စာဖတ်တဲ့သူတွေအတွက် Table Lamp ကောင်းတစ်ခုလိုပါတယ်...

Date: 14/12/2020

စာဖတ်များတဲ့သူတွေ၊ ကွန်ပျူတာအသုံးများတဲ့သူတွေ၊ စာရေးတဲ့သူတွေ စသည်ဖြင့် စားပွဲတစ်ခုပေါ်မှာ အချိန်ယူပြီးလုပ်ရတဲ့သူတွေဟာ မျက်စိကျန်းမာရေးအတွက် အသုံးပြုတဲ့ မီးရောင်ကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ ဒါမှလည်း ❝ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ❞ ဆိုသလို မျက်စိကျန်းမာရေးဂရုစိုက်ရာရောက်မှာပါ။

Xiaomi ကထုတ်လုပ်ထားတဲ့ Mijia Table Lamp 1S လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူ့မှာ Lighting Modes (၄) မျိုးပါဝင်ပြီး - Reading Mode, Computer Mode, Child Mode နဲ့ Focus Mode ဆိုပြီး လိုအပ်သလို Lighting ပြောင်းလည်းအသုံးပြုနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ဒီဇိုင်းလည်းလှတယ်၊ နေရာလည်း အရမ်းမယူဘူး။ တရုတ်လို တတ်သူတွေအတွက် XiaoAI နဲ့လည်း ခိုင်းလို့ရသလို၊ Apple Homekit နဲ့ Siri Voice Control လုပ်လို့ရပါတယ်။ အသုံးပြုထားတဲ့ Metal တွေကလည်း Quality ကောင်းတာကြောင့် Table Lamp ကောင်းကောင်းတစ်ခုရှာနေတယ်ဆိုရင်တော့ ဒီကောင်လေးကိုပဲသုံးပါလို့ Recommend ပေးပါရစေခင်ဗျာ။

➧ Mijia Table Lamp 1S - 42,000 MMK

Top