Smartphones တွေမှာပါတဲ့ Dual Camera တွေက ဘယ်လို အလုပ်လုပ်သလဲ ?

Date: 27/06/2019

မင်္ဂလာပါခင်ဗျာ...

ဒီနေ့ခေတ်ထဲမှာ Smartphone တွေနဲ့ ဓါတ်ပုံရိုက်ကူးတဲ့ Smartphone Photography တွေအရမ်းခေတ်စားလာသလို Phone တစ်လုံးဝယ်ယူဖို့အတွက် ရွေးချယ်တော့မယ်ဆိုရင်လည်း Camera ကောင်း/ မကောင်းဆိုတာကို မကြည့်မဖြစ်အချက်တစ်ခုအနေနဲ့ သေချာစွာကြည့်ရှုပြီး ရွေးချယ်ဝယ်ယူလာကြပါတယ်။ လှလှပပ Selfie ပုံလေးတွေလိုချင်တဲ့ မမတွေ ညီမတွေက Selfie Camera ကောင်းတဲ့ Smartphone တွေကို ရွေးချယ်လာသလို လမ်းသွားလာရင်း ဒါမှမဟုတ် ခရီးခဏခဏသွားတဲ့ မိတ်ဆွေတွေကလည်း Back Camera ကောင်းကောင်းလေး စသဖြင့် ရွေးချယ်ဝယ်ယူလာကြပါတယ်။ မိမိတို့ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ အမှတ်တရနေရာလေးတွေ စသဖြင့် စသဖြင့်ကို အချိန်အားတဲ့အခါ အေးအေးဆေးဆေး ပြန်လည် ကြည့်ရှုရင်း Social Network မှာ ဒါမှမဟုတ် ဝါသနာ သူငယ်ချင်းအချင်းချင်း ပြန်လည် ပြသမျှဝေတာကလည်း အလေ့အထလေးတစ်ခုလို ဖြစ်လာတာကို တွေ့မြင်ရပါတယ်ခင်ဗျာ။ ယနေ့ခေတ်မှာ Smartphone လောကမှာတော့ Dual Camera ပါမှ Smartphone ရာဝင်သလိုလည်း ဖြစ်လာပါတယ်။ 


Dual Camera ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာတာလား ? 

မဟုတ်ပါဘူး !!! လွန်ခဲ့တဲ့ 2011 လောက်ကတည်းက HTC ကနေ ပထမဦးဆုံး Dual Camera ပါ၀င်တဲ့ ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ HTC Evo 3D လို့ခေါ်ပြီး 3D Image တွေကို Dual Camera နဲ့ ဖမ်းယူပြီး ရိုက်နိုင်ဖို့အတွက် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ Dual Camera ကို ဆက်လက်လေ့လာစမ်းသပ်ခဲ့ကြပြီး 2014 ခုနှစ်မှာတော့ HTC One M8 လို့ခေါ်တဲ့ Dual Camera နဲ့ ဖုန်းကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ Refocus လို့ခေါ်တဲ့ ရိုက်ပြီးသား Image တေွကို ပြန်လည် Focus ဖြတ်တဲ့ Features တေွနဲ့ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ 2016 ခုနှစ်မှာတော့ လုံးဝအမိုက်စား Dual Camera နဲ့ဖုန်းတွေ ပလူပျံအောင် စတင်ပြီးထွက်လာခဲ့တာတွေကိုတွေ့မြင်ရပါတယ်။ လေ့လာမှုတွေဆက်လက်လုပ်ဆောင်လာခဲ့ကြပြီး Manufacture အသီးသီးဟာ Dual Camera နဲ့ ဖုန်းတွေကို ထုတ်လုပ်လာကြတာကိုတွေ့မြင်ရပါတယ်။ 

Dual Camera က ဘယ်လိုအလုပ်လုပ်သလဲ ?

Dual Camera တွေတပ်ဆင်ထားတဲ့ Smartphones တွေမှာ တစ်မျိုးနဲ့တစ်မျိုး ပါ၀င်ရတဲ့ ရည်ရွယ်ချက်ချင်း မတူညီကြပါဘူး။ တချို့ Dual Camera နဲ့ Smartphones တွေက Wide Angle Mode တွေရိုက်ဖို့အတွက်ဖြစ်ပြီး အချို့ကတော့ ပိုပြီးကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကိုရရှိနိုင်ဖို့အတွက် ရည်ရွယ်ကြပါတယ်။ များသောအားဖြင့် Dual Camera တွေက -

(1) ကောင်းမွန်ပြည့်စုံသော Depth of Field (DOF effect) လို့ခေါ်တဲ့ Background Blur ပုံတွေရရှိနိုင်ဖို့

