Apple iDevices ဝယ်တော့မယ်ဆို ဒီအချက်တွေအရင်သိထားဖို့လိုမယ်နော်
မင်္ဂလာပါခင်ဗျာ...
အားလုံးပဲ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းသော အားလပ်ရက်လေးတွေဖြစ်ကြပါစေလို့ ကျွန်တော်တို့ Win Mobile World ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီတပါတ်မှာတော့ အလုပ်ပိတ်ရက်လေးလည်းများတာကြောင့် အားလပ်ချိန်လေးမှာ ကျွန်တော်တို့ Win Mobile World အားပေးသူမိတ်ဆွေများအတွက် Knowledge Sharing နဲ့ပါတ်သတ်တဲ့ ပို့စ်လေးတခုတင်ဆက်ပေးပါရစေခင်ဗျာ။
ကဲ... စလိုက်ရအောင် !
မိတ်ဆွေတို့အနေနဲ့ iPhone/ iPad ဝယ်တဲ့အခါ Packing မဖောက်ရသေးပဲ ကိုယ်ဝယ်ယူမယ့် ပစ္စည်းနဲ့ပါတ်သတ်ပြီး ဘာ Region အလုံးလဲ ? Brand New လား ? CPO လား ? Replacement Device လား ? စသဖြင့် သေချာအောင် စစ်ဆေးလို့ရပါတယ်ခင်ဗျာ။ ဒါမှလည်း ဝယ်ယူပြီး Packing ဖောက်ပြီးမှ ကိုယ်လိုချင်တာ ဒီအလုံးကြီးမဟုတ်ဘူးဆိုတာမျိုး မဖြစ်ရလေအောင် ဒီအချက်လေးတွေကို သေချာဖတ်ထားဖိုတော့လိုမယ်နော်။
၁။ ပထမဦးဆုံးအနေနဲ့ ဖုန်းက ဘယ်အမျိုးအစားလဲဆိုတာသိရဖို့အတွက် iPhone/ iPad ရဲ့ Packing ဗူးခွံနောက်ကျောဘက်မှာပါတဲ့ Part No. ဆိုတာရဲ့ စလုံးအစကိုကြည့်လိုက်ပါ။
• M နဲ့ စခဲ့ရင် သေချာပါတယ် Brand New အလုံးပါ။
• F နဲ့ စခဲ့ရင် CPO လို့ခေါ်တဲ့ (Certified Pre-Owned) by Apple အလုံးဖြစ်ပါတယ်။
( Apple CPO (Certified Pre-Owned Device) ဆိုတာ - Apple ရဲ့ Official Warranty Rules အရ Factory Fault ဖြစ်သော ဖုန်းများကို ပြုပြင်လို့ရသည်ကို ပြုပြင်ပေးပြီး၊ ပြုပြင်ဖို့မလွယ်ကူသော Error များအတွက် အလုံးအသစ် အစားထိုးလဲလှယ်ပေးတတ်ပါသည်။ ထိုသို့အလုံးသစ်လဲလှယ်ပေးပြီးသော Error အလုံးများကို ပြန်လည်သိမ်းယူထားပြီး အသစ်အတိုင်းဖြစ်သည်အထိ လိုအပ်တဲ့ ပြုပြင်မွန်းမံပြင်ဆင်မှုများပြုလုပ်ပါသည်။
ထို့နောက် Accessories အသစ်များဖြင့် Packing Box အသစ်ထုပ်ပိုးပြီး Apple Certified အဖြစ် ဈေးကွက်အတွင်းသို့ Official Warranty 1 Year အပြည့်ပြန်လည်သတ်မှတ်ပေးပြီး ဈေးနှုန်းသက်သက်သာသာဖြင့် ပြန်လည်ထုတ်ရောင်းပါသည်။ Apple ကိုယ်တိုင် Certified ပြုလုပ်ထားသည့် Apple Official Refurbished Device တွေပဲဖြစ်ပါတယ်ခင်ဗျာ။ )
• N နဲ့ စခဲ့ရင် Apple Warranty Rules အရ Factory Fault တခုခုကြောင့် Warranty ပြန်ပို့ပြီး Apple ဘက်က အလုံးအသစ်လဲလှယ်ပေးတဲ့ Replacement Devices ဖြစ်ပါတယ်။
