Tencent နဲ့ပေါင်းထုတ်ထားပြီး လန်ပြန်ထွက်နေတဲ့ Features တွေနဲ့ Black Shark 3 Pro Gaming Smart Phone

Date: 11/03/2020

အားလုံးပဲမင်္ဂလာပါခင်ဗျာ...

Black Shark Gaming Smartphone ဆိုတာ Gaming SmartPhone လောကမှာ နာမည်ကြီးသလို Xiaomi အနေနဲ့ Black Shark နဲ့ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ဆိုရင် Tencent နဲ့ပါ ထပ်ပြီးပူးပေါင်းထုတ်လုပ်လိုက်ပါပြီ။ ဆိုတော့ Black Shark 3 Pro မှာ လန်ပြန်ထွက်နေတဲ့ Features အသစ်တွေအကြောင်းကို ဆက်ပြီးကြည့်လိုက်ရအောင်ဗျ။

Black Shark 3 အကြောင်းဖတ်ချင်ရင်တော့ ဒီပို့စ်လေးမှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ - http://bit.ly/WMW_BlackShark3

Black Shark 3 Pro မှာ Qualcomm® Snapdragon™ 865 SoC ကိုအသုံးပြုထားတာဖြစ်ပြီး High-end SoC တခုဖြစ်သလို 5G Network ပါရရှိမှာဖြစ်ပါတယ်။ Black Shark 3 Pro ကို 8/256GB နဲ့ 12/256GB ဆိုပြီး Variant (၂) မျိုးထုတ်လုပ်ပေးထားပြီးတော့ Phantom Black နဲ့ Armor Gray ဆိုပြီး (၂) ရောင် ထုတ်လုပ်ထားပါတယ်ခင်ဗျာ။

Black Shark 3 Series မှာ Black Shark 3 Pro မှာသာပါတဲ့ Feature အလန်းစားတခုရှိပါတယ်။ အဲ့ဒါကတော့ Lifting Mechanical Gaming Buttons တွေပဲဖြစ်ပါတယ်။ ဒါကြောင့် PUBG Mobile လိုမျိုး Shooting Games ဆော့ကစားတာမျိုးမှာ Display က Fire Button ကို ဖိနေစရာမလိုပဲ ဘေးဒေါင့်နှစ်ဖက်က Button ကိုဖိပြီး အလွယ်တကူပစ်လို့ရသွားစေပါတယ်။ Button တွေက Game ဆော့ကစားရတဲ့ အတိုင်း Feedback ကိုခံစားရစေမှာဖြစ်ပြီးတော့ Zero-delay ဖြစ်တာကြောင့် အတော်လေးမိုက်တဲ့ Feature တခုလို့ပြောရမှာပါ။

Black Shark 3 Pro မှာ Black Shark 3 လိုပဲ Fun Voice Control Function ပါဝင်ပါတယ်။ PUBG Mobile ဆော့တဲ့အခါ Player အချင်းချင်း Shouted to Play! လုပ်လို့ရပါတယ်။ Player အချင်းချင်းပြောလိုက်တဲ့ စကားသံကို Identify လုပ်ပြီးတော့ Triggering လုပ်တာမျိုးကို ပြုလုပ်ပေးမယ့် Function တခုပါ။ (တရုတ်လိုပြောရဖို့တော့ များမယ်ထင်ပါတယ်၊ သေချာမစမ်းရသေးတဲ့အတွက် English လို ရ/မရ မပြောတတ်ပါ)

Black Shark 3 Pro မှာ Black Shark 3 လိုပဲ WiFi 6 + 5G Network ဖြစ်တာကြောင့် Two-way Network ဖြစ်ပြီးတော့ High-speed Network ကိုရရှိစေမှာပါ။ ဂိမ်းဆော့ရင်း လိုင်းမကောင်းဘူးတို့/ ဘာတို့ သိပ်ပြောစရာမလိုတော့ဘူးပေါ့ :P ဒါတွေတင်မကပါဘူး Black Shark 3 Series မှာ အသံပိုင်းစနစ်ကိုလည်း အတော်လေးအဆင့်မြှင့်တင်ထားတာတွေ့ရပါတယ်ခင်ဗျာ။

Black Shark 3 Pro မှာ Black Shark 3 လိုပဲ Tencent ရဲ့ Solar Core Gaming Engine ပါဝင်တာကြောင့် Gaming Performance ကိုလည်း Boost လုပ်ပေးနိုင်သလို Liquid Cooled Cooling System ပါဝင်တာကြောင့် Heat တက်လို့ ဂိမ်းဆော့ရတာ ဖီးလ်ပျက်တာမျိုးကိုလည်း သက်သာစေမှာပါ။

