2020 Apple Event | Recap

Date: 17/09/2020

တစ်နေ့က ည (၁၁း၃၀) က ပြုလုပ်သွားတဲ့ Apple Event ကို တော်တော်များများ ကြည့်မိလိုက်ကြမယ်ထင်ပါတယ် ..။ မကြည့်မိလိုက်တဲ့သူတွေအတွက် အတိုချုပ် Recap လေး ပြောပြပေးချင်ပါတယ် ..။ အရမ်းထူးထူးဆန်းဆန်းမျိုးမဟုတ်ဘဲ သတင်းတွေ ကြိုသိထားသလိုမျိုး Product ထဲမှာဆိုရင် New iPad Air, iPad 8th Gen နဲ့ Apple Watch Series 6 ရယ် Apple Watch SE ရယ် ကိုပဲ အဓိကထား မိတ်ဆက်သွားခဲ့တာပါ ..။ New iPhone တွေ ပါဦးမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ကြိုပြောထားခဲ့သလိုပဲ iPhone Model အသစ်တွေက ရှေ့လ (အောက်တိုဘာ) ထဲမှာမှ နောက်တစ်ခါ မိတ်ဆက်လာနိုင်ပါတယ် ..။

Apple Watch Series 6

ကြိုတင်ပြီး သတင်းတွေထွက်နေခဲ့တဲ့အတိုင်းပဲ Apple Watch Series 6 မှာ SpO2 လို့ခေါ်တဲ့ Blood Oxygen တိုင်းတာလို့ ရတဲ့ Features တွေ Sleep Tracker လို့ခေါ်တဲ့ အိပ်ချိန်ကို မှတ်သားထားပေမဲ့ Features တွေ အသစ်အပိုပါလာပါတယ် ..။ Always On Display က ပိုကောင်းလာမယ်လို့ ဆိုထားပါတယ် ..။ ဒီတစ်ခါမှာတော့ Series 6 ကို Fast Charging Support ပေးထားပေမဲ့ Environment Save လုပ်တဲ့အနေနဲ့ USB Adpater ပါဝင်လာမှာ မဟုတ်ပါဘူးတဲ့ !! ထုံးစံအတိုင်း Watch Faces တွေအများကြီး ပါဝင်လာမှာဖြစ်ပြီးတော့ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်း အနေနဲ့ ကိုယ့်ရဲ့ Memoji ပုံတွေကိုပါ Watch Face အနေနဲ့ ပြောင်းနိုင်တော့မှာ ဖြစ်ပါတယ် ..။ လက်ပတ်ကြိုးတွေကတော့ Solo Loop, Braided Solo Loop ဆိုပြီး အသစ်တွေမိတ်ဆက်ခဲ့ပြီး အရောင်အသစ်တွေလည်း ပါဝင်လာပါတယ် ..။

Apple Watch SE

Apple Watch SE ကတော့ စဉ်းစားလို့မရတဲ့ မော်ဒယ်ပါ .. စျေးသက်သာအောင်လုပ်ပေးထားပြီး Apple Watch Series 3 ထက် ပိုမြန်၊ Series 6 လိုမျိုး Display မျိုးသုံးပေးထားတယ် ဆိုပါတယ်၊ Chipset ကတော့ S5 Chip ဆိုတော့ Series 5 မှာ သုံးထားတဲ့ Chipset အမျိုးအစားပါပဲ ..။ Store မှာ Series 5 ဆိုတာမရှိတော့ဘဲ Watch SE က နေရာယူသွားတာဆိုတော့ Series 5 နေရာကို Watch SE နဲ့ အစားထိုးလိုက်တဲ့ ပုံပါ ..။ Compare လုပ်ကြည့်သလောက်တော့ Series 5 က Always On Display ရယ် ECG ဘာညာပါ ရတယ်ဆိုရင် Watch SE ထက်ကို သာနေတာာတွေ့ရပါတယ်၊ လက်ရှိ Series 5 သမားတွေ Upgrade လုပ်မယ်ဆို Series 6 ကိုပဲ စဉ်းစားရမှာပါ ..။

New iPad Air

New iPad Air မှာ Design ပိုင်းရော Performance ပိုင်းရော အပြောင်းအလဲတွေနဲ့ထွက်လာတာပါ၊ iPad Pro လို လေးထောင့်ဆန်ဆန် ဘေးဘောင်တွေရယ်နဲ့ Bezels တွေက ပါးပါးလေးနဲ့ထွက်လာတာပါ ..။ 10.9-in ရှိတဲ့ Display Size ကိုမှ 2360 x 1650 pixels ရှိတဲ့ Liquid Retina Display နဲ့ ဖြစ်ပါတယ် ..။ True Tone တွေ၊ Anti-reflective display coating ဘာညာလည်း ပါဦးမှာပါ ..။ Rebranded Touch ID ဆိုပြီး ကြေညာသွားတဲ့နေရာမှာ in-screen fingerprint များ ဖြစ်ပြီးလားလို့ စိတ်လှုပ်ရှားသွားပေမဲ့ တကယ်တမ်းက Power Button မှာ Touch ID ကို ပေါင်းထားတာ ဖြစ်ပါတယ် ..။ New iPad Air မှာ အမိုက်ဆုံးကိုပြောရရင်တော့ Industry First လို့တောင်ပြောလို့ရတဲ့ 5nm Chip (A14 Bionic Chip) ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ် ..။ အရင် iPad Air ထက် Performance ပိုင်းမှာ 40% လောက်ကို ပိုကောင်းလာတယ်ဆိုပြီး ပြောထားတာမို့ Performance ပိုင်းမှာတော့ တော်တော်လေး သိသိသာသာကို ကွာခြားသွားမှာ ဖြစ်ပါတယ် ..။

