Android OS အသုံးပြု Smartphones သုံးသူတိုင်း သိထားသင့်တဲ့ Android System WebView ဆိုတာဘာလဲ?

Date: 27/02/2020

မင်္ဂလာပါခင်ဗျာ...

ဒီနေ့မှာတော့ Android OS အသုံးပြု Smartphones တွေမှာ မရှိမဖြစ်လိုအပ်တဲ့ Android System WebView အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Android System WebView ဆိုတာဘာလဲ? သူက ဘယ်လိုတွေအလုပ်လုပ်ပေးတာကြောင့် မရှိမဖြစ်လိုအပ်တာလဲ?

Android System WebView ဆိုတာ Google Chrome ကနေအထောက်အပံ့ပေးထားတဲ့ WebView Apps တခုဖြစ်ပါတယ်။ Android Version 4.4 (KitKat) မတိုင်ခင်ကတော့ Android System WebView ဟာ Background System Apps တခုအဖြစ်ပါဝင်တာဖြစ်ပြီး Android 4.4 (KitKat) မှာတော့ Chromium-Based (Mini Web Browser) အဖြစ်ပါဝင်လာတာ တွေ့ရပါတယ်ခင်ဗျာ။

Android 5.0 (Lollipop) ရောက်လာတဲ့အခါ Apps တခုအဖြစ် Google Play Store ပေါ်သို့ရောက်ရှိလာကာ Error Fixed Update များကို လစဉ် Update ပေးပြီး Security ပိုင်းအားနည်းချက်များကို ယခင်ကကဲ့သို့ OS Update ကိုစောင့်စရာမလိုပဲ အချိန်မှီပြင်ဆင်နိုင်ရန်အတွက် Apps တခုအဖြစ်သီးသန့်ခွဲထုတ်ပေးခဲ့ပါတယ်။

Android 7 (Nougat) ကနေစတင်ပြီး Android System WebView ကို Global Devices များအတွက် ရပ်ဆိုင်းလိုက်ပြီး WebView ပိုင်းအတွက် Google Chrome ကိုပြောင်းလဲအသုံးပြုလာခဲ့ပါတယ်။ Android 7 (Nougat) မှာ Google Chrome အဓိကအသုံးပြုထားရခြင်းရည်ရွယ်ချက်ကတော့ Power Saving အတွက်ပဲ ဖြစ်ပါတယ်။

Android System WebView ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ Web နဲ့ပါတ်သတ်တဲ့ Apps တွေဖြစ်တဲ့ Facebook, Instagram တို့လိုမျိုး Web-Based Apps သုံးတဲ့အခါမျိုးမှာ Browser တခုသက်သက်မလိုအပ်ပဲ အသုံးပြုနိုင်အောင် နောက်ကွယ်ကနေ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဥပမာ - ကျွန်တော်တို့ Facebook Apps အသုံးပြုတဲ့အခါ ကြားခံ Web Browser တခုလိုပါတယ်။ အဲ့ဒီအနေအထားမှာ Android System WebView ကို In-App Browser အဖြစ်အသုံးချပြီး ရလာတဲ့ Data အချက်အလက်တွေကို Facebook Apps မှာ ပြန်လည်ပြသပေးတာဖြစ်ပါတယ်။

အလွယ်ကူဆုံးနားလည်အောင်ရှင်းပြရမယ်ဆိုရင် Web နဲ့ပါတ်သတ်တဲ့ Apps တိုင်း အဆင်ပြေပြေအသုံးပြုနိုင်ဖို့အတွက် Android System WebView ကိုလိုအပ်ပါတယ်။ တခါတလေမှာ Facebook သုံးရတာ လေးတာတို့၊ သုံးနေရင်းနဲ့ ပြန်ပြန်ထွက်သွားတာတို့၊ သုံးရတာ ပေါ့ပါးမှုမရှိတာတို့ ဖြစ်တတ်ကြပါလိမ့်မယ်။ ဒါကြောင့် Web နဲ့ပါတ်သတ်တဲ့ Apps တိုင်းကို အကောင်းဆုံး Performance ရှိပြီး အသုံးပြုရတာ Smooth ဖြစ်ဖို့အတွက် Android 6.0 (Marshmallow) နဲ့ အောက်ဆိုရင် Android System WebView Apps ကို အမြဲ Up to Date ဖြစ်နေရန်လိုအပ်ပြီး၊ Android 7.0 (Nougat) နဲ့အထက်ဆိုရင်တော့ Google Chrome Apps ကို Up to Date အမြဲဖြစ်နေဖို့ လိုအပ်ပါတယ်ခင်ဗျာ။

Top