အခန်းအပူချိန်နဲ့ စိုထိုင်းဆကို အလွယ်တကူ သိနိုင်စေဖို့...

Date: 12/12/2020

အခုလို ရာသီဥတုအကူးအပြောင်းချိန်မှာ ကျန်းမာရေးအထူးဂရုစိုက်ရပါတယ်။ ရာသီတုတ်ကွေးကတမျိုး၊ ကပ်ရောဂါကတမျိုးနဲ့ ရာသီအကူးအပြောင်းမှာ ဟိုနားလေးက နာသလို၊ ဒီနားလေးက ကိုက်သလို၊ နှာစေးချင်သလို၊ ချောင်းဆိုးချင်သလို စသည်ဖြင့် လက္ခဏာတွေ အမျိုးမျိုး ခုလိုရာသီအကူးအပြောင်းချိန်မှာ အရမ်းဖြစ်တတ်ကြပါတယ်။

ဆောင်းကလည်းဝင်လာပြီ၊ ရာသီဥတုလေးကလည်း တဖြေးဖြေး အေးလာပြီဆိုတော့ အိမ်ထဲမှာပဲနေတာပဲလေ အနွေးထည်ဝတ်ထားရတာ ပူပါတယ်လို့ ပြောတတ်ကြပေမယ့် ခန္ဓာကိုယ်ကြီးကလက်မခံပါဘူး။ အပေါ်ကလို လက္ခဏာအမျိုးမျိုးပြပြီး အသိပေးပါတယ်။

ဒီ Gadget လေးက လူကြီးတွေအတွက်လည်း ကျန်းမာရေးသတိပြုမိအောင် အခန်းအပူချိန်၊ အခန်းစိုထိုင်းဆ စတာတွေကို အလွယ်တကူသိရှိနိုင်သလို၊ Baby လေးတွေရှိတဲ့ မိသားစုအိမ်တွေမှာဆိုရင်လည်း ကလေးတယောက်အတွက် အပူချိန်၊ စိုထိုင်းဆ မကိုက်ညီတော့ဘူးဆိုတာနဲ့ Mijia App မှာအချက်ပြပေးမယ့် Baby Mode Reminder ပါဝင်ပါတယ်။

Mijia App နဲ့ချိတ်ဆက်အသုံးပြုနိုင်သလို သူ့ရဲ့ LCD Display မှာလည်း Emoji Sign သင်္ကေတလေး (၂) ခုပါဝင်ပါတယ်။ (😊) Suitable နဲ့ (-^-) Poor comfort ဆိုပြီး အခန်းအနေအထားအပေါ်မူတည်ပြီး ပြပေးနိုင်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် Battery ကလည်း အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ CR2032 Battery တလုံးထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး တစ်နှစ်ခန့် အသုံးခံတယ်လို့ဆိုပါတယ်။

➧ Mijia Room Bluetooth Thermometer 2 - 5,000 MMK

 

Top