• P နဲ့ စခဲ့ရင် Personalized အလုံးလို့ခေါ်ပါတယ်။ အဲ့လိုအလုံးတွေကိုတော့ ဒီဘက် မြန်မာပြည်မှာတော့ မတွေ့ရပါဘူးခင်ဗျာ။ ဘာလို့ဆိုတော့ အဲ့ဒီအလုံးတွေက Apple ကို ကိုယ်တိုင်တိုက်ရိုက်မှာယူပြီး (ကျွန်တော့်ကောင်မလေးကို လက်ဆောင်ပေးချင်လို့ iPhone ရဲ့အနောက်မှာ Apple ကနေ "Happy Birthday Sweetheart" ဆိုတဲ့စာသားကို Engraving ထိုးပေးတဲ့အလုံးတွေကိုပြောတာပါ။) Laser Engraving ထိုးတဲ့နေရာမှာ Apple ကထိုးတာနဲ့၊ အပြင်မှာထိုးတာ မတူပါဘူး။ Apple က သူ့ရဲ့ကိုယ်ပိုင် Font နဲ့သူ Engraving ထိုးပေးတာဖြစ်ပါတယ်။
ကဲ... ဒီလောက်ဆို Packing မဖောက်ခင် ကိုယ်ဝယ်ယူမယ့်ဖုန်းရဲ့ Part No. ကိုကြည့်ပြီး ဘယ်ဖုန်းအမျိုးအစားလဲဆိုတာ သေချာသိနိုင်ပြီဖြစ်ပါတယ်။ နောက်တခုကတော့...
၂။ iPhone/ iPad တွေကို Packing မဖောက်ခင် ကိုယ်ဝယ်ယူမယ့်ဖုန်းက ဘယ် Region အလုံးလဲဆိုတာလည်း စစ်ဆေးနိုင်ပါတယ်။ အဲ့လိုစစ်ဆေးနိုင်ဖို့အတွက် ဖုန်းဗူးခွံရဲ့ အနောက်ဘက်မှာပါတဲ့ Part No. ရဲ့ နောက်ဆုံးစာလုံးတွေကိုကြည့်ပြီးခွဲနိုင်ပါတယ်။
ဒီ Region ခွဲတာနဲ့ပါတ်သတ်ပြီးထည့်ပြောလိုတာက - (Apple iDevices တွေရဲ့ 100% မှာ 99% လောက်က China/ တရုတ်ပြည်မှာရှိတဲ့ Foxconn မှာပဲထုတ်လုပ်တာဖြစ်ပါတယ်။) ကျန်တာကတော့ India မှာစထုတ်နေပြီလို့သိရပါတယ်။ Apple iDevices တွေကို တရုတ်ပြည်မှာ တပ်ဆင်ပြီးမှ ဒီအလုံးက ဘယ်နိုင်ငံပို့မယ်၊ ဒီအလုံးက ဘယ်နိုင်ငံအတွက်ဆိုပြီး Region Code တွေခွဲခြားသတ်မှတ်ပြီး ပြန်လည်ရောင်းချတာဖြစ်ပါတယ်။ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံဟာ ဥပဒေတွေ၊ အသုံးပြုပုံတွေ မတူညီကြတဲ့အတွက် Packing ဗူးခွံထဲမှာပါတဲ့ Charging Adapter တွေမတူကြပါဘူး။ တချို့အလုံးတွေမှာ Camera Shutter Sound ကို လုံး၀ Off လုပ်လို့မရတာတွေ စသဖြင့်ကွဲပြားကြပါတယ်။
ဟုတ်ပြီ... Region Code ခွဲတာနဲ့ပါတ်သတ်ပြီး ဒီဘက် မြန်မာပြည်ဘက်ကို အဝင်များတဲ့ Region အလုံးတွေအကြောင်း ထပ်ရှင်းပြပေးပါဦးမယ်။
• ZP/A (Singapore/ Hong Kong) အလုံးတွေဆိုရင် Charging Adapter က 3 Pin နဲ့ဖြစ်ပြီးတော့ ဒီဘက်မြန်မာပြည်ထဲရောက်ရင် Apple Warranty Expired Date အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။
• LL/A (US) အလုံးဆိုရင် Charging AdLapter က 2 Pin နဲ့လာတာဖြစ်ပါတယ်။ ဒီဘက်မြန်မာပြည်ထဲရောက်ရင် Apple Warranty Expired Date ကတော့ တိကျသလောက်ရှိပါတယ်။ (LL/A အလုံးဖြစ်လို့ US မှာထုတ်တဲ့ ဖုန်းမဟုတ်ပါ။)
