အိမ်တိုင်းအိမ်တိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ အပူချိန်တိုင်းကိရိယာ

Date: 11/12/2020

ငယ်ငယ်တုန်းကဆိုရင် နေမကောင်းဖြစ်ချင်ပြီဆိုတာနဲ့ ဆေးခန်းသွားပြရင် ဆရာဝန်က ဖန်ချောင်းသေးသေးလေးကို ပါးစပ်ထဲတဖုံ/ ချိုင်းကြားထဲတစ်လှည့် ထည့်ပြီးတော့ စမ်းသပ်ကြတာကို မှတ်မိပါသေးတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာတွေက အရမ်းအဆင့်မြင့်လာကြပြီ၊ ခန္ဓာကိုယ်ကို ဘာမှမထိပဲနဲ့ 3cm လောက်အကွာကနေ Infrared Sensor နဲ့ နဖူးကိုချိန်ပြီး ကိုယ်အပူချိန်/ အရာဝတ္တုတွေရဲ့ အပူ/ အအေး ပြောင်းလဲမှုတွေကို အမှန်ကန်ဆုံးနဲ့ အလွယ်တကူတိုင်းတာလို့ရတဲ့ သာမိုမီတာတွေ ပေါ်ထွက်နေပြီပဲဖြစ်ပါတယ်။

ဒါကြောင့် သာမိုမီတာတစ်ခုဟာ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားမယ်ဆိုရင် နေမကောင်းဖြစ်ချင်တာဖြစ်ဖြစ်/ မိမိဘာဖြစ်နေတယ်ဆိုတာ ပြောမပြနိုင်သေးတဲ့ ကလေးအရွယ်လေးတွေကအစ ဒါလေးနဲ့တိုင်းတာပြီး လွယ်လွယ်ကူကူသိနိုင်သလို၊ ခုလိုကပ်ရောဂါကာလကြီးမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Gadget ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာ။

➧ iHealth Thermometer - 43,000 MMK

⁍ 6 Months Warranty Included

Top