အထာကျကျ အားသွင်းကြမယ်...

Date: 15/12/2020

Wireless Charger တွေ Brand အမျိုးမျိုးရှိတဲ့အထဲကမှ HUAWEI ကနေထုတ်လုပ်ထားတဲ့ Wireless Charger လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ 15W (Max) ထိ Supported ဖြစ်တာမို့ အားသွင်းရတာလည်း မြန်ဆန်ပါတယ်။ Qi Standard ဖြစ်တာမို့ Qi Supported ဖြစ်တဲ့ မည်သည့် Smartphone, Earbuds, Other Devices မှာမဆို အသုံးပြုနိုင်မှာပါ။

လျှပ်စစ်နဲ့ပါတ်သတ်တဲ့ အန္တရာယ်တွေအတွက် လုံခြုံစိတ်ချမှုရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI Wireless Charger လေးက Multi-Layer Safety Protection စနစ်ပါဝင်တာမို့ အဲ့ဒီပြဿနာတွေအတွက် စိတ်ချရစေမှာပါခင်ဗျာ။ နောက်ပြီးတော့ အရွယ်အစားလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ နေရာတကာအလွယ်တကူ သယ်ယူသွားနိုင်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာ။

Wireless Charger တွေနဲ့အားသွင်းတဲ့အခါ Smartphone Case/ Cover တွေတပ်သုံးရင် တချို့ Wireless Charger တွေက Case/ Cover တွေဖြုတ်ပြီးသွင်းမှ အလုပ်လုပ်ပါတယ်။ ဒီ HUAWEI Wireless Charger လေးကတော့ Case Compatibility ဖြစ်တာမို့ 5mm ဝန်းကျင်အထူရှိတဲ့ Case/ Cover တွေတပ်သုံးပြီးတော့ Wireless Charge လုပ်လို့ အဆင်ပြေနိုင်ပါတယ်ခင်ဗျာ။

နောက်ပြီးတော့ ဒီ HUAWEI Wireless Charger လေးမှာ Foreign Object Detection စနစ်ပါဝင်တာမို့ Keys (Eg; Car Keys), Coins တို့ အခြား သတ္တုပစ္စည်းပါဝင်တဲ့ ပစ္စည်းတွေ၊ ID Cards တွေနဲ့ ထိတွေ့လိုက်ရင် Overheating ကို ကာကွယ်ဖို့အတွက် အလိုအလျောက် Power-off လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

Charging သွင်းတဲ့အချိန်မှာလည်း Comprehensive Safety Protection စနစ်နဲ့ Build-in Chip ကြောင့် Output Power ကို အလိုအလျောက် ချိန်ညှိပေးပြီးတော့ ပြင်ပအပူချိန်နဲ့ Devices ရဲ့ Real-time Battery Percentage အပေါ်မူတည်ပြီး Power Output ပြုလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

ဒီ HUAWEI Wireless Charger လေးရဲ့ အားသွင်းပေးတဲ့မျက်နှာပြင်က Silicon Surface ဖြစ်တာမို့ Smartphone က Case/ Cover တပ်မသုံးလို့ပဲဖြစ်ဖြစ်၊ ပြောင်ချောနေရင်တောင် ပြုတ်ကျတာမျိုး၊ ချောကျတာမျိုးတွေ မဖြစ်စေတော့ပါဘူးခင်ဗျာ။

➧ HUAWEI Wireless Charger 15W - 39,000 MMK

Top