DXO MARK ရဲ့ ထိပ်ဆုံးနေရာကို ကျော်ခွ သိမ်းပိုက်သွားတဲ့ MI 10 Ultra

Date: 18/09/2020

10th Anniversary Device အနေနဲ့ MI 10 Ultra ကို Xiaomi က မိတ်ဆက်သွားခဲ့ပါတယ် ..။ မိတ်ဆက်သွားသလောက်ကိုပဲ သိရသေးတော့ အရမ်းအများကြီးတော့ မပြောတော့ပါဘူး ..။ ကြွေမိတဲ့အချက်တွေကိုပဲ ပြောပြပါမယ် ..။

✅ Design ပိုင်း လုံး၀ မြင်လိုက်တာနဲ့ ကိုင်ချင်စရာပါ .။
✅ 120Hz Refresh Rate AMOLED True Color Display
✅ 120W Fast Charging (amazing 😱)

Camera နဲ့ပတ်သက်ပြီးတော့ -

  • 48MP Ultra-clear Primary Lens
  • 48MP Periscope Telephoto lens (120x Digital Zoom, 10x Optical Zoom)
  • 20MP Ultra-Wide Lens (128°)
  • 12MP Telephoto Portrait Lens
  • 20MP Punch Hole Selfie Camera

DXO Mark Website မှာဘာကြောင့် MI 10 Ultra က အားလုံးကိုကျော်ဖြတ်သွားပြီး 130 Marks နဲ့ ထိပ်ဆုံးကိုရောက်သွားတာလဲဆိုတာကို အသေးစိတ် ရှင်းပြထားပါတယ်။ (https://www.dxomark.com/xiaomi-mi-10-ultra-camera-review/) ဒီမှာ ပြောရင်တော့ ရှည်လည်းရှည်နေမှာရယ်၊ လက်ထဲမှာလည်း မရောက်သေးတာမို့ အတိအကျမပြောသေးတာ ဖြစ်ပါတယ် ..။

Battery နဲ့ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် -

4500mAh က ရုတ်တရတ်ကြည့်မယ်ဆိုရင် နည်းမယ်လို့ ထင်နိုင်ပေမဲ့ 120W Fast Charging ရတာရယ်၊ Wireless Charging ဆိုရင် 50W Wireless Charging ရတာရယ်ဆိုတော့ သိပ်ပူစရာမလိုပါဘူး။ နောက်ပြီး Battery စား သက်သာတဲ့ AMOLED Display သုံးပေးထားတာရယ်၊ Power Consumption နည်းတဲ့ Soc တွေ သုံးထားတာရယ်ကြောင့် အတော်လောက်ပဲလို့ မြင်ရပါတယ် ..။

Color အနေနဲ့ Ceramic Black ရယ်၊ Transparent Black ဆိုတဲ့ အထဲကို ဖောက်မြင်နေရတဲ့ ဒီဇိုင်းရယ် နောက်ပြီး Bright Silver Edition ဆိုတဲ့ ငွေရောင်ရယ် (၃) မျိုးထွက်ပါတယ်၊ ဒါပေမဲ့ Bright Silver Edition က Limited Edition အနေနဲ့ ရောင်းမှာဖြစ်ပြီး Storage Option တစ်မျိုးတည်း ရမှာ ဖြစ်ပါတယ် ..။

အမေးများမဲ့ မေးခွန်းလေး (၃) ခုကို တစ်ခါတည်း ဖြေပေးသွားပါမယ် ..။

ဘယ်တော့လောက်ရောက်နိုင်မလဲ?
✅ လောလောဆယ် မနေ့ညကမှ မိတ်ဆက်သွားတာဆိုတော့ (၂) ပတ်ကျော် (၃) ပတ်ဝန်းကျင်လောက်နေရင် ရောက်နိုင်လောက်ပါတယ်၊ တစ်ခုရှိတာက အခုနောက်ပိုင်း ပစ္စည်းဝင်တာ တော်တော်မြန်လာပြီဆိုတော့ ဒီထက်လည်း ကြိုပြီး စောရောက်နိုင်ပါတယ် ..။

ဘယ်စျေးလောက် ရှိမှာလဲ?
✅ လက်ရှိကတော့ China မှာ ရောင်းတဲ့ စျေးတွေကိုအကြမ်းဖျင်းပဲ သိရပါဦးမယ်။ ဒီဘက်ကို ဝင်ရင်တော့ ထုံးစံအတိုင်း ပထမဆုံး ဝင်ဝင်ခြင်းမှာ စျေးများပါမယ်၊ (5%) Commercial Tax တွေလည်း ပါဦးမှာဆိုတော့ စျေးတွေက အတိအကျမပြောတတ်သေးပါဘူး ..။ ပစ္စည်းရောက်တာနဲ့ Win Mobile World Page မှာ တန်းပြီးတင်ပေးပါမယ် ..။ ..။

ပစ္စည်းရောက်ရင် စမ်းလို့ရမှာလား?
✅ အကယ်၍ ပစ္စည်းရောက်တာ နောက်ကျခဲ့မယ်ဆိုရင်တောင် Win Mobile World ရဲ့ မိတ်ဆွေတွေ စမ်းသပ်လို့ရအောင် ဆိုင်ခွဲတွေမှာ Live Demo လေးတွေ ထားပေးနိုင်အောင် ကြိုးစားပါမယ် ..။

Top