အလန်းစား အိမ်သုံး Gadget တခုဖြစ်တဲ့ Apple HomePod ဆိုတာ...

Date: 27/02/2020

မင်္ဂလာပါခင်ဗျာ...

Apple HomePod ဟာ iPhone X နဲ့အတူ ပွဲထွက်လာခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ February 9 ရက်နေ့ကနေစတင်ပြီး Apple ကနေစတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ Win Mobile World မှာလည်း ဝယ်ယူရရှိနိုင်တော့မှာဖြစ်တာကြောင့် Apple Crazy မိတ်ဆွေတွေကို Apple HomePod လေးအကြောင်း သေချာလေးရှင်းပြေပေးပါရစေခင်ဗျာ။

Apple HomePod ဆိုတာ Apple ကနေထုတ်လုပ်ထားတဲ့ Wireless Speaker တမျိုးဖြစ်ပါတယ်။ Siri ကိုထည့်သွင်းပေးထားတဲ့အတွက် သီချင်းရှာခိုင်းတာတွေ၊ ရပ်ခိုင်းတာတွေနဲ့ တခြားသိလိုရာကို မေးမြန်းတာ၊ အသံနဲ့ခိုင်းတာတွေလုပ်လို့ရပါမယ်။ Apple HomePod ရဲ့ Specifications အသေးစိတ်ကိုအောက်မှာဖော်ပြပေးထားပါတယ်ခင်ဗျာ။

#Size #Weight #Color

HomePod ရဲ့ Design ပိုင်းအနေနဲ့ JBL Speaker တွေနဲ့ ခပ်ဆင်ဆင်ပဲလို့ပြောရမှာပါ။ အပြင်ပိုင်းကို အကြမ်းခံနိုင်တဲ့ Seamless Mesh Fabric ကိုအသုံးပြုထားတာဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားကတော့ အမြင့် 6.8" ဖြစ်ပြီး အကျယ် 5.6" ရှိပါတယ်။ အလေးချိန်ကတော့ 5.5 Pound ရှိပါတယ်။ ရရှိနိုင်တဲ့အရောင်ကတော့ Gray နဲ့ White (၂) မျိုးရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

Apple HomePod ရဲ့ မည်သည့် Wireless Speaker နဲ့မတူတာကတော့ HomePod ရဲ့ထိပ်ပိုင်းမှာ Touch Surface တခုထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒီကနေ Volume Up, Volume Down, Pause and Play အပြင် Touch Sufrace ကိုဖိထားပြီး Siri ခေါ်တာတွေလုပ်လို့ရပါတယ်။ တနေရာကနေ တနေရာကို သယ်သွားဖို့ဆိုရင်တော့ ကျောပိုးအိတ်လိုမျိုးထဲထည့်ပီးသယ်သွားလို့ရတဲ့ အရွယ်အစားထက် အနည်းငယ်ပိုကြီးနေမှာပါ။ ဒါကြောင့် အိမ်ထဲမှာပဲ အဆင်ပြေပြေအသုံးပြုလို့ရမှာဖြစ်တာကြောင့် Apple HomePod လို့ အမည်ပေးထားပုံရပါတယ်ခင်ဗျာ :D :D :D

#Audio #Sources #Wireless #Others

Apple HomePod ရဲ့ Chipset ကိုတော့ iPhone 6 မှာအသုံးပြုခဲ့တဲ့ Apple A8 Chip ကိုထည့်သွင်းအသုံးပြုထားတာတွေ့ရပါတယ်။ Seven-tweeter Array & High-excursion Woofer ပါတဲ့အတွက် HomePod ကထွက်ပေါ်လာမယ့်အသံပိုင်း Quality ဟာ တော်တော်ကြီးကောင်းမှာအသေချာပါပဲ။

ကျွန်တော်တို့အသုံးပြုနေကျဖြစ်တဲ့ iPad, iMac, Macbook တွေကထွက်လာတဲ့ အသ့တွေတောင် တော်တော်ကောင်းနေတာဖြစ်တာကြောင့် ဒီ HomePod ကအသံသာဆို ဘယ်လောက်ကောင်းလိုက်မလဲဆိုတာ တွေးကြည့်လိုက်တာနဲ့တင် ရင်ခုန်စရာပါ။ အားလုံးသိချင်နေကြတယ်ဟုတ် ??? မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော်တို့ဆိုင်မှာ ဝယ်ယူရရှိနိုင်တော့မှာပါ :D :D :D

ဟုတ်ပြီ... ဒါတင်ပဲလား မဟုတ်သေးဘူးနော် ရှိသေးတယ် :D တကယ်လို့ မိတ်ဆွေက HomePod (၂) လုံးဝယ်ခဲ့မယ်ဆိုရင် အခန်းလုံလုံအတွင်းမှာ Right and Left အသံခွဲထားပြီးတော့ အသံပိုင်းစနစ်ကောင်းကောင်းမွန်မွန် ဖန်တီးလို့ရနိုင်ဦးမှာဖြစ်ပါတယ်။ :D မိုက်တယ်နော် :D :D :D

