အိမ်မှာရှိတဲ့ သာမာန် TV တွေကို Android Smart TV အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Mi TV Stick

Date: 08/12/2020

Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Mi TV Stick ဆိုတာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရှိန်အဟုန်မြင့်မားစွာ နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ Television စနစ်တွေဟာ ပိုမိုပြိးတော့ အဆင့်မြင့်မားလာကြပါပြီ။ အဲ့ဒီလိုပဲ အိမ်မှာရှိတဲ့ သာမာန် TV တွေကို ခေတ်မှီဆန်းသစ်တဲ့ နည်းပညာတွေနဲ့ Smartphone တလုံးလို အလွယ်တကူအသုံးပြုနိုင်တဲ့ Smart TV တွေနဲ့ အစားထိုးလာကြပါပြီ။

အဲ့ဒီလို Smart TV တွေနဲ့အစားမထိုးချင်ဘူး၊ လက်ရှိအိမ်မှာရှိနေတဲ့ သာမာန် TV တွေကိုပဲ Smart TV အဖြစ်ပြောင်းလဲအသုံးပြုချင်တာဆိုရင်တော့ ဒီ Mi TV Stick လေးက မရှိမဖြစ် လိုအပ်လာပါပြီ။ Mi TV Stick လေးက Portable ဖြစ်တယ်၊ Android TV Supported လည်းဖြစ်တယ်၊ Google Assistant & Smart Cast လည်းပါဝင်ပြီး Dolby & DTS Surround Sound စနစ်လည်း အထောက်အပံ့ပေးနိုင်တာကြောင့် ရှယ်လန်းလို့ရပြီပေါ့။

Mi TV Stick လေးက Portable ဖြစ်သလောက် 30g ထက်ကိုပေါ့ပါးတယ်၊ သယ်ဆောင်ရတာလွယ်ကူသလို ဘယ်ကိုသွားသွား ယူဆောင်သွားလို့ရတယ်၊ Cable ကြိုးတွေလည်း မလိုအပ်ဘူး၊ HDMI Port ပါတဲ့ မည်သည့် TV ဖြစ်စေ၊ Monitor ဖြစ်စေ၊​ Projector မှာဖြစ်စေ အလွယ်တကူထိုးပြီး Setup လုပ်ပြီး Smart TV အဖြစ် အသုံးပြုလို့ရပါတယ်။

ဒါ့အပြင် Bluetooth Devices တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်တာကြောင့် Bluetooth Keyboard/ Bluetooth Mouse တွေနဲ့ တွဲဖက်အသုံးပြုလိုက်ရင် Android Smart TV တလုံးအဖြစ် လုံးဝပြီးပြည့်စုံသွားမှာပါခင်ဗျာ။ Gadget Store by Win Mobile World မှာ Bluetooth Mouse/ Keyboard လေးတွေ ဝယ်ယူလို့ရပါတယ်ခင်ဗျာ။

Setup လုပ်ရတာလည်း ဘာလွယ်သလည်းမမေးနဲ့၊ Mi TV Stick လေးကို အိမ်က TV က HDMI Port မှာထိုး၊ အင်တာနက်နဲ့ချိတ်ဆက်နိုင်ဖို့အတွက် အိမ်က WiFi ကို Connect လုပ်ပေးပြီးတာနဲ့ Netflix, YouTube, prime video, Disney+, HBO, RedBull, Spotify, Twitch, Google Play Movies & TV, Google Play Store စတာတွေကို Smartphone တလုံးလို အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

Mi TV Stick က Google Play Store လည်းပါဝင်တာမို့ Android TV အတွက် Supported လုပ်တဲ့ မည်သည့် Application ကိုမဆို Google Play Store ကနေ Download လုပ်ပြီး အသုံးပြုလို့ရဦးမှာပါ။ Bluetooth Remote ကြီးနဲ့ Typing လုပ်ရတာ ပျင်းတဲ့သူတွေအတွက်လည်း Google Assistant ပါဝင်ပြီးသားဖြစ်တာမို့ အသံစနစ်နဲ့ လုပ်ချင်တာတွေကို ခိုင်းလို့ရပါတယ်။

အရမ်းမိုက်တဲ့ Features တစ်ခုဖြစ်တဲ့ Chromecast Build-in ပါဝင်တာမို့ မိမိတို့ရဲ့ Smartphone, Tablets, Laptop တွေကတဆင့် Videos တွေနဲ့ အခြား Contents တွေကို Mi TV Stick ကတဆင့် မိမိတို့ရဲ့ TV ရုပ်ပြင်ပေါ်မှာ ကြည့်ရှုလို့ရပါတယ်။ DTS & Dolby ကိုလည်း ထောက်ပံ့ပေးထားတာကြောင့် Surround Sound စနစ်ဆင်ထားတာနဲ့ဆိုရင် အသံထွက်ကလည်း ရှယ်လန်ပြန်ထွက်နေစေမှာပါ။

➧ Mi TV Stick - 50,000 MMK

⁍ 1 Year Warranty Included

➧ Xiaomi Portable Mouse - 22,000 MMK

➧ Xiaomi Fashion Mouse - 25,000 MMK

➧ Aukey Bluetooth Keyboard - 45,000 MMK

Top