Tencent နဲ့ပေါင်းထုတ်ထားတဲ့ Black Shark 3 Gaming Smart Phone

Date: 11/03/2020

အားလုံးပဲမင်္ဂလာပါခင်ဗျာ...

Black Shark Gaming Smartphone ဆိုတာနဲ့ Smartphone Gamer တွေကြားထဲမှာ မသိတဲ့သူမရှိသလောက်ပါ။ အရင်ကတော့ Xiaomi အနေနဲ့ Gaming Smartphone တွေထုတ်ဖို့အတွက် Black Shark နဲ့ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခု ထပ်မံပြီး Tencent နဲ့ပါ ထပ်ပြီး Xiaomi/ Black Shark/ Tencent ပူးပေါင်းထုတ်လုပ်ပြီး Black Shark 3 ဆိုပြီး ထွက်ရှိလို့လာခဲ့ပါပြီခင်ဗျာ။

Black Shark 3 နဲ့ Black Shark 3 Pro ဆိုပြီး 5G Gaming Smartphone (၂) မျိုးထုတ်လုပ်ထားတာဖြစ်ပြီး ဒီပို့စ်လေးမှာတော့ Black Shark 3 အကြောင်းအရင်ပြောပြပေးချင်ပါတယ်။ Black Shark 3 Pro ကိုတော့ နောက်ထပ်ပို့စ်သက်သက်တခု ထပ်တင်ပေးပါမယ်ခင်ဗျာ။

Black Shark 3 မှာ Qualcomm® Snapdragon™ 865 SoC ကိုအသုံးပြုထားတာဖြစ်ပြီး High-end SoC တခုဖြစ်သလို 5G Network ပါရရှိမှာဖြစ်ပါတယ်။ Black Shark 3 ကို 8/128GB, 12/128GB နဲ့ 12/256GB ဆိုပြီး Variant (၃) မျိုးထုတ်လုပ်ပေးထားပြီးတော့ RAM 8GB Model ကို LPDDR4X ကိုအသုံးပြုထားပြီး RAM 12GB ကိုတော့ LPDDR5 အသုံးပြုပေးထားတာကြောင့် Performance ကတော့ လန်ပြန်ထွက်နေမှာ အသေအချာပါပဲ။

Black Shark 3 မှာ Tencent ရဲ့ Solar Core Gaming Engine ပါဝင်တာကြောင့် Gaming Performance ကိုလည်း Boost လုပ်ပေးနိုင်သလို Liquid Cooled Cooling System ပါဝင်တာကြောင့် Heat တက်လို့ ဂိမ်းဆော့ရတာ ဖီးလ်ပျက်တာမျိုးကိုလည်း သက်သာစေမှာပါ။

Display ပိုင်းမှာ Hardware-Based 90Hz MEMC Technology ကိုအသုံးပြုထားတာတွေ့ရပါတယ်။ ပုံမှန်အားဖြင့် MEMC Technology ဟာ High-end TVs တွေမှာ ပါဝင်တာဖြစ်ပြီးတော့ 24fps, 30fps နဲ့ Video File တွေကို 60fps, 120fps ထိ Playback ရအောင် လုပ်ဆောင်နိုင်တဲ့ နည်းပညာတခုဖြစ်ပါတယ်ခင်ဗျာ။ High-end TVs တွေမှာသုံးတဲ့ နည်းပညာဖြစ်တာမို့ Smartphone တွေမှာ အသုံးပြုနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ MEMC Technology ကြောင့် Playback တွေ ပိုမိုကောင်းမွန်လာမှာ အမှန်ပါခင်ဗျာ။

နောက်တခုကတော့ Battery နဲ့ Charging ပိုင်းပါ။ Black Shark 3 မှာ 4720mAh Battery ကိုအသုံးပြုထားပြီးတော့ Charging ပိုင်း မြန်ဆန်ကောင်းမွန်ဖို့အတွက် 65W ထိ Supported ပေးထားတာတွေ့ရပါတယ်။ ဒီနေရာမှာ တခုပြောပြချင်တာက Black Shark 3 မှာ ထောက်ပံ့ပေးထားတဲ့ 65W Charging စနစ်က 0 to 50% ထိလောက်တင်မဟုတ်ပဲ 0 to 100% ထိ Supported ပေးထားတယ်ဆိုတာပါပဲခင်ဗျာ။ ဒါကြောင့် 0 to 50% လောက်ကို (၁၂) မိနစ်ဝန်းကျင်လောက်နဲ့ အားသွင်းနိုင်မှာဖြစ်ပြီး 0 to 100% ကို (၃၈) မိနစ်တည်းနဲ့ အားသွင်းနိုင်မှာပါ။ (8/128GB Model မှာတော့ Fast Battery Charging 30W ပဲရမှာပါ)

Charging ပိုင်းမှာ နောက်ထပ်လန်းတဲ့ Feature တခုရှိပါသေးတယ်။ အဲ့ဒါကတော့ ပုံမှန်ပါတဲ့ USB Type-C Cable နဲ့ အားသွင်းရင်း ဂိမ်းဆော့တဲ့အခါ လက်အနေအထားက ကို့လို့ကန့်လန့်နဲ့ အဆင်မပြေတာတွေကို ဖြေရှင်းဖို့အတွက် 18W Magnetic Charging Cable အသုံးပြုလို့ရတာပါပဲ။ (ကျနော်သိသလောက်တော့ 18W Magnetic Charging က Box ထဲမှာပါဝင်ခြင်းမရှိပါဘူး/ 79 Yuan နဲ့ ရောင်းတယ်လို့တော့သိရပါတယ်ခင်ဗျာ)

Display ပိုင်းမှာတော့ Black Shark 3 မှာ 6.67 Inches (1080p x 2400p Resolution) AMOLED Display ကိုအသုံးပြုထားတာမို့ Always-on display လည်းရမယ်၊ HDR10+ နဲ့ 90Hz Display ကိုမှ 270Hz Touch-Sensing ဖြစ်တာမို့ မိုက်ပါတယ်။

Camera ပိုင်းကတော့ Gaming Smartphone ဖြစ်တာမို့ အရမ်းအကောင်းစားကြီးမဟုတ်ပေမယ့် ကောင်းကောင်းမွန်မွန်ရိုက်ကူးနိုင်လောက်တဲ့ Specs နဲ့ပါပဲ။ Main Camera ကို Triple Camera အနေနဲ့တပ်ဆင်ထားတာဖြစ်ပြီး 64MP (wide) + 13MP (ultrawide) + 5MP (depth) တို့ဖြစ်ပါတယ်။ Selfie Camera အတွက်ကိုတော့ 20 MP (wide) ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ။

Black Shark 3 မှာ Lightning Black, Armor Gray နဲ့ Star Silver ဆိုပြီး အရောင် (၃) မျိုးထုတ်လုပ်ထားပြီးတော့ လောလောဆယ်မှာတော့ စျေးနှုန်းအတိအကျမသိရသေးသလို၊ ဘယ်တော့လောက် ပစ္စည်းဝင်မယ်ဆိုတာလည်း မသိရသေးပါဘူး။ ပစ္စည်းဝင်တာနဲ့ ကျွန်တော်တို့ ပေ့မှာ ပို့စ်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ခန့်မှန်းစျေးနှုန်းလေးတွေတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

➧ Black Shark 3 8/128GB - 730,000 Ks (ခန့်မှန်းစျေး)

➧ Black Shark 3 12/128GB - 780,000 Ks (ခန့်မှန်းစျေး)

➧ Black Shark 3 12/256GB - 830,000 Ks (ခန့်မှန်းစျေး)

Top