ဒါ့အပြင် Six Microphone Array ကိုထည့်ထားတာကြောင့် အသံဖမ်းအားပိုမိုကောင်းတဲ့အတွက် ကိုယ့်ရဲ့အသံကို Sifi က အလွယ်တကူကြားနိုင်မှာဖြစ်ပါတယ်။ တခုရှိတာ တကယ်လို့ ဒီမှာသာ Home Kid အသုံးပြုလို့ရခဲ့ရင် HomePod က Siri ကို မီးဖွင့်၊ မီးပိတ် အပြင် အခြားသော Home Kid Functions တွေ့ိုပါ ခိုင်းလို့ရမှာဖြစ်ပါတယ်ခင်ဗျာ။

တခုရှိတာက HomePod ကနေပဲ သီချင်းနားထောင်မယ်ဆိုရင်တော့ 3rd Party Apps တွေကနေ နားထောင်လို့မရပါဘူး။ Apple Music, iTunes Music Purchases, Apple Podcasts & Beats 1 Live Radio တို့ကနေပဲ နားထောင်လို့ရမှာဖြစ်ပြီး iPhone, iMac တို့နဲ့ တခြား iDevices တွေကနေ Airplay နဲ့ နားထောင်မယ်ဆိုရင်တော့ Original Apps တွေအပြင် အခြား 3rd Party Apps တွေကပါ နားထောင်လို့ရမှာဖြစ်ပါတယ်။

Apple HomePod မှာ Bluetooth 5.0 ကိုအသုံးပြုထားတဲ့အတွက် Android နဲ့ချိတ်ဆက်လို့မရတဲ့အပြင် iDevices တွေမှာလည်း iOS 11 တင်လို့ရတဲ့ iDevices တွေမှာသာ Apple HomePod နဲ့ ချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ပြီးတော့...

#What's In The Box

Packing Box အထဲမှာဘာတွေပါလဲဆိုတာလေးလည်း ပြောပြပါရစေဦးခင်ဗျ။ HomePod နဲ့ Power Cable ပဲဖြစ်ပါတယ်။ Power Cable ကတော့ HomePod ကနေ ဖြုတ်/ တပ်လုပ်လို့ရပါတယ်။ အပေါ်မှာပြောခဲ့သလို အိမ်ထဲမှာတင်မဟုတ်ပါဘူး။ အိမ်အပြင်ဘက် ပျော်ပွဲစားထွက်တဲ့နေရာမျိုးတွေမှာပါ သယ်သွားလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အသံပိုင်း Quality မကောင်းမှာတော့ ပူစရာမလိုပါဘူး။ ပြီးခဲ့တဲ့ နှစ်ထဲမှာထွက်ခဲ့တဲ့ Apple AirPod ကိုအသုံးပြုဖူးတဲ့ Apple Crazy တွေအသိဆုံးပါ :D :D :D 

Apple HomePod ဟာ Siri ထည့်သွင်းပေးထားတာကြောင့် Siri နဲ့အတူ သီချင်းရှာခိုင်းတာတွေ၊ ရပ်ခိုင်းတာတွေနဲ့ တခြားသိလိုရာကို မေးမြန်းတာ၊ အသံနဲ့ခိုင်းတာတွေလုပ်လို့ရပါမယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ - 

• HomePod ကနေ Timer ပေးလို့ရခြင်း

• HomePod နဲ့ Smart Home Products တွေကိုထိန်းချုပ်နိုင်ခြင်း (Home Kit အသုံးပြုလို့ရခဲ့လျင်)

• HomePod ဖြင့် SMS Message ပို့နိုင်ခြင်း

• HomePod ကနေ Siri ရဲ့ အသံကိုပြောင်းလဲနိုင်ခြင်း

• HomePod နဲ့ တည်နေရာသတ်မှတ်ပြီး Reminders ပေးလို့ရခြင်း

• HomePod ကနေ Scenes Activate ပြုလုပ်နိုင်ခြင်း

• HomePod နဲ့ Notes Create ပြုလုပ်နိုင်ခြင်း

• HomePod ကို Phone Calls အတွက် Speakerphone တခုအဖြစ်အသုံးပြုနိုင်ခြင်း

• HomePod ကနေ သတင်းတွေမေးမြန်းနိုင်ခြင်း

• HomePod ကနေ ရာသီဥတုမေးမြန်းနိုင်ခြင်း

• HomePod ဟာ English ကနေ Mandarin Chinese, French, German, Italian and Spanish (၅) မျိုးကို Translate ပြုလုပ်နိုင်ခြင်း

• HomePod ကနေ Siri ကို Stop Listening ပြုလုပ်နိုင်ခြင်း စသဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

Top