SpO2 လို့ခေါ်တဲ့ သွေးတွင်း အောက်စီဂျင် ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာဖို့အတွက် Sensor တစ်ခါတည်း ပါပြီးသား Samsung Galaxy Watch 3

Date: 18/09/2020

နည်းနည်းလေး Confuse ဖြစ်နေနိုင်တာလေးကို သိသလောက်လေး မျှဝေပေးချင်ပါတယ် ..။

■ SpO2 Sensor ဆိုတာ သွေးထဲမှာ အောက်စီဂျင် ပမာဏ ဘယ်လောက်ရှိနေပါတယ်ဆိုပြီး တိုင်းတာတဲဲ့ Sensor ဖြစ်ပြီးတော့

■ VO2Max ဆိုတာ အားကစားလုပ်တဲ့အခါမှာ (outdoor workout တွေမှာ) ခန္ဓာကိုယ်ကနေ ရှုသွင်းလိုက်တဲ့ အောက်စီဂျင် ပမာဏ ဖြစ်ပါတယ်။

■ အပြောများနေကြတဲ့ သွေးပေါင်ချိန်ဆိုတာ Blood Pressure လို့ခေါ်တဲ့ သွေးဖိအားကို ဆိုလိုချင်တာ ဖြစ်ပါတယ် ..။ အရပ်အခေါ်နဲ့ပြောရင် အပေါ်သွေး၊ အောက်သွေးတို့ သွေးတိုးနေတယ်၊ သွေးကျနေတယ်တို့ ဖြစ်ပါတယ် ..။

Galaxy Watch 3 မှာ အပေါ်ကပြောတဲ့ SpO2 Sensor ရယ် VO2Max ရယ်ကို တိုင်းတာတဲ့ Sensor ရယ်ဆိုပြီး ပါဝင်ပြီးတော့ သွေးပေါင်ချိန်လို့ခေါ်တဲ့ Blood Pressure ကို တိုင်းတာတဲ့ Sensor တော့ မပါဝင်ပါဘူး ..။ များသောအားဖြင့်လည်း Fitness Tracker တွေ Smart Watch တွေမှာ ဒီ သွေးပေါင်ချိန်တိုင်းတဲ့ Sensor မျိုး ပါလေ့မရှိဘဲ ကျန်းမာရေးအတွက် product တွေထုတ်တဲ့ တချို့ Brand တွေရဲ့ watch တို့ device တို့မျိုးတွေမှာပဲ ပါဝင်လေ့ ရှိပါတယ် ..။ (ဒီနေရာမှာ နည်းနည်းပြောစရာရှိတာက "တချို့ စျေးပေါပေါနဲ့ Fitness Tracker တွေ Watch တွေမှာတောင် Blood Pressure တိုင်းတဲ့ Function ပါတယ်ကွာ ..” ဆိုပြီး ပြောနိုင်ပါတယ်၊ ကျွန်တော်တို့ တစ်ချက်သတိထားရမှာက အဲ့ဒီ Product တွေမှာ Accuracy လို့ခေါ်တဲ့ ဘယ်လောက်ထိ တိကျမှန်ကန်မှု ရှိနိုင်မလဲဆိုတာကို စဉ်းစားရမှာပါ။ အဲ့ Device မှာ သွေးတိုးနေတယ်လို့ ပြနေတယ်ဟ ဆိုပြီး သွေးကျဆေးတွေ ကိုယ့်ဘာသာကိုယ် သောက်တာမျိုး မလုပ်သင့်ပါဘူး၊ အန္တရာယ်များပါတယ်) Samsung ရော Apple Watch Series 6 မှာပါ SpO2 ကို တိုင်းတာလို့ရတဲ့ Sensor တွေပါပေမဲ့ Official Website တွေရဲ့ အောက်ဆုံးနားက သတိထားဖို့ အချက်တွေမှာဆို “ဒီ Features တွေဟာ ရောဂါတွေကို ကာကွယ်ဖို့၊ ကုသဖို့၊ စစ်ဆေးဖို့အတွက် အသုံးပြုဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး ..” ဆိုပြီး သတိပေးထားပါသေးတယ် ..။

Galaxy Watch 3 မှာ နောက်ထပ် အကြိုက်ဆုံးအချက်တစ်ခုကိုပြောပါဆိုရင်တော့ Sleep Tracking Feature လို့ပဲပြောရမှာပါ၊ 0-100 ထိကို sleep score ပေးထားပြီး ကိုယ်က ညမှာ ဘယ်လောက်အိပ်ပျော်တယ်၊ ဘယ်နှစ်ခါ လှုပ်ရှားမှု ရှိတယ် အဲ့ဒါတွေပေါ် မူတည်ပြီး မနက်ကျရင် ကိုယ့်ရဲ့ sleep score က ၃၀ လား ၅၀ လားဆိုပြီး ပြပေးတာတွေမိုက်ပါတယ် ..။ (အိပ်ရေး၀၀ အိပ်နိုင်မှ နေ့တစ်နေ့ကို အကောင်းဆုံး စတင်နိုင်မှာမလား!!)

ပထမဆုံး ပစ္စည်းစဝင်တုန်းက 45mm တစ်မျိုးပဲ ဝင်ခဲ့တာဆိုတော့ မိန်းကလေးတွေအတွက်ဖြစ်ဖြစ် လက်သေးတဲ့သူတွေအတွက်ဖြစ်ဖြစ် size က ကြီးကောင်းကြီးနေနိုင်ပေမဲ့ အခုတော့ 41mm ပါ ဝင်လာပြီမို့ အားလုံးအဆင်ပြေသွားပါပြီ !!

Samsung Galaxy Devices တွေနဲ့ပဲ ချိတ်ပြီး သုံးလို့ရတာမဟုတ်တဲ့အပြင် Android ဆိုရင် Android OS (5.0) နဲ့အထက် iOS ဆိုရင် iPhone 5 နဲ့အထက် iOS (9.0) နဲ့အထက် devices တိုင်းနဲ့ ချိတ်ပြီး သုံးလို့ရမှာ ဖြစ်ပါတယ် ..။

Top