မနေ့က အသစ်ထွက်လာတဲ့ Apple Products တွေက ဘာတွေလဲ?

Date: 19/03/2020

အားလုံးပဲမင်္ဂလာပါခင်ဗျ...

မနေ့ကပဲ အသစ်ထွက်ရှိလာတဲ့ Apple Products လေးတွေအကြောင်း အနည်းငယ်ပြောပြပေးချင်ပါတယ်ခင်ဗျာ။ မိတ်ဆက်ပွဲတောင်မလုပ်လိုက်ပဲ ဒီတိုင်း Apple Official Website နဲ့ Apple Newsroom မှာပဲ တင်ပေးခဲ့တာဖြစ်ပါတယ်။

မိတ်ဆက်ပေးသွားတဲ့ 2020 Released Products အသစ်စက်စက်လေးတွေကတော့ - iPad Pro 11" 2020 (2nd Generation), iPad Pro 12.9" 2020 (4th Generation), iPad Magic Keyboard နဲ့ MacBook Air 2020 တို့ပဲဖြစ်ပါတယ်ခင်ဗျာ။

#iPadPro11 #iPadPro12.9

iPad Pro 11" (1st Generation) ကို 2018 ခုနှစ်မှာမိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ (2nd Generation) ကိုတော့ အခု 2020 ခုနှစ် မနေ့ကပဲအသစ်ထွက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာ။ အသစ်ထွက်ရှိတဲ့ iPad Pro 12.9" ကတော့ (4th Generation) ဖြစ်ပါတယ်။ သူ့ရဲ့ ယခင် Generation ကတော့ 2015 ခုနှစ်မှာတခါ၊ 2017 ခုနှစ်မှာတခါနဲ့ 2018 ခုနှစ်မှာ တခါထွက်ရှိခဲ့တာဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ iPad Pro 11" နဲ့ iPad Pro 12.9" မှာတော့ Display Size ကွာခြားတာကလွဲလို့ ကျန်တဲ့ Features အားလုံးကတော့ အတူတူပါပဲခင်ဗျာ။ အခုဆိုရင် Apple ရဲ့ iPad Pro တွေဟာ "Your next computer is not a computer" ဆိုတဲ့အတိုင်းပဲ ဒီဘက်ခေတ်မှာ iPad Pro တွေရဲ့ စွမ်းဆောင်ရည်တွေက သာမာန် PC/ Laptop တလုံးထက် အများကြီးပိုမြန်နေပါပြီ။ ဟုတ်ပါတယ်၊ အဲ့ဒါအမှန်ပါပဲခင်ဗျာ။


iPad Pro 11" 2020 (2nd Generation) တခုရှိရုံနဲ့ PC/ Computer တလုံးလို အသုံးပြုလို့ရမယ်။ Pro Camera ဆိုတဲ့တိုင်း Triple Camera Setup Design ကိုမှ 12MP, f/1.8 (wide) + 10MP, f/2.4 (ultrawide) နဲ့ TOF 3D LiDAR Scanner (depth) တို့ကို တပ်ဆင်အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ပြီးတော့ iPad ဖြစ်တာမို့ Touch Display ဖြစ်တာရယ်၊ Graphic Designer တွေပဲဖြစ်ဖြစ်၊ Architect သမားတွေပဲဖြစ်ဖြစ် Pencil တွေ Keyboard တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

iPad Pro 11" (2nd Generation) မှာမှစတင်ပါဝင်လာတဲ့ LiDAR Scanner (depth) အကြောင်းလေး အနည်းငယ်ပြောပြပေးချင်ပါတယ်။ LiDAR ဆိုတာက Light Detection and Ranging ကိုပြောတာပါ။ သူက အရာဝတ္တုတခုဆီကနေ ရောင်ပြန်ထွက်လာတဲ့ အလင်းရဲ့ကြာချိန်ကိုတိုင်းတာပြီးတော့ အကွာအဝေးဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက်ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။


ထူးခြားတာနောက်တခုက အဲ့ဒီ LiDAR Sensor ကို NASA ကနေ နောင်လာမယ့် Mars ဂြိုလ်ကိုသွားမယ့် Mission မှာ အသုံးပြုဖို့အတွက် အရမ်းအဆင့်မြင့်တဲ့ Sensor တခုပဲဖြစ်ပါတယ်။ အခု အဲ့ဒီ Sensor လေးကို Apple ကနေ သူ့ရဲ့ အသစ်စက်စက် iPad Pro 11" (2nd Generation) ထဲမှာ ထည့်သွင်းပေးလိုက်ပါပြီ။

