iOS 14 Tips & Tricks

Date: 17/09/2020

မင်္ဂလာပါဗျ ..။ ဒီနေ့မနက်ကထွက်တဲ့ iOS 14 တင်ပြီးသွားကြပြီလားဗျ ..။ တင်ပြီးသွားပြီးရင် ဘာတွေထူးခြားသွားလဲဆိုတာတွေကို သတိထားမိရဲ့လား ??

" ဘာမှထူးထူးခြားခြား အသုံးဝင်တာတွေသိပ်မရှိဘူး .."

" အသုံးဝင်တဲ့ Tips လေးတွေ ရှာမတွေ့ဘူး .." ဆိုရင်တော့ ဒီ Post လေးကို ဖတ်ဖြစ်အောင်ဖတ်သွားလိုက်ပါ ..။

Use Widgets on Home Screen

အရင် iOS Version တွေမှာတုန်းက Widgets တွေကို Home Screen First Page ရဲ့ရှေ့မှာပဲ တစ်စုတစ်ဝေးတည်း တွေ့ရမှာဖြစ်ပြီး အခု iOS 14 မှာ အဲ့ဒီ Widgets တွေရဲ့ Design အနေအထားကို

အပြောင်းအလဲလုပ်ဖို့အတွက် Widgets တွေကို ကျွန်တော်တို့ Apps တွေကြားထဲ(Home Screen)ထိပါ ပြောင်းထည့်လို့ ရသွားပါပြီ။Weather & Battery Percentage Widgets တွေဆိုရင် Home Screen ထဲထည့်ထားသင့်ပါတယ်။

App iConတစ်ခုခုကိုထောက်ပြီး Edit Home Screen ကိုရွေး(+)Sign လေးကိုနှိပ်ပြီး Home Screen ပေါ်မှာ Widgets တွေထည့်လို့ရပါတယ်။

Remove Apps from Home Screen

ဒါက Home Screen ပေါ်က App တွေဖျောက်ချင်ရင် သုံးလို့ရပါတယ်။ App Hide လုပ်ထားတာနဲ့ပုံစံတူတယ် ကိုယ့် Home Screen ပေါ်မှာရှိတဲ့ App ကိုဖျောက်ထားချင်ရင် -

App iCon ကိုတစ်ချက်ဖိ Remove >> "Move to App Library" လုပ်လို့ရပါတယ်။ Home Screen ပေါ်မှာ App တွေများပြီးမျက်စိနှောက်နေရင် ဒီနည်းကိုသုံးပြီး ရှင်းလိုက်လို့ရပါတယ်။

Remove Pages from Home Screen

ဒါက အပေါ်က App တွေ Hide သလိုမျိုးပါပဲ .. App တွေရှိနေတဲ့ Page တွေကိုလည်း Hide လုပ်ထားလို့ရပါတယ် ..။

App iConတစ်ခုခုကိုထောက်ပြီး Edit Home Screen ကိုရွေးပြီးရင် အောက်နားလေးက -

App Page icon(dots) လေးကိုနှိပ်ပြီး ကိုယ် Hide လုပ်ချင်တဲ့ Page တွေကို အမှန်ခြစ်လေးဖြုတ်လိုက်ရုံပါပဲ။

Unhide ပြန်လုပ်ချင်ရင် အမှန်ခြစ်ပြန်ခြစ်လိုက်ပါ။

"App တွေတစ်ခုချင်းစီ Move To App Library မလုပ်ချင်တဲ့သူတွေဆို ဒီနည်းလေးသုံးသင့်ပါတယ်..။"

Back Tap (Edited-Only for iPh 8 and later Series)

ဒီ Tip လေးက iOS 14 မှာ လူကြိုက်များကြတဲ့ Tip တစ်ခုပါ ..

