Qualcomm® Snapdragon™ 625 Chipset/ SoC ဆိုတာ ဘာလဲ ?

Date: 27/06/2019

Qualcomm® Snapdragon™ 625 ဆိုတာ အားလုံး တော်တော်များများ ရင်းနှီးပြီးသား Chipset/ SoC အမျိုးအစားတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ခုနောက်ပိုင်းထွက်တဲ့ Smartphones တော်တော်များများ Mid-range တန်း Smartphones တော်တော်များများမှာ အသုံးပြုတဲ့ Chipset/ SoC တစ်ခုပဲ ဖြစ်ပါတယ်။ Qualcomm® Snapdragon™ 625 Chipset/ SoC အသုံးပြုထားတဲ့ Smartphones တွေထဲက အချို့ကတော့ - Redmi Note 4X, Redmi Note 4 Global, MI MAX 2, MI 5X, Motorola Moto G5+, Meizu M6 Note, Asus Zenfone 3, Samsung Galaxy C7 စတာတွေပဲ ဖြစ်ပါတယ်။ (မှတ်ချက် - အခြား Model တွေလည်း အများကြီးရှိပါသေးတယ်ခင်ဗျ) 

ဘယ်လောက်ထိတောင် ဖြစ်သွားလဲဆိုရင် Mid-Range Phone Snapdragon Chipset/ SoC နဲ့လို့ဆိုရင် SD 625 လားဆိုပြီး တန်းပြောလို့ ရနိုင်သလောက်ပါပဲ။

Qualcomm® Snapdragon™ 625 ကို February 11, 2016 မှာ SD 425, 435 တို့နဲ့အတူ စတင်မိတ်ဆက်ခဲ့ပါတယ်။ SD 625 ဟာ Qualcomm ရဲ့ 600 Series ထဲမှာ ပထမဦးဆုံး 14nm FinFET technology နည်းပညာသုံး Chipset/ SoC အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကိုဆိုလိုတာလဲဆိုရင် အပူသက်သာအောင် ထိန်းချုပ်နိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

Display/ Q.C/ Bluetooth

SD 625 မှာ Display ကို Full HD Resolution ထိ support လုပ်ပြီး Bluetooth 4.1 နဲ့ USB 3.0 လည်း Support လုပ်ပေးပါတယ်။ ပြီးတော့ SD 625 က EMMC 5.1 Storage ကို Suppor လုပ်ပေးတဲ့အပြင် Quick Charge 3.0 Technology ကိုလည်း Support လုပ်ပေးပါတယ်။ ဒါပေမဲ့ Quick Charge 3.0 ကတော့ ဖုန်းထုတ်လုပ်တဲ့ Company ရဲ့ Support ပေး/ မပေး ပေါ်မှာပဲ မူတည်တာဖြစ်ပါတယ်။

Performance

Performance ပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် Octa-Core CPU ကို Suport ဖြစ်တဲ့ SD 625 ဟာ အခြား Model တွေဖြစ်တဲ့ SD 820, 821, 835 စတာတွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ General Performance အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အမြန်ဆုံး CPU မဟုတ်ပေမဲ့ Stable အဖြစ်ဆုံး CPU လို့ပြောရမှာပါ။ သူ့မှာ ပါဝင်တဲ့ 14nm FinFET technology ကို ပိုမိုမြန်ဆန်တဲ့ CPU Core တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုပြီး ကောင်းမွန်တဲ့ Processor တစ်ခုဖြစ်လာမှာပါ။

Power Efficiency

SD 625 ရဲ့ နာမည်အကြီးဆုံး အပိုင်းလို့ပြောရမှာပါ။ အပူထုတ်မှု သက်သာပြီး Battery တော်တော်ခံတယ်လို့ပဲ ဆိုရမှာပါ။ Power Efficiency ပိုင်းမှာဆိုရင် SD 625 ဟာ သူ့ Series မှာရှိတဲ့ SD 650/ 652 တွေနဲ့ ယှဉ်ရင် အပြတ်အသတ်ကို သာတာ တွေ့ရမှာပါ။ :D

GPU & Gaming Performance

SD 625 က GPU မှာ Qualcomm® Adreno™ 506 GPU ကို Support ဖြစ်ပါတယ်။ Cortex A53 Core ကြောင့် Performance ပိုင်းမှာ အနည်းငယ် လျော့နည်းပေမဲ့ ရေရှည် Game ကစားတာတွေမှာ Lag ဖြစ်တာတို့ ဘာတို့တော့ အနည်းငယ်ပဲ ဖြစ်မှာပါ။

Modem/ Network

ဒါလည်း SD 625 ရဲ့ နောက်ထပ် နာမည်ကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ X9 LTE Modem ကိုအသုံးပြုထားတာ ဖြစ်တာကြောင့်မို့ ယခင်ထွက်ရှိခဲ့တဲ့ SD 650/ SD 652 စတဲ့ CPU တွေထက်စာရင် Mobile Network/ Data Download/ Upload တွေမှာ ပိုမို သာလွန်တာကိုတွေ့ရမှာပါ။ SD 650/ 652 တွေမှာ X8 LTE Modem ကိုအသုံးပြုထားပြီး SD 625 မှာတော့ အမြင့်ဆုံး Download Speed အနေနဲ့ 300 Mbps ထိ ရရှိနိုင်ပြီး အမြင့်ဆုံး Upload Speed အနေနဲ့ 150Mbps ထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Conclusion

ဈေးနှုန်းသက်သာတဲ့အပြင် Battery စားသက်သာ၊ အပူထုတ်မှု သက်သာပြီး Mobile Network အဆင်ပြေပြီး General Performance အနေနဲ့ အားလုံးအဆင်ပြေတဲ့ SD 625 ကို ဒါကြောင့်မို့လည်း Brand တော်တော်များများက Mid-range devices တွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ယခု Qualcomm® Snapdragon™ 625 အကြောင်းလေးကို ဖတ်ရှုပြီး Smartphones တွေကိုရွေးချယ် ဝယ်ယူမယ်ဆိုရင်တော့ အနည်းငယ် ခေါင်းစားသက်သာသွားမယ်လို့ ကျွန်တော်တို့ Win Mobile World မှ မျှော်လင့်မိပါတယ်ခင်ဗျာ။ Qualcomm® Snapdragon™ 625 ချင်း တူတူဆို ဘာတွေကွဲသွားမလဲ ? ဘာတွေ သာ သွားမလဲ ? ကြည့်ရုံနဲ့ မိမိအကြိုက်နဲ့ ကိုက်ညီတာကို ချက်ချင်း ရွေးချယ်ဝယ်ယူနိုင်ကြစေမှာ အမှန်ပါပဲခင်ဗျာ။ 

Top