Apple Watch (Luxury Smart WATCH) အကြောင်းတစေ့တစောင်း

Date: 27/02/2020

မင်္ဂလာပါခင်ဗျာ...

ဒီတပါတ်မှာတော့ ကျွန်တော်တို့ Win Mobile World အားပေးသူမိတ်ဆွေများအတွက် Apple WATCH အကြောင်းလေးကို တင်ဆက်ပေးပါရစေခင်ဗျာ။ Apple WATCH ကို 2015 ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Smart Watch တွေထဲမှာတော့ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး၊ လူကြိုက်အများဆုံး Apple Products တခုဖြစ်ပါတယ်ခင်ဗျာ။

အဆိုပါ Apple WATCH ကို Luxury (တန်ဖိုးကြီး) နာရီတခုအဖြစ်လည်းဝတ်ဆင်ကြပါတယ်။ တချို့ကတော့ အားကစားလုပ်ရာမှာအထောက်အကူပြုတဲ့ Sport Type ပစ္စည်းတခုအဖြစ်အသုံးပြုကြပြီး၊ တချို့ကကျန်းမာရေးအထောက်အကူပြု

ပစ္စည်းတခုအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမယ့် Apple WATCH ကို iOS အသုံးပြု iDevices များနဲ့သာချိတ်ဆက်အသုံးပြုခွင့်ရှိပြီး အခြားသော Platform တွေနဲ့ချိတ်ဆက်အသုံးပြုခွင့်မပေးထားပါဘူးခင်ဗျာ။

Apple WATCH ဟာ Design ပိုင်းမှာလည်း အရမ်းကိုလှပသလို ဝတ်ဆင်ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိလှတဲ့ Smart Watch တခုလည်းဖြစ်ပါတယ်။ Touch Screen ကိုအသုံးပြုပေးထားတာဖြစ်ပြီး WATCH Band ကိုလည်း စိတ်ကြိုက်လဲလှယ်အသုံးပြုခွင့်ပေးထားပါတယ်။ (ဥပမာ- ကိုယ်က Sport Band နဲ့ဝယ်ထားတယ်ဆိုရင်တောင် တခြားကိုယ်ကြိုက်တဲ့ Apple WATCH Band (လက်ပါတ်ကြိုး) ကိုရွေးချယ်ဝယ်ယူတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple WATCH ကို 38mm နဲ့ 42mm ဆိုပြီး အရွယ်အစား (၂) မျိုး Series တိုင်းမှာရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အခုနောက်ထွက်တာတွေဆိုရင် 40mm နဲ့ 44mm ဆိုပြီး ဝယ်ယူရရှိနိုင်ပါတယ်။ များသောအားဖြင့် 38mm Apple WATCH ကို အမျိုးသမီး မိန်းကလေးတွေရွေးချယ်ကြပြီး 42mm Apple WATCH ကိုတော့ အမျိုးသား ယောကျ်ားလေးတွေ အသုံးပြုလေ့ရှိကြပါတယ်။

Apple WATCH မှာအသုံးပြုနိုင်တဲ့ Functions တွေကတော့ - ဖုန်းခေါ်ဆိုခြင်း၊ SMS Messages ပို့ခြင်း၊ iOS Apps တွေရဲ့ Notifications တွေကိုကြည့်နိုင်ခြင်း၊ ဖုန်းပြောရင်လည်း Apple WATCH ကနေပြောနိုင်ခြင်း၊ Build in Speaker ကနေ ဖုန်းပြောဆိုတာနားထောင်နိုင်ခြင်း၊ သီချင်းကျော်တာ၊ ဓာတ်ပုံကြည့်တာ၊ ဖုန်း Camera ကို Apple WATCH ကနေအသုံးပြုတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အခြား Apple WATCH အတွက် Apps တွေကိုလည်း Watch Store ကနေ Download ဆွဲပြီးအသုံးပြုနိုင်ပါသေးတယ်ခင်ဗျာ။

Apple WATCH ရဲ့ Health ပိုင်းမှာလည်း မိမိလမ်းဘယ်လောက်လျှောက်ခဲ့လဲ၊ Exercise လုပ်တာ၊ ရွေ့လျားတာ၊ ကိုယ်ဘယ်လောက်အိပ်လဲဆိုတာမျိုးတွေကို အသေးစိတ်မှတ်သားထားပေးပါတယ်။ Heart Rate တိုင်းတာတို့၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတို့၊ မတ်တပ်ရပ်တာကြာတာ၊ ထိုင်တာကြာတာတွေကိုလည်း သတိပေးတာမျိုးတွေပြုလုပ်ပေးပါတယ်။ အဲ့ဒီ Data တွေအားလုံးကို Health Apps နဲ့ Activity Apps (၂) ခုမှာ Record မှတ်ထားပေးပါတယ်။

Apple WATCH နဲ့ Siri ကိုအသုံးပြုခိုင်းတာမျိုး၊ Apple Pay စတာတွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ Water Reminder Apps အသုံးပြုပြီး ရေသောက်ချိန်မှန်မှန်သတိပေးတာတွေ စသဖြင့် အစုံအလင်အသုံးပြုလို့ရပါတယ်။

Apple WATCH Series 2 နဲ့ Series 3 တွေမှာဆိုရင် GPS စနစ်ပါဝင်တဲ့အတွက် ကိုယ်သွားခဲ့တဲ့ လမ်းကြောင်းတွေကိုလည်း ကြည့်လို့ရပြီး အခြားသော အသုံးဝင်တဲ့ Functions တွေလည်းရှိပါသေးတယ်ခင်ဗျာ။ အသေးစိတ်ထပ်မံသိရှိလိုပါက - https://www.apple.com/watch/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

Apple WATCH ရဲ့ Battery ပိုင်းမှာတော့ (၂) နာရီခန့်အားသွင်းပြီး ပုံမှန်အသုံးပြုမယ်ဆိုရင် (၁၈) နာရီနဲ့အထက်အသုံးခံပါတယ်။ Apple WATCH Series 3 မှာတော့ Cellular Version သက်သက်ထွက်ပေမယ့် မြန်မာပြည်က Carrier တွေနဲ့တော့အသုံးပြုလို့မရပါဘူးခင်ဗျာ။

ဒါကြောင့် Apple WATCH ဟာ ကျန်းမာရေးလိုက်စားသူတိုင်းနဲ့၊ iPhone အသုံးပြုပြီး Luxury WATCH (Smart Watch) ကောင်းကောင်းအသုံးပြုချင်တယ်ဆိုရင်တော့ Apple WATCH ဟာ ရွေးချယ်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မဝယ်ယူသေးခင် လက်တွေ့စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ Win Mobile World (Branch II) - Myanmar Plaza (HAGL) မှာ Apple WATCH တွေကို Display ပြသပေးထားပါတယ်ခင်ဗျာ။

Top