ဖုန်းရဲ့ နောက်​ကျောဖက်ကို Double Tap,Triple Tap လုပ်လိုက်တာနဲ့ -

System, Accessibility, Scroll Gestures, Shortcuts တွေထဲက Settings တစ်ခုခုကိုခိုင်းစေလို့ရပါတယ်။

ဉပမာ - Double Tap ကို Screenshot ရွေးလိုက်တာနဲ့ ကျနော်တို့ Screenshot ရိုက်ချင်တဲ့အခါ "နောက်ကျောကို နှစ်ချက်ပုတ်လိုက်ရုံပါပဲ။ .."

"Setting>Accessibility>Touch>Back Tap ထဲက Double Tap,Triple Tap စိတ်ကြိုက်ရွေးထားလို့ရပါတယ် .."

{/Edited} iPhone 8 and later Series တွေမှာပဲ ရပါဦးမယ်ဗျ {Edited}

Pin Conversations in Messages

Messages(SMS) App ထဲမှာ ကိုယ်နဲ့အမြဲတမ်း Conversation အပြန်အလှန်ပြောမဲ့သူတွေကို Pin လုပ်ထားလို့ရပါတယ်။ အဲ့ဒါဆိုရင် Operator တွေက ပို့တဲ့ Conversation တွေကြားထဲ ကိုယ်နဲ့အမြဲတမ်းပို့နေကျ Conversation တွေပြန်ရှာနေစရာမလိုတော့ပါဘူး။

"Pin လုပ်ထားချင်တဲ့ Conversation ကို ဘယ်ဖက်လေးကို Slide ဆွဲပြီး Pin လုပ်ထားလိုက်ပါ..။"

Hide Hidden Album in Photos App

ဒီတစ်ခုက Photo,Video တွေ ဖွက်ထားချင်သူတွေအတွက်တော်တော်လေးအသုံးဝင်မဲ့ Tip လေးပါ။အရင် iOS Version တွေတုန်းက Photo App တွေက ဓါတ်ပုံတွေကို Select လုပ်ပြီး Hide လုပ်လိုက်တာနဲ့ -

Photo App ထဲက Library ထဲမှာပဲ အဲ့ဒီ Hide လုပ်လိုက်တဲ့ Photos တွေသာပျောက်သွားပြီ ဒီဖက် Albums List ထဲမှာ "Hidden Album" ဆိုတဲ့ Album ကြီးနဲ့ အသိသာလိုက်ကြီးပေါ်နေကြပါတယ်။ သိတဲ့သူဆိုရင် အဲ့ထဲဝင် ကို Hide လုပ်ထားတဲ့ပုံတွေကြည့်သွားရုံပဲ။

အရင် iOS Version တွေတုန်းက Hidden Photo တွေ တကယ်တမ်းကျ အသုံးမဝင်တဲ့ပုံစံပေါက်ခဲ့တယ်။ အခု iOS 14 မှာ အဲ့ Hidden Album ကိုဖျောက်ထားလို့ရတဲ့ Setting လေးတစ်ခုထည့်ပေးလိုက်ပါပြီ ..။

ကိုယ် Hide လုပ်ထားတဲ့ Photo တွေရှိတဲ့ Hidden Album ကိုဖျောက်ထားချင်ရင် Settings >> Photos >> Hidden Album ကို "Off" ထားလိုက်ပါ။

ကိုယ်ပြန်ကြည့်မဲ့အချိန်မှပဲ On ပြီးပြန်ကြည့်လိုက်ရုံပါပဲ။

Long-Press Back Button

ကျနော်တို့ App ထဲက Setting အဆင့်ဆင့်တွေကို ဝင်ပြီး ထိပ်ဆုံး စာမျက်ကို Back ပြန်ထွက်ချင်ရင် အရင်တုန်းကလို တစ်ဆင့်ချင်းထွက်နေစရာမလိုတော့ပါဘူး။

