ကျန်းမာရေးနဲ့ညီညွတ်စွာ ခြင်အန္တရာယ်ရှောင်ရှားကြပါစို့...

Date: 04/12/2020

ခြင်ဆေးခွေအသုံးပြုခြင်းဟာ ရေရှည်မှာ မိသားစုကျန်းမာရေးအတွက် မကောင်းပါဘူး။ အသက်ငယ်ရွယ်တဲ့ သားသားမီးမီးတွေရှိတဲ့အိမ်ဆိုရင်လည်း အထူးဆင်ခြင်သင့်ပါတယ်။ ဒီ Mijia Smart Mosquito Repellent လေးက သာမာန်ခြင်ပြေးစက်တွေလို အသံဆူညံတာမျိုးမရှိဘူး။ ခြင်ရိုက်တဲ့ဘတ်တံတွေလိုမျိုးလည်း လက်ညောင်းနေအောင် မရမ်းရတော့ပါဘူး။

အထဲမှာထည့်သွင်းအသုံးပြုရမဲ့ Filter ကလည်း တညကို (၈) နာရီနှုန်းနဲ့အသုံးပြုရင်တောင် ရက်ပေါင်း (၉၀) လောက် အသုံးခံတယ်။ Battery ကလည်း AA Alkaline Battery (၂) လုံးထည့်သွင်းအသုံးပြုရတာဖြစ်ပြီး (၃၅) ရက်လောက်အသုံးခံတော့ အဆင်ပြေတယ်။

Smart ဖြစ်တာမို့ Mijia App နဲ့ချိတ်ဆက်ပြီး အချိန်သတ်မှတ်ပေးတာ၊ Battery Percentage ကြည့်တာ၊ Filter ဘယ်လောက်ကျန်တာ စသည်ဖြင့် အလွယ်တကူသိနိုင်တယ်။

Organic Compound ဖြစ်တဲ့ Pyrethroids ကိုအသုံးပြုထားတာဖြစ်ပြီး 28 Square Meters အတွင်းခြင်အန္တရာယ်ကင်းရှင်းစေတယ်။ တကယ်လို့ Filter ကုန်သွားခဲ့ရင်လည်း ကျွန်တော်တို့ Gadget Store by Win Mobile World မှာ 8,000 MMK နဲ့ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

➧ Mijia Smart Mosquito Repellent - 20,000 MMK

➧ Mosquito Repellent Filter - 8,000 MMK

 

Top