• AE/A (Middle Eastern Market) အလုံးတွေဆိုရင် Original Facetime & iMessage ပါဝင်မှာမဟုတ်ပါ။ သူတို့နိုင်ငံတွေရဲ့အစိုးရက သတ်မှတ်ထားတဲ့ အတွက် သူတို့နိုင်ငံရဲံ SIM ကိုသုံးရင် Facetime & iMessage မရပါဘူး။ ဒါပေမယ့် Facetime & iMessage ကို တရားဝင် Supported လုပ်ထားတဲ့ Operator က SIM ကိုသုံးရင်တော့ အဲ့ဒီဖုန်းမှာ Facetime & iMessage အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အသုံးပြုသူအနေနဲ့ သတိပြုရမှာက Apple ရဲ့ Facetime & iMessage ကို တရားဝင် Supported ပေးတဲ့ List ထဲမှာ မြန်မာ့ Operator ဖြစ်တဲ့ MPT မပါဝင်ပါဘူးခင်ဗျာ။
(https://support.apple.com/en-us/HT203982 ဒီလိပ်စာလေးမှာ Facetime & iMessage Support နဲ့ပါတ်သတ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။)
• JP/A (Japan), KH/A (Korea) အလုံးတွေမှာဆိုရင် သူတို့နိုင်ငံတွေရဲ့ ဥပဒေကြောင့် Camera Shutter Sound ကို လုံး၀ (လုံးဝ) ပိတ်လို့မရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီ Region ဖုန်းတွေဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အခါ Shutter Sound အသံကြီးကြားနေရမှာပဲဖြစ်ပါတယ်။
• TH/A (Thailand) အလုံးတွေကတော့ မြန်မာနိုင်ငံမှာပဲ Warranty ကိစ္စတွေလုပ်လို့ရပါတယ်။ ဒီ Region အလုံးနဲ့ပါတ်သတ်ပြီး တခုပြောကြားလိုတာက TH/A အလုံးတွေရဲ့ ဗူးခွံနောက်ဘက်မှာ Class B ဆိုတဲ့ စာပါဝင်ပါတယ်။ ဒီစာကြောင့်ပဲ တချို့ User တွေအနေနဲ့ ကိုယ့်ဖုန်းကြီးက Class B အလုံးကြီးလို့ထင်ပြီး Class A ကောမရှိဘူးလားလို့ Sensitive ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။
အမှန်ကတော့ Class B ဆိုတာ Device ရဲ့ အရည်အသွေး၊ Quality ကိုခွဲခြားထားတာ လုံး၀ (လုံးဝ) မဟုတ်ပါဘူး။ Class B ဆိုတဲ့စာအောက်မှာ NTC ID ဆိုတာလေး ပါတာတွေ့ရမှာပါ။ NTC ဆိုတာ (The National Telecommunication Commission of Thailand) ဆိုတဲ့ အဖွဲ့အစည်းတခုပါ။ Thai မှာ Telecommunication Product ထုတ်မယ်၊ သွင်းမယ်ဆိုရင် အဲ့ဒီအဖွဲ့အစည်းရဲ့ အသိအမှတ်ပြုတံဆိပ် (ID) လိုပါတယ်။
ဒါကြောင့် NTC ဟာ Thai မှာရှိတဲ့ ဆက်သွယ်ရေးဆိုင်ရာထုတ်ကုန်တွေကို Class တွေခွဲခြားထားပါတယ်။ အဲ့ဒီ Class တွေထဲကမှ ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်တွေထဲမှာပါဝင်တဲ့ iDevices တွေဟာ Class B အတန်းထဲမှာပါဝင်ပါတယ်။ ဒါကြောင့် TH/A (Thailand) Region အလုံးတိုင်းမှာ Class B ဆိုတဲ့ တံဆိပ်လေးပါဝင်လာရခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် Class B ဆိုပြီး Quality မကောင်းဘူးလို့ Sensitive ဖြစ်စရာမလိုပါဘူးခင်ဗျာ။
ဟုတ်ပြီ... ဒီလောက်ဆိုရင် iDevices တွေရဲ့ Part No. တွေကိုကြည့်ပြီး Packing မဖောက်ရသေးပဲ ကိုယ်ဝယ်ယူမယ့် iDevices ရဲ့အကြောင်းကို သေချာစစ်ဆေး ရွေးချယ်ဝယ်ယူနိုင်ပြီလို့ယူဆပါတယ်ခင်ဗျာ။