ဉပမာ - Settings >> General >> Keyboard >> Keyboards အထိဝင်သွားကြည့်ပါ ပြီးလျှင် Back ပြန်ထွက်မဲ့ ဘယ်ဖက်ထောင့်လေးကို Keyboards ဆိုတဲ့ စာသားလေးကို "Long Press" (ခဏအကြာဖိ)ဖိကြည့်လိုက် ကိုယ်သွားချင်တဲ့ Settings စာမျက်နှာနာမည်တွေပေါ်လာပါလိမ့်မယ်။

ထိပ်ဆုံးက Settings အထိချက်ချင်းထွက်ချင်ရင် Settings ကိုရွေးလိုက်ရုံပါပဲ။ ဒီ Tip လေးက App တွေအဝင်အထွက်လုပ်တဲ့အခါ အသုံးဝင်ပါလိမ့်မယ်။

Mirrored Selfies

အရင်တုန်းကဆိုလို iPhone Original Camera နဲ့ Selfies ဆွဲရင် တည့်ကြီးပေါ်တယ် ..။ ကြည့်မကောင်းဘူးဆိုတာမျိုးမရှိတော့ပါဘူး။ Third-Party App တွေဖြစ်တဲ့ B612 တို့ Camera 360 တို့လို Selfie ဆွဲလိုက်တာနဲ့ ကြည့်ကောင်းတဲ့ပုံမျိုထွက်လာဖို့ဆို -

Settings >> Camera >> Mirror Front Camera ကို "On" လိုက်ရုံပါပဲ။

Supported on iPhone XS, iPhone XS Max, iPhone XR, and later

Mic and camera access Light

ဒါကတော့ Tip ထဲကမဟုတ်ဘူး သိထားရမဲ့အချက်ထဲမှာတော့ပါတယ်ခင်ဗျ ..။

အရင် iOS တွေမှာမပါခဲ့တဲ့ သိသင့်တဲ့ Access Light လေးတွေအကြောင်းပါ။ ကျွန်တော်တို့ ဖုန်းရဲ့ Microphone ကိုအသုံးပြုနေရင် Screen ညာဖက်ထိပ်နားမှာ "မီးအဝါ" Camera ကိုအသုံးပြုနေရင် "မီးအစိမ်း"ဆိုပြီး လင်းနေပါလိမ့်မယ် ..။

Emoji Search

iOS 14 မှာ Emoji Search လေးပါလာတာတော်တော်လေးအဆင်ပြေပါတယ် ..။ တစ်ယောက်ယောက်ကို ကိုယ်ဖြစ်နေတဲ့ Emotion ကိုပြချင်ရင် အရင်ကလို Emoji ပေါင်းသောင်းခြောက်ထောင်ထဲမှာ စိတ်ရှည်ရှည်နဲ့ ရှာနေစရာမလိုတော့ပါဘူး Original Keyboard ကနေ Emoji ကိုရွေးလိုက်တာနဲ့ Search Box လေးပါလာပြီး အဲ့ထဲမှာ ရှာလိုက်ရုံပါပဲ ..။

Sound Recognition

ဒါလေးက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာအသံတွေမြည်နေလဲဆိုတာကို Noti လေးပေးမဲ့ Setting လေးပါ။

Setting >> Accessibility >> Sound Recognition ဆိုတဲ့ဟာလေးကို "On" လိုက်ပါ အောက်မှာ Sounds 12 မျိုးလောက်ကျလာပါလိမ့်မယ် ..။ အဲ့ထဲက ဘယ်အသံမြည်ရင် Noti တက်စေချင်လဲဆိုတာရွေးထားလိုက်ပါ ..။

ကဲ!! iOS 14 တင်ပြီးတော့ အသုံးဝင်တဲ့ Tips လေးတွေကို ကလိပြီးလို့ အသစ်အဆန်းလေးတွေ ထပ်တွေ့ခဲ့ရင်လည်း Comment Box မှာ ပြန် share ပေးသွားကြပါဦး ...

ရေးသားသူ - Kyaw Hpone Naing (iOS Software Service Technician)

Top