မိသားစုကျန်းမာရေးအတွက် အရေးပါတဲ့...

Date: 12/12/2020

အိမ်တိုင်းမှာ Dust Mites လို့ခေါ်တဲ့ အင်မတန်သေးငယ်ပြီး သာမာန်မျက်လုံးနဲ့မမြင်နိုင်ပဲ ၊ ခန္ဓာကိုယ် ယားယံခြင်း၊ Allergy (ဓါတ်မတည့်ဖြစ်ခြင်း) နဲ့ ပန်းနာရင်ကျပ်ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဟာ လွယ်လွယ်ကူကူမမြင်နိုင်တဲ့ ဖုန်မှုန့်တွေနဲ့အတူရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီ Mijia Dust Mites Vacuum Cleaner လေးက မိသားစုကျန်းမာရေးအတွက် အရေးပါလာပါပြီ။

ဘာကြောင့် ဒီပိုးမွှားတွေဟာ လူနေအိမ်တွေမှာရှိနေတတ်တာလည်းဆိုတော့ သူတို့ဟာ လူတွေရဲ့ Dead Skin Cells တွေကိုစားသုံးတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လူထိတွေ့မှု အများဆုံးနေရာတွေဖြစ်တဲ့ အိပ်ယာခင်း၊ မွှေ့ယာ၊ ဆိုဖာ၊ ပရိဘောဂပစ္စည်း၊ ကော်ဇော စတဲ့ နေရာတွေမှာ ဖုန်မှုန့်တွေနဲ့အတူ အများစုရှိနေတတ်ကြပါတယ်။

ဒီ Mijia Dust Mites Vacuum Cleaner ဟာ အိပ်ယာခင်း၊ မွှေ့ယာ၊ ဆိုဖာ၊ ပရိဘောဂပစ္စည်း၊ ကော်ဇော၊ ကလေးအိပ်ယာခင်း၊ ကလေးကစားစရာမွှေးပွအရုပ်တွေ စတဲ့ နေရာတွေမှာရှိနေနိုင်တဲ့ Dust Mites တွေကို အလျင်အမြန်ဖယ်ရှားပေးနိုင်ပြီး UV Sterialization ပါဝင်တာကြောင့် 90% ပိုးသတ်ပေးနိုင်ပါတယ်။

အသုံးပြုရတာ လွယ်ကူရိုးရှင်းပြီး Plug & Play အသုံးပြုနိုင်သလို အသုံးပြုပြီး Filter ကို သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူရိုးရှင်းတာကြောင့် မိသားစုကျန်းမာရေးအတွက် အရေးပါပြီး အိမ်တိုင်းဆောင်ထားသင့်တဲ့ Gadget ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာ။

➧ Mijia Dust Mites Vacuum Cleaner - 65,000 MMK

⁍ 6 Months Warranty Included

 

Top