လက်ညောင်းခံပြီး သွားတိုက်နေတုန်းပဲလား...?

Date: 26/11/2020

နေ့စဥ်သွားတိုက်ခြင်းဟာ ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် အခြေခံအချက်လုပ်ဆောင်ချက်တစ်ခုပါ။ ကျွန်တော်တို့ငယ်စဥ်ကတည်းက မိဘတွေဟာ သွားကိုစနစ်တကျတိုက်ဖို့ သင်ကြားပေးလေ့ရှိကြပါတယ်။ အခု Xiaomi ကနေထုတ်လုပ်ထားတဲ့ ရေစိုခံ Electric Toothbrush လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အခုမိတ်ဆက်ပေးမယ့် Electric Toothbrush လေးတွေကတော့ Mijia Sonic Electric Toothbrush T100 နဲ့ T300 Model လေးတွေပဲဖြစ်ပါတယ်။ အတွင်းပိုင်း Specs အနည်းငယ်ကွာခြားပြီးတော့ microUSB Charging နဲ့ USB Type-C Charging ဆိုပြီး အဓိကကွဲသွားပါမယ်။

နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ ပုံမှန်တိုက်နေကျ သွားပွတ်တံတွေနေရာမှာ လျှပ်စစ်မော်တာသုံး သွားပွတ်တံတွေနဲ့ အစားထိုးလာကြပြီဖြစ်ပါတယ်။ ပုံမှန်တိုက်နေကျ သွားပွတ်တံတွေက သွားကြားမှာညပ်နေတဲ့ အညစ်အကြေးတွေ၊ ချိုးကပ်နေတာတွေကို ကုန်စင်အောင် ရှင်းပေးဖို့ခက်ပါတယ်။

ဒါကြောင့် လျှပ်စစ်သွားတိုက်တံတွေဟာ သင့်ရဲ့လက်လှုပ်ရှားလိုက်တဲ့နေရာတိုင်းမှာ တုန်ခါမှုကြောင့် အညစ်အကြေးတွေ၊ ချိုးကပ်နေတာတွေကို သာမာန်သွားပွတ်တံထပ်ပိုပြီးတော့ သန့်ရှင်းပေးနိုင်သလို သွားကိုလည်း ပိုမိုတောက်ပစေနိုင်တဲ့ အကျိုးကျေးဇူးရရှိမှာဖြစ်သလို ပုံမှန်သွားတိုက်တံတွေလို သွားဖုံးကိုထိခိုက်စေတာ၊ သွားရဲ့ကြွေသားတွေကိုထိခိုက်စေတာမျိုးတွေကိုလည်း မဖြစ်စေပါဘူး။

ကျွန်တော်တို့ ပုံမှန်သွားတိုက်တံတွေနဲ့သွားတိုက်တဲ့အခါ သွားတိုက်ချိန်ကြာမြင့်မှုဟာ အတိအကျမရှိတတ်ပါဘူး။ လျှပ်စစ်သွားတိုက်တံတွေမှာ Build-in timer ပါဝင်တာကြောင့် အညှစ်အကြေးတွေကို ပြောင်စင်အောင်လုပ်ပေးနိုင်တဲ့ သွားတိုက်ချိန်ရရှိတာမို့ သာမာန်သွားတိုက်တံတွေထပ် ပိုပြီးအကူအညီဖြစ်စေပါတယ်။

➧ Mijia Sonic Electric Toothbrush T100 - 9,000 MMK

➧ Mijia Sonic Electric Toothbrush T300 - 20,000 MMK

Top