(2) မိမိ Focus ဖြတ်ချင်သော ပုံရိပ်ကို လျင်မြန်စွာ ဖမ်းယူနိုင်ဖို့

(3) မိမိရိုက်ကူးပြီးသော ပုံရိပ်ကို Focus ပြန်ပြောင်းထားနိုင်ဖို့

(4) ပုံရိပ်တွေမှာ တုန်ရင်မှုနည်းစေဖို့ (Less shake)

(5) ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေနိုင်ဖို့ 

စသဖြင့်အချက်တွေပဲ ဖြစ်ပါတယ်။ 


Dual Camera ရဲ့အလုပ်လုပ်ပုံက Primary Camera ကနေ ပုံရိပ်တစ်ခုကို ဖမ်းယူရိုက်ကူးတဲ့အခါ ကျန်ရှိတဲ့ Secondary Camera ကနေ ပုံရိပ်ရဲ့ ပြတ်သားကြည်လင်မှုကို ရရှိနိုင်ဖို့အတွက် Software ရဲ့ အကူအညီနဲ့ကော ရရှိနိုင်အောင် စွမ်းဆောင်တာမျိုးရှိသလို၊ နောက်တစ်မျိုးက မူလ ကိုယ်ရိုက်မဲ့ ပုံရိပ်ကို Primary Camera က ရိုက်ကူးပြီး နောက်ခံ background depth of field ကို Secondary Camera ကနေ ရယူ ရိုက်ကူးပေးတာမျိုးပဲ ဖြစ်ပါတယ်။ ထုတ်လုပ်မှုပုံစံတွေကိုလိုက်ပြီး Dual Camera ပါ၀င်တဲ့ Smartphones တွေရဲ့ အလုပ်လုပ်ပုံမျိုးတွေက မတူညီကြပါဘူး။ ဥပမာ Huawei ရဲ့နာမည်ကြီး Smartphone P10, P10 Plus တွေက DOF တွေ Monochrome Photo တွေအနေနဲ့ Dual Camera အသုံးပြုပြီး LG G6 မှာတော့ Wide Angle Mode အနေနဲ့ အသုံးပြုတာမျိုးတွေပဲဖြစ်ပါတယ်။ ခုနောက်ပိုင်း Devices တွေဆို Selfie Camera ကိုတောင် Dual Camera နဲ့ ထည့်သွင်းအသုံးပြုလာကြပါတယ်။ Wide selfie Photo လေးတွေ ရအောင်လို့ဖြစ်ပါတယ်။ 

ဆိုတော့ကာ Dual Camera ပါ၀င်တဲ့ ဖုန်းတွေကပဲ ကောင်းပြီး Dual Camera မဟုတ်တဲ့ Smartphone တွေက မကောင်းတော့ဘူးပေါ့ ?

မဟုတ်ပါဘူး !!! Dual Camera ပါ၀င်မှပဲကောင်းတာမျိုးတော့မဟုတ်ပါဘူး... ဓါတ်ပုံတစ်ပုံအကောင်းဆုံးရယူဖို့အတွက်အခြားသော အချက်တွေဖစ်တဲ့ Sensor size, Pixel size, Aperture စတာတွေအပေါ်လည်း မူတည်ပါသေးတယ်။ Galaxy S8, Google Pixel, MI5s, OnePlus 3T, XZ Premium စတဲ့ Smartphones တွေမှာဆို Dual Camera မဟုတ်ပေမဲ့ လုံးဝကောင်းမွန်လှတဲ့ Camera တွေပါ၀င်ပြီး ရုပ်ထွက်အလန်းတွေ ရရှိနိုင်စေတာကိုတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ 

လက်ရှိ စျေးကွက်ထဲမှာရှိတဲ့ Dual Camera ပါ၀င်ပြီး ရွေးချယ်ဝယ်ယူနိုင်တဲ့ Smartphones တွေကတော့ iPhone 7Plus, Huawei P10 Plus, Huawei P10, One Plus 5, Xiaomi Redmi Pro, Xiaomi Mi5s Plus, LG G6 စတာတွေဖြစ်ပြီး Midrange တန်းထဲမှာဆို GR5 2017 နဲ့ Redmi Pro တွေက Dual Camera ပါ၀င်ပြီး စျေးနှုန်းအသင့်အတင့်ထဲမှာပါ၀င်ပါတယ်ခင်ဗျ။ Dual Camera ပါ၀င်တဲ့ Devices တွေကို လေ့လာစမ်းသပ်ကြည့်လိုရင် ကျွန်တော်တို့ Win Mobile World မှာ လာရောက်ကြည့်ရှု စမ်းသပ်နိုင်ပြီး ၀ယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေခင်ဗျာ။ 

(မှတ်ချက် - Camera ပိုင်းနှင့်ပတ်သက်ပြီး ရေးသားထားသည်များ အမှားအယွင်းများ ရှိခဲ့ပါက ကျွန်တော်တို့ရဲ့ နားလည်လေ့လာမှု အားနည်းခြင်းကြောင့် နားလည်ခွင့်လွှတ်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျားးး ) 

Top