Display ပိုင်းမှာ Hardware-Based 90Hz MEMC Technology ကိုအသုံးပြုထားတာတွေ့ရပါတယ်။ ပုံမှန်အားဖြင့် MEMC Technology ဟာ High-end TVs တွေမှာ ပါဝင်တာဖြစ်ပြီးတော့ 24fps, 30fps နဲ့ Video File တွေကို 60fps, 120fps ထိ Playback ရအောင် လုပ်ဆောင်နိုင်တဲ့ နည်းပညာတခုဖြစ်ပါတယ်ခင်ဗျာ။ High-end TVs တွေမှာသုံးတဲ့ နည်းပညာဖြစ်တာမို့ Smartphone တွေမှာ အသုံးပြုနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ MEMC Technology ကြောင့် Playback တွေ ပိုမိုကောင်းမွန်လာမှာ အမှန်ပါခင်ဗျာ။

Black Shark 3 မှာ 7.1 Inches (1440p x 3120p Resolution) AMOLED Display ကိုအသုံးပြုထားတာမို့ Always-on display လည်းရမယ်၊ HDR10+ နဲ့ 90Hz Display ကိုမှ 270Hz Touch-Sensing ဖြစ်တာမို့ မိုက်ပါတယ်။ Black Shark 3 Pro ရဲ့ Display ကတော့ 7.1 Inches ဖြစ်တာမို့ Screen ခပ်ကြီးကြီးနဲ့ Gaming SmartPhone ပီပီ အတော်လေး အားရပါးရ ကိုင်ပြီးဆော့လို့ရတဲ့ ဖီးလ်မျိုးရရှိစေနိုင်ပါတယ်။

Black Shark 3 Pro မှာ 5000mAh Battery ကိုအသုံးပြုထားပြီးတော့ Charging ပိုင်း မြန်ဆန်ကောင်းမွန်ဖို့အတွက် 65W ထိ Supported ပေးထားတာတွေ့ရပါတယ်။ ဒီနေရာမှာ တခုပြောပြချင်တာက Black Shark 3 Pro မှာ ထောက်ပံ့ပေးထားတဲ့ 65W Charging စနစ်က 0 to 50% ထိလောက်တင်မဟုတ်ပဲ 0 to 100% ထိ Supported ပေးထားတယ်ဆိုတာပါပဲခင်ဗျာ။ ဒါကြောင့် 0 to 50% လောက်ကို (၁၂) မိနစ်ဝန်းကျင်လောက်နဲ့ အားသွင်းနိုင်မှာဖြစ်ပြီး 0 to 100% ကို (၃၈) မိနစ်တည်းနဲ့ အားသွင်းနိုင်မှာပါ။

Black Shark 3 နဲ့တူတဲ့ နောက်ထပ် Features တခုကတော့ ပုံမှန်ပါတဲ့ USB Type-C Cable နဲ့ အားသွင်းရင်း ဂိမ်းဆော့တဲ့အခါ လက်အနေအထားက ကို့လို့ကန့်လန့်နဲ့ အဆင်မပြေတာတွေကို ဖြေရှင်းဖို့အတွက် 18W Magnetic Charging Cable အသုံးပြုလို့ရတာပါပဲ။ (ကျနော်သိသလောက်တော့ 18W Magnetic Charging က Box ထဲမှာပါဝင်ခြင်းမရှိပါဘူး/ 79 Yuan နဲ့ ရောင်းတယ်လို့တော့သိရပါတယ်ခင်ဗျာ)

Camera ပိုင်းကတော့ Black Shark 3 နဲ့အတူတူပါပဲ။ Gaming Smartphone ဖြစ်တာမို့ အရမ်းအကောင်းစားကြီးမဟုတ်ပေမယ့် ကောင်းကောင်းမွန်မွန်ရိုက်ကူးနိုင်လောက်တဲ့ Specs နဲ့ပါပဲ။ Main Camera ကို Triple Camera အနေနဲ့တပ်ဆင်ထားတာဖြစ်ပြီး 64MP (wide) + 13MP (ultrawide) + 5MP (depth) တို့ဖြစ်ပါတယ်။ Selfie Camera အတွက်ကိုတော့ 20 MP (wide) ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ။

လောလောဆယ်မှာတော့ စျေးနှုန်းအတိအကျမသိရသေးသလို၊ ဘယ်တော့လောက် ပစ္စည်းဝင်မယ်ဆိုတာလည်း မသိရသေးပါဘူး။ ပစ္စည်းဝင်တာနဲ့ ကျွန်တော်တို့ ပေ့မှာ ပို့စ်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ခန့်မှန်းစျေးနှုန်းလေးတွေတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

➧ Black Shark 3 8/256GB - 970,000 Ks (ခန့်မှန်းစျေး)

➧ Black Shark 3 12/256GB - 1,030,000 Ks (ခန့်မှန်းစျေး)

Top