Apple Watch သုံးပြီး Force Touch ကိုရော သင် သုံးဖြစ်ရဲ့လား?

Date: 27/02/2020

မင်္ဂလာပါဗျ... 

ရန်ကုန်မြို့ကြီးကတော့ လမ်းတွေရှင်းနေပါတယ်။ ပိတ်ရက်ရှည်တွေနဲ့ အေးဆေးအနားယူနေတဲ့ကျွန်တော်တို့မိတ်ဆွေတွေအတွက် ဒီညမှာ Apple Watch ရဲ့ Force Touch Features (10) ခု အကြောင်းကို မျှဝေပေးချင်ပါတယ်ဗျ။ Apple Watch ပတ်ထားတာ ကြာပြီ! ဒီ Force Touch အကြောင်းအကုန်တောင် မသိသေးဘူးဆိုတဲ့ Admin လိုမျိုး မိတ်ဆွေတွေအတွက်အပြင် Apple Watch ဝယ်ဖို့စောင့်နေတယ်ဆိုတဲ့ ကျွန်တော်တို့ Win Mobile World ရဲ့ အားပေးသူမိတ်ဆွေများအတွက် ဖြစ်ပါတယ်ဗျ။

(1) Clear All Notifications

Apple Watch မှာ SMS, Facebook, Twitter စတဲ့ app တွေရဲ့ Noti တွေကို Force Touch ကိုတစ်ချက်ထဲသုံးလိုက်တာနဲ့ Notifications တွေအားလုံးကိုရှင်းလို့ရပါတယ်။

အသုံးပြုပုံ >> Notification bar ကိုဆွဲချပေါ်လာတဲ့ Noti icon ကို အားရပါးရဖိချ 😂 Clear All လုပ်လိုက်ရုံပါပဲ။

(2) Create and Remove Watch Faces

ဒါကတော့ သိပ်ပြီး ထွေထွေထူးထူး ပြောဖို့မလိုလောက်ပါဘူး။ Watch Faces တွေ Edit | Create လုပ်တာတို့ Remove လုပ်တဲ့အချိန်မှာ Force Touch ကိုသုံးပြီးလုပ်လို့ရပါတယ်။

အသုံးပြုပုံ >> Watch Face ကိုဖိချလိုက်တာနဲ့ Remove, Customize လုပ်ပါ။ 

(3) Compose a New Message

Apple Watch ကနေ SMS ပို့ချင်ရင် SMS App ထဲကိုဝင်ပြီး conversationတွေပြန်မရှာချင်တဲ့ Users တွေအတွက်ပဲဖြစ်ပါတယ်။

အသုံးပြုပုံ >> SMS App ထဲဝင်ပြီး Force Touch ကိုဖိချ New Message ကိုနှိပ်လိုက်ရုံပါပဲ။

(4) Change Move Goal and Get a Weekly Activity Summary

Activity app ထဲမှာ Move Goal, Weekly Summary တွေ Change တာတွေကို force touch ကိုသုံးပြီး ပြောင်းလို့ရပါတယ်။

အသုံးပြုပုံ >> Activity App ထဲကိုဝင် force touch ကိုဖိချ။

(5) Stream Music to an AirPlay Device

ဒီ function ကတော့ မြန်မာနိုင်ငံက users တော်တော်များများအတွက်သိပ်တော့ အသုံးတည့်မှာမဟုတ်ပါဘူး။

အသုံးပြုပုံ >> iTunes မှ Music တွေ ကို Stream နