Real Hands-on Review! | realme C3

Date: 18/09/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ငွေကျပ် (၂)​ သိန်းဝန်းကျင်နဲ့ ဂိမ်းဆော့ချင်လို့ပဲဖြစ်ဖြစ်၊ Triple Camera နဲ့ ဓာတ်ပုံတွေရှယ်ရိုက်ချင်လို့ပဲဖြစ်ဖြစ် ရွေးချယ်စရာ Smartphone လေးတခုဖြစ်တဲ့ realme C3 လေးအကြောင်း Real Hands-on Review! လေး တင်ဆက်ပေးချင်ပါတယ်။ Hands-on Review! လေးဖြစ်တာမို့ စာလေးတော့အနည်းငယ်ရှည်နိုင်ပါတယ်ခင်ဗျာ။

အရင်ဦးဆုံး realme ရဲ့ အရောင်အဝါလေးနဲ့ Packing ဗူးလေးကို ဖောက်လိုက်တာနဲ့ Hey, welcome to realme Family ဆိုတဲ့စာသားလေးနဲ့အတူ SIM Pin ရယ် Quick Guide စာအုပ်လေးတွေရယ်ထည့်ထားတဲ့ Package လေးနဲ့အတူ realme C3 Smartphone လေးကို စပြီးတွေ့ရမှာပါ။

ဟုတ်ပြီ... အဓိကကျတဲ့ ဖုန်းလေးထုတ်ကြည့်လိုက်ရအောင်၊ အရင်ဦးဆုံး ဖုန်းကို ကြည့်လိုက်တော့ ရှေ့မျက်နှာပြင်မှာ Mini-drop လေးနဲ့ Fullscreen Display ကိုတပ်ဆင်ပေးထားတယ်၊ Back Body မှာတော့ Fingerprint Sensor နဲ့ Back Cover ကိုတော့ ပေါ့ပေါ့ပါးပါးပဲ Plastic Back Cover နဲ့သုံးထားတာတွေ့ရတယ်။ တကယ်တမ်းကိုင်ကြည့်လိုက်တော့ အလေးချိန် စီးစီးပိုင်ပိုင်လေးနဲ့ လက်ထဲကိုင်ရတာ အတော်လေး Fit ဖြစ်တာကို ခံစားမိတယ်။

Design ပိုင်းမှာဆိုရင်လည်း Sunrise Design ကိုအသုံးပြုထားတာမို့ Body တခုလုံးက အရောင်လေးက စွဲဆောင်မှုရှိပြီးတော့ Anti-fingerprint Feature လည်းပါဝင်တာမို့ လက်ဗွေရာတွေထင်နေတာမျိုးမဖြစ်စေပဲ လက်ထဲမှာကိုင်ရတာကလည်း အတော်လေးအဆင်ပြေစေတဲ့ Design မျိုးဖြစ်ပါတယ်ခင်ဗျာ။

realme C3 မှာဆိုရင် AI Triple Rear Camera ကိုတပ်ဆင်ပေးထားပြီးတော့ 12MP (wide) Lens + 2MP (macro) Lens + 2MP (Depth) Lens တို့ကို တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ဒါနဲ့ realme C3 မှာ Slo-Mo Video Recording ပါရိုက်လို့ရသလို 1080p Video Recording ပါရပါတယ်။ Portrait Photo တွေရိုက်ကူးချင်သူများအတွက်လည်း Hardware Level Bokeh Effect ကိုပါ ထောက်ပံ့ပေးထားပါတယ်ခင်ဗျာ။

ဒါ့အပြင် 4cm Super Macro Lens ပါဝင်တာမို့ Macro ရိုက်ကူးရတာ ဝါသနာပါတဲ့ Beginner သမားများအတွက်လည်း အဆင်ပြေပါတယ်။ realme C3 မှာ Camera Specification ပိုင်းအနေနဲ့ အရမ်းကြီးကောင်းလှတယ်မဟုတ်ပေမယ့် သာမာန်ဓာတ်ပုံရိုက်ကူးသူများ/ သာမာန်အသုံးပြုသူများအတွက်တော့ AI စနစ်လည်းပါတာမို့ အဆင်ပြေပါတယ်။ Selfie Camera ကိုတော့ 5MP (wide) Lens တပ်ဆင်အသုံးပြုပေးထားပါတယ်ခင်ဗျာ။

