iCloud Password ကို ဘာလို့လွယ်လွယ် မမေ့သင့်သလဲ?
iCoud Password မေ့မထားသင့်တဲ့အကြောင်းအရင်းကို
iCloud နဲ့ Apple ID ဆိုတာအတူတူပဲလား? ဒါကအမေးများကြတဲ့ မေးခွန်းပါ၊ iCloud နဲ့ Apple ID ဟာအတူတူပါပဲ ဒါပေမဲ့ Apple ID ကို Setting ထိပ်ဆုံးက iCloud ထဲမှာ Sign in လုပ်မထားဘဲနဲ့ App Store မှာပဲ Sign in လုပ်ထားရင်တော့
အဲ့ဒီ iPhone ဟာ iCloud မရှိဘူး/မဝင်ထားဘူးလို့ သတ်မှတ်လို့ရပါတယ်။ ကိုယ်သုံးတဲ့ iPhone မှာ iCloud ဝင်ထားမထားသိချင်ရင် Setting ရဲ့ ထိပ်ဆုံးမှာရှိတဲ့ ကိုယ့်နာမည်ပေါ်နေတဲ့ Tab လေးကိုဝင်ပြီးကြည့်နိုင်ပါတယ်။ iCloud မဝင်ထားရင် Off ဖြစ်နေမှာပါ။ အဲ့လိုသာ Off ဖြစ်နေရင် iCloud ဝင်ထားလိုက်ပါနော်။
iCloud ကဘာတွေသိမ်းထားပေးလဲ?
Setting ထဲမှာ iCloud စဝင်လိုက်တာနဲ့ Free storage က 5GB ပါပြီးသားပါ။ Setting>Account Name>iCloud ထဲဝင်လိုက်တာနဲ့Storage 5GB ရဲ့အောက်မှာ iCloud ထဲထည့်သိမ်းထားချင်တဲ့ App iCon တွေကိုတွေ့ရပါလိမ့်မယ်။ On ထားသမျှ App ထဲက Data တွေကို iCloud ထဲသိမ်းထားပေးပါတယ်။ iCloud က 5GB ပဲရှိတဲ့အတွက် ကျွန်တော်တို့ Photos က iCloud Photos ကို On ထားလိုက်ရင်တော့ iCloud ရဲ့ Free Storage 5GB ကအမြန်ပြည့်သွားမှာ အသေအချာပါပဲ။
iCloud ရဲ့ Free Storage 5GB နဲ့ပဲလောက်အောင်သုံးမယ်ဆိုရင် iCloud Photos ကိုပိတ်ထားဖို့လိုပြီးတော့ iCloud Manage Storage ထဲက Devices Backups တွေကို ပုံမှန်ဖျက်ပေးလို့လိုမယ်ခင်ဗျ။
iCloud Storage Plan စျေးနှုန်းတွေကို iCloud Manage Storage >> iCloud Storage Plan ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ အနည်းဆုံး 50GB ကနေ အများဆုံး 2TB (2000GB) အထိဝယ်သုံးလို့ရပါတယ်။ iTunes Gift Card နဲ့ဝယ်သုံးနိုင်ပါတယ်။ iCloud Storage Plan ကိုလစဉ်ဝယ်သုံးခြင်းအားဖြင့် ကျွန်တော်တို့ဖုန်းထဲက Data တွေအားလုံးနီးပါးကို Wifi ချိတ်ထားတဲ့အချိန်မှာ iCloud ထဲ Auto Upload လုပ်ထားပေးတဲ့အတွက် ဖုန်းပျောက်သွားတာတို့ ဖုန်းထဲက Data တွေမတော်တဆပျက်သွားတာတွေဖြစ်လခဲ့ရင် iCloud ထဲကနေ အလွယ်အကူ Download ပြန်ဆွဲချလို့ရပါတယ်။
How to Download Photos from iCloud & Restore Devices Backups to New iDevice?
အကယ်၍များ ကိုယ့်ရဲ့ဖုန်းကပျောက်သွားလို့ iCloud က Photos တွေကို ပြန်ရချင်ရင် iPhone ထဲကို iCloud Account ဝင်ပြီးတော့ Wifi ချိတ်ထားရုံနဲ့ဆိုရပါပြီ။ Computer ကနေဆိုရင် iCloud.com ထဲကိုဝင်ပြီးတော့ ကိုယ့် iCloud Account sign in ဝင်ပြီး Photo icon ထဲဝင်ပြီး Photos တွေကို Download ဆွဲချလို့ရပါမယ်။
ကိုယ်က iCloud ကိုလည်းဝယ်သုံးထားတယ် အရင်ဖုန်းအဟောင်းထဲက Data တွေအားလုံးကို ဖုန်းအသစ်ထဲပြန်ရချင်ရင် ဖုန်းအသစ် Set Up လုပ်တဲ့အချိန်မှာ Restore From iCloud Backup ကို ရွေး iCloud Account ဝင်ပြီး ကိုယ့်ရဲ့ Device အဟောင်းရဲ့ Name ကိုရွေးပြီးတော့ Device Backup / Restore လုပ်လို့ရပါတယ်။
How to Find iPhone?
ကျွန်တော်တို့ရဲ့ iPhone Settings ထဲမှာ iCloud ဝင်ထားပြီးရင် Find My iPhone On ထားရဲ့လားဆိုတာကိုလည်းသေချာစစ်
Find My iPhone On မထားတာထက် ထီအကြီးကြီးပေါက်ကြသူတွေကတော့ ကျွန်တော်အစကပြောထားသလို iCloud Password ကိုသေချာမှတ်မထားကြသူတွေပါ iCloud Password ကိုသာမေ့သွားခဲ့ရင် ကျွန်တော်ပြောခဲ့တဲ့ iCloud ရဲ့လုပ်ဆောင်ချက်တွေကို သုံးလို့ရမှာမဟုတ်ပါဘူး။ အကယ်၍ကို့ဖုန်းပျောက်သွားခဲ့ရင်
အဲ့ဒီအတွက် Apple ID Password ကို Note ထဲမှာပဲ မှတ်ထားတာတွေမလုပ်ဘဲ ကိုယ့်အတွက်အရေးကြီးတဲ့ အရာတွေမှတ်လေ့ရှိတဲ့ Note Book ထဲမှာ ဒါမှမဟုတ် ကိုယ့်စိတ်ထဲမှာ သေချာလေး မှတ်ထားဖို့ လိုအပ်ပါတယ်။ iCloud Password တင်မဟုတ်ပါဘူး -
- iCloud User Name
- iCloud Password
- Two-Factor Authentication ခံထားတဲ့ Phone Number တွေကို သေချာမှတ်ထားကိုလိုအပ်ပါလိမ့်
မယ်။
ရေးသားသူ - Kyaw Hpone Naing (iOS Software Service Technician)