Apple Pencil 2nd Gen ကို Support လုပ်တာမို့ Pencil လည်း သုံးနိုင်မှာ ဖြစ်ပြီး iPad Pro လို Magnetic Charging နဲ့ အားသွင်းနိုင်မှာပါ ..။ iPad Pro လိုပဲ USB Type-C ဖြစ်သွားမှာ ဖြစ်ပြီး Magic Keyboard ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..။ ဆိုတော့ iPad Pro သမားတွေအတွက် ငိုစရာလားလို့ မေးလာမှာ ရှိပါတယ်၊ ကျွန်တော့်အနေနဲ့ ပြောရင်တော့ New iPad Air မှာ Chipset အပိုင်းပိုသာသွားပေမဲ့ iPad Pro ရဲ့ 120Hz Refresh Rate Display ရယ် FaceID ရယ် မပါတာရှိဦးမှာဆိုတော့ iPad Pro သမားတွေကတော့ သာသာယာယာ စင်ပေါ်မှာရှိနေဦးမှာပါ ..။

iPad 8th Gen

စျေးသက်သာတဲ့ iPad Series တွေဖြစ်တဲ့ iPad 10.2 8th Gen က အရင် Generation နဲ့ ထွေထွေထူးထူး သိပ်ပြီး ကွာသွားမှာ မဟုတ်ဘဲ A12 Bionic Chip ကိုအသုံးပြုထားတာမို့ Performance ပိုင်းပဲ ပိုကောင်းမွန်လာတာ ဖြစ်ပါတယ် ..။ တခြား Apple Pencil တို့ Keyboard တို့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..။

Others

တခြားဟာတွေအနေနဲ့ကတော့ Apple Fitness+ လို့ခေါ်တဲ့ Fitness Plan တစ်ခုကို တစ်လကို 9.99$ ကနေ စပြီး ရောင်းတာရယ် Apple One လို့ခေါ်တဲ့ All in One Plan တစ်ခုဖြစ်တဲ့ Apple Music ရယ် Apple TV ရယ် iCloud ရယ် အကုန်လုံးကို တစ်ခုတည်း ပေါင်းပြီး ရောင်းတဲ့ Plan ပုံစံတွေဆိုပြီး မိတ်ဆက်သွားခဲ့ပါတယ် ..။

ဘယ်အချိန်တွေမှာ ပစ္စည်းတွေ ရမှာလဲ?

စိတ်အဝင်စားဆုံး မေးခွန်း ဖြစ်မယ်ထင်ပါတယ် ..။

  1. iPad 8th Gen က (18.9.2020) ကနေစပြီး Store မှာ မှာလို့ရမှာဆိုတော့ ခန့်မှန်းချေ လကုန်လောက်မှာ မြန်မာပြည် စျေးကွက်ထဲ ဝင်လာနိုင်ပါတယ်။
  2. New iPad Air ကတော့ Store မှာကို October မှ ရမှာပါ ..။
  3. Apple Watch Series 6 နဲ့ Apple Watch SE တွေကတော့ (18.9.2020) မှာစပြီး Store မှာ မှာလို့ရမှာဖြစ်ပြီးတော့ ခန့်မှန်းချေ လကုန်လောက်တော့ စုံစုံလင်လင်ရောက်လာနိုင်လောက်မှာပါ ..။
  4. WatchOS7, iPad OS, iOS 14, TV OS တွေကတော့ ဒီနေ့ (16.9.2020) ည မှာ စပြီး Upgrade လုပ်လို့ရမှာ ဖြစ်ပါတယ် ..။

ဒါတွေက အကုန်လုံး ခန့်မှန်းရောက်နိုင်မဲ့အချိန်တွေဖြစ်ပြီးတော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေ၊ လေကြောင်းလိုင်း အနေအထားတွေပေါ်မူတည်ပြီး အပြောင်းအလဲ အများကြီး ရှိနိုင်မှာပါ ..။ စျေးနှုန်းတွေအနေနဲ့ကတော့ အတိအကျမပြောတတ်သေးပါဘူး ပစ္စည်းရောက်ပြီး စျေးနှုန်းသိတာနဲ့ ကျွန်တော်တို့ Page မှာ သတင်းပေးသွားမှာပါဗျ ..။ ဒီထက်ပိုစောပြီး သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Hotline Phone Number လေးတွေကို ဆက်ပြီး ကိုယ်လိုချင်တဲ့ ပစ္စည်း၊ အရောင် စတာတွေကို နာမည်နဲ့ ဆက်သွယ်ဖို့ ဖုန်းလေးတွေ ပေးထားပြီး မှာထားလို့ရပါတယ်၊ Page မှာမတင်ခင် အရင်ဆုံး ဦးစားပေးဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်ဗျ ..။

Top