ရေနွေးကြမ်းသောက်မလား? ကော်ဖီဖျော်သောက်မလား?

Date: 04/12/2020

Xiaomi ရဲ့ Eco-Products တွေထုတ်လုပ်တဲ့ Mijia ကထုတ်လုပ်ထားတဲ့ Mijia Electric Kettle 1.5L နဲ့ Mijia Smart Electric Kettle 1.5L ကို မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တိုင်းအိမ်တိုင်း ရေနွေးတည်ဖို့အတွက် ပစ္စည်းတခုခုတော့ရှိကြမှာပါ။ ရေနွေးကြမ်းသောက်ဖို့ပဲဖြစ်ဖြစ်၊ ကော်ဖီဖျော်ဖို့ပဲဖြစ်ဖြစ်၊ ခေါက်ဆွဲပြုတ်ဖို့အတွက်ပဲဖြစ်ဖြစ် ရေနွေးအိုးတလုံးကတော့ မရှိမဖြစ်လိုအပ်ကြမှာပါပဲ။

Build Quality ပိုင်းကတော့ Xiaomi ဆိုတော့ အားလုံးသိကြတဲ့အတိုင်း ရှယ်ပဲ။ Double Layered နဲ့လုပ်ထားတာမို့ အတွင်းမှာပူနေပေမယ့် အပြင်ပိုင်းကိုပူတာမျိုးမဖြစ်ဘူး။ ရေထည့်ပြီး စတည်ပြီဆိုတာနဲ့ (၅) မိနစ်အတွင်း ပွက်ပွက်ဆူတဲ့ ရေနွေးကိုရရှိမှာဖြစ်ပါတယ်။ အတွင်းမှာသုံးထားတဲ့ Material ကလည်း 304 Stainless Steel ဖြစ်တာမို့ ကျန်းမာရေးအတွက် Safe ဖြစ်သလို သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူစေတယ်။

Mijia Smart Electric Kettle ကတော့ Smart ဖြစ်သွားတာမို့ Mijia App နဲ့ချိတ်ဆက်ပြီးတော့ Functions တွေကို ထိန်းချုပ်နိုင်တယ်။ ရေနွေးအိုး နှစ်မျိုးစလုံးက လျှပ်စစ်အန္တရာယ်အတွက် Safe ဖြစ်အောင် စနစ်တကျလုပ်ထားတာမို့ စိတ်ချရတယ်။

စျေးနှုန်းလေးတွေကလည်း သက်သာတယ်။ ဒီစျေးတန်းမှာရနိုင်တဲ့ ရေနွေးအိုးတွေထဲမှာ သုံးဖူးသမျှ အကောင်းဆုံးလို့တောင်ပြောလို့ရမယ့် Xiaomi ရဲ့ Mijia Electric Kettle လေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။

➧ Mijia Electric Kettle 1.5L - 25,000 MMK

➧ Mijia Smart Electric Kettle 1.5L - 42,000 MMK

⁍ Warranty (6) Months Included

 

Top