း Xiaomi ရဲ့ Majia မို့ စိတ်ချရတယ်။

ဒီ Power Strip ရဲ့ ရှေ့မျက်နှာစာမှာ USB Charging Port (၃) ခုပါဝင်ပြီး ကျန်တဲ့ တစ်ဖက်ဆီမှာတော့ Outlet Socket (၃) ခုပါဝင်ပါတယ်။ လျှပ်စစ်လုံခြုံရေးအတွက်လည်း ကာကွယ်တဲ့စနစ်ပါဝင်ပြီးသားဖြစ်ပါတယ်။​ USB Port တခုချင်းစီကလည်း 5V 2.1A Fast Charging ဖြစ်တယ်။

လျှပ်စစ်အန္တရာယ်အတွက် Overload Protection စနစ်ပါဝင်ပါတယ်။ Current 10A Max ကိုကျော်လွန်ပြီဆိုတာနဲ့ အလိုအလျောက် လျှပ်စစ်ဖြတ်တောက်ပစ်မှာဖြစ်ပါတယ်။ Portable ဖြစ်တာမို့ ခရီးတွေဘာတွေသွားရင်လည်း အလွယ်တကူသယ်သွားလို့ရတာမို့ တည်းခိုတဲ့နေရာမှာ အားသွင်းမရတဲ့ အခက်အခဲမျိုး မဖြစ်တော့ပါဘူး။

➧ Mijia Rubik's Cube Converter (Wired Edition) - 15,000 MMK

Top