လက်ရှိသုံးနေတဲ့ USB Hub က Data ကောင်းကောင်းမသွားလို့ စိတ်ညစ်နေပြီလား...?

Date: 07/12/2020

Computer သုံးတဲ့သူတွေမှာ USB Port က အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ Windows ကို Bootable Stick တွေနဲ့တင်တာပဲဖြစ်ဖြစ်၊ Data Transfer လုပ်တာပဲဖြစ်ဖြစ်၊ အခြား Devices တွေနဲ့ Connect လုပ်တာပဲဖြစ်ဖြစ် မရှိမဖြစ် အသုံးဝင်နေတုန်းပါပဲ။

Desktop PC ဖြစ်ဖြစ် Laptop PC တွေမှာပဲဖြစ်ဖြစ် USB Port တွေ 2.0, 3.0 စသည်ဖြင့်ပါတတ်ကြပါတယ်။ နောက်ပိုင်းထွက်တဲ့ Laptop တွေမှာဆိုရင် USB 3.0 တပေါက်ပဲပါတာတို့ လုံးဝမပါတော့တာတို့တောင် ရှိနေပါပြီ။ အဲ့လိုဆိုရင် အခြား USB Devices တွေနဲ့ ချိတ်ဆက်ဖို့အတွက် USB Hub တခုတော့ လိုပါတယ်။

များသောအားဖြင့် တချို့ USB Hub တွေဟာ Power မလုံလောက်တာကြောင့်ဖြစ်စေ၊ Build Quality သိပ်မကောင်းတာကြောင့်ဖြစ်စေ Data ကောင်းကောင်းမသွားတာ၊ Data Transfer လုပ်နေရင်း Error တက်တာ၊ External HDD 1TB နဲ့အထက်ဆိုရင် Detect မသိတော့တာ စသည်ဖြင့် အမျိုးမျိုးဖြစ်တတ်ကြပါတယ်။

အဲ့လိုမျိုးတွေ တွေ့ကြုံခံစားနေရပြီဆိုရင်တော့ Xiaomi ကနေထုတ်လုပ်ထားတဲ့ Mi USB 3.0 Splitter လေးကို အသုံးပြုဖို့ အကြံပေးပါရစေခင်ဗျာ။ USB 3.0 Port လေးခုပါဝင်ပြီး တစ်ပေါက်စီတိုင်းဟာ Power/ Data ကောင်းကောင်း အလုပ်လုပ်နိုင်သလို Power လိုအပ်ခဲ့သည်ရှိသော် လွယ်လွယ်ကူကူအသုံးပြုလို့ရအောင် USB Type-C Power Supply Port တခုလည်းပါဝင်ပါတယ်ခင်ဗျာ။

➧ Mi USB 3.0 Splitter - 13,000 MMK

⁍ Warranty (6) Months Included

 

Top