လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်ကို ကိုယ်တိုင်ဖျော်သောက်ကြမယ်...

Date: 07/12/2020

သစ်သီးဖျော်စက်ကိုမှ အရွယ်အစားသေးသေးနဲ့ 350ml ထိထည့်ဖျော်လို့ရတယ်။ လွယ်လွယ်ကူကူသယ်သွားလို့ရတာကြောင့် အိမ်မှာပဲဖျော်ဖျော်၊ ရုံးကိုပဲယူသွားယူသွား၊ ခရီးသွားရင်း ယူသွားလည်း အလွယ်တကူ ကြိုက်တဲ့အချိန်ဖျော်သောက်လို့ရတာပေါ့။

ထည့်သွင်းအသုံးပြုထားတဲ့ Motor ကလည်း အတော်မြန်တယ်။​ သစ်သီးဖျော်ရည်တခွက်ကို 5s အတွင်း ဖျော်လို့ရတယ်။ အသုံးပြုထားတဲ့ Material တွေကလည်း Safe ဖြစ်အောင်လုပ်ထားတယ်။ 4-blade ကိုမှ Food Graded Steel အသုံးပြုပေးထားလို့ စိတ်ချရတယ်။ သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူတယ်။

Battery 2000mAh ပါတယ်။ Charging ပိုင်းကိုလည်း (၂)​ နာရီလောက်နဲ့ အားပြည့်အောင် သွင်းလို့ရတယ်။ တခါအားအပြည့်သွင်းထားရင် (၁၅) ခွက်လောက်ထိ ဖျော်လို့ရတယ်ဆိုတော့... ကဲ... သန့်သန့်ရှင်းရှင်းနဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေကို ကိုယ်တိုင်စိတ်တိုင်းကျ ဖျော်သောက်ချင်တယ်ဆိုရင် ဒီ Gadget လေးဝယ်ယူဖို့ Gadget Store by Win Mobile World ကို အခုပဲလာခဲ့လိုက်တော့နော်။

➧ Mijia Portable Juicer - 25,000 MMK

⁍ Warranty (6) Months Included

 

Top