realme C3 မှာ ကျနော်ကြိုက်မိတာလေးကတော့ Battery ပါပဲ၊ 5000mAh Massive Battery ကိုတပ်ဆင်ပေးထားတာဖြစ်တာကြောင့် Game ကြာကြာဆော့ကစားသူများအတွက်ကတော့ အားကုန်လို့ အားသွင်းကြိုးတန်းလန်းကြီးနဲ့ဆော့ရတာတွေ ကင်းဝေးသွားစေမယ်၊ Standby အနေနဲ့ထားမယ်ဆိုရင်တောင် 30 Days Standby လို့ realme ဘက်က ပြောထားပါတယ်ခင်ဗျာ။

realme C3 ရဲ့ Battery စနစ်မှာ Reverse Charging စနစ်ပါပါဝင်တာဖြစ်တဲ့အတွက် ဖုန်းတလုံးအနေနဲ့သာမက Power Bank တခုအနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တခုရှိတာက Battery 5000mAh ဖြစ်တာမို့ အားသွင်းတဲ့နေရာမှာတော့ ကျနော်စမ်းကြည့်သလောက် 10W Fast Charge ဖြစ်တာမို့ နဲနဲလေးတော့ကြာပါတယ်။

Display ပိုင်းမှာတော့ 6.5 Inches ရှိတဲ့ Mini-drop FullScreen Display ကိုသုံးထားပြီးတော့ 89.8% Screen-to-Body Ratio ရှိတာမို့ FullScreen ကို အပြည့်အဝနီးပါးခံစားရစေမှာပါ။ Body ပိုင်းမှာဆိုရင်လည်း Splash Resistant ပါဝင်တာမို့ မတော်တဆ ရေစင်တာ/ စို တာလောက်ကိုတော့ ခံနိုင်ရည်ရှိစေမှာပါခင်ဗျာ။

ဒါ့အပြင် realme C3 မှာ Device Security ပိုင်းအတွက် Fingerprint ကို နောက်ဖက်မှာတပ်ဆင်ပေးထားသလို Face Unlock စနစ်လည်းပါဝင်တာမို့ (၂) မျိုးစလုံး အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ realme C3 မှာတော့ အရင်လို UI မဟုတ်ပဲ realme ရဲ့ Brand New UI ဖြစ်တဲ့ realme UI ကိုမှ Android 10 နဲ့ဖြစ်ပါတယ်ခင်ဗျာ။ UI လေးကလည်းလှတယ် Android Version ကလည်း Latest ဖြစ်တာမို့ မိုက်ပါတယ်။

Performance ပိုင်းကိုပြောရမယ်ဆိုရင်လည်း realme C3 မှာ တပ်ဆင်အသုံးပြုပေးထားတာက MediaTek ရဲ့ Helio G70 Processor ဖြစ်ပါတယ်။ သူက Mainstream Smartphone Users တွေနဲ့ Elite Mobile Gamers တွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတာကြောင့် Gaming အသားပေးအတွက် အဆင်ပြေမှာဖြစ်သလို (၂) သိန်းဝန်းကျင်နဲ့ လက်တလော ကျနော်တို့နိုင်ငံမှာ လူကြိုက်များ ဆော့ကစားနေတဲ့ Mid-range Game တော်တော်များများကို အဆင်ပြေပြေဆော့လို့ရတဲ့ Smartphone ပါခင်ဗျာ။

realme C3 ကို 2/32GB နဲ့ 3/32GB ဆိုပြီး Model (၂) မျိုးထုတ်လုပ်ပေးထားပြီး Storage များများအသုံးပြုလိုသူများအတွက်လည်း အဆင်ပြေအောင် Dual SIM အပြင် microSD Card ပါထပ်စိုက်အသုံးပြုလို့ရတဲ့ Dual SIM + microSD Slot ကို တပ်ဆင်ပေးထားတာကြောင့် မိုက်ပါတယ်။ microSD Card ကို 256GB ထိ Extra Memory ထပ်တိုးအသုံးပြုနိုင်မှာပါခင်ဗျာ။

အချုပ်အားဖြင့်ပြောရရင်တော့ realme C3 လေးက ငွေ (၂) သိန်းဝန်းကျင်ပဲသုံးမယ်၊ Game ကိုအဓိကထားမယ်၊ အင်တာနက်လည်းသုံးမယ်၊ ဓာတ်ပုံလည်း ပုံမှန်ရိုက်မယ်ဆိုတဲ့ မိတ်ဆွေများအတွက် အဓိကရွေးချယ်သင့်တဲ့ Model တခုဖြစ်ပါတယ်ခင်ဗျာ။ Game ကိုတော့ ကျနော်တို့ဆီမှာ လူသုံးများတဲ့ PUBG Mobile နဲ့ Mobile Legends (၂) မျိုးကို စမ်းထားပါတယ်ခင်ဗျာ။

Top