Display ပိုင်းကိုတော့ ယခင် 1st Generation မှာလိုပဲ Liquid Retina Display ကိုမှ 120Hz ProMotion Technology နဲ့ True Tone Display ကိုအသုံးပြုပေးထားတာဖြစ်ပြီးတော့ Chipset ပိုင်းကိုတော့ A12Z Bionic chip with Neural Engine နဲ့ Upgrade လုပ်ပေးထားတာတွေ့ရပါတယ်ခင်ဗျာ။

အခု အသစ်ထွက်ရှိတဲ့ iPad Pro 11" (2nd Generation) မှာကတော့ Keyboard အသုံးပြုချင်ရင် Smart Keyboard Folio အပြင် အသစ်ထွက်ရှိလာတဲ့ Magic Keyboard နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။​ Magic Keyboard ကတော့ လာမယ့် မေလပိုင်းလောက်မှ ဖြန့်ပေးမယ်လို့ သိရပါတယ်ခင်ဗျာ။

iPad Pro 11" (2nd Generation) နဲ့ iPad Pro 12.9" (4th Generation) မှာတော့ ယခင် Model လို 64GB မထုတ်တော့ပဲ 128GB, 256GB, 512GB နဲ့ 1TB ဆိုပြီးထုတ်လိုက်ပါတယ်။ WiFi Only Model နဲ့ WiFi + Cellular ဆိုပြီး (၂) မျိုးထွက်ရှိမှာဖြစ်ပြီးတော့ အရောင်ကတော့ ပုံမှန်အတိုင်း Silver နဲ့ Space Gray (၂) ရောင်ထုတ်လုပ်ပေးထားပါတယ်ခင်ဗျာ။

#MacBookAir2020

Apple ရဲ့ အရောင်းရဆုံး MacBook အမျိုးအစားထဲမှာပါတဲ့ Apple MacBook Air ကို 2020 Model အနေနဲ့ Magic Keyboard အသစ်နဲ့ Storage ပိုင်းကို ယခင် 128GB အစား Space များများထည့်လို့ရအောင် 256GB နဲ့စပြီးထုတ်ပေးထားပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ MacBook Air 2020 ဟာ ယခင် Model တွေထက် CPU Performance ပိုင်းမှာ (၂)​ ဆ ပိုမြန်ပြီးတော့ Graphics Performance ပိုင်းမှာ 80% လောက် ပိုမြန်မယ်လို့ဆိုပါတယ်။


Apple အနေနဲ့ MacBook Air 2020 မှာ Quad-core processors ကို ပထမဦးဆုံးအနေနဲ့ MacBook Air Model မှာစသုံးတာဖြစ်ပါတယ်။ နောက်တခုကတော့ Magic Keyboard ပါ။ မနှစ်ကထွက်ခဲ့တဲ့ MacBook Pro 2019 16-inch မှာစပြီး အသုံးပြုခဲ့တဲ့ အတော်များများသဘောကျကြိုက်နှစ်သက်တဲ့ Magic Keyboard ကိုထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပါတယ်။

Storage ပိုင်းကတော့ ယခင် အနည်းဆုံး 128GB အစား အခု MacBook Air 2020 မှာ 256GB ကစပြီး 512GB, 1TB နဲ့ 2TB ဆိုပြီး (၄) မျိုးထုတ်လုပ်ပေးထားပါတယ်။ အရောင်ကတော့ ထုံးစံတိုင်း Silver, Space Gray နဲ့ Gold ဆိုပြီး (၃) ရောင်ထုတ်လုပ်ပေးထားပါတယ်ခင်ဗျာ။

လောလောဆယ်မှာတော့ အသစ်ထွက်ရှိလာတဲ့ iPad Pro 11" 2020 (2nd Generation), iPad Pro 12.9" 2020 (4th Generation), iPad Magic Keyboard နဲ့ MacBook Air 2020 တို့ရဲ့ စျေးနှုန်းနဲ့ ဘယ်ချိန်လောက် ပစ္စည်းဝင်မယ်ဆိုတာကို အတိအကျမပြောတတ်သေးပါခင်ဗျာ။ ထုံးစံအတိုင်း ပစ္စည်းဝင်တာနဲ့ ကျွန်တော်တို့ပေ့မှာ ပို့စ်တင်ပေးမှာပါခင်ဗျာ။

ကြိုတင်မှာယူ/ ဝယ်ယူလိုသူများအနေဖြင့်လည်း ကျွန်တော်တို့ Win Mobile World ရဲ့ Operator Team - 09785222888, 09443222888 ကို လိုချင်တဲ့ Model/ Specs အလိုက် နာမည်နဲ့ ဖုန်းနံပါတ်ပေးထားပြီး ပစ္စည်းရောက်တာနဲ့ ဆက်သွယ်ပေးလို့ရအောင် ကြိုတင်ဆောင်ရွက်ထားနိုင်ပါတယ်ခင်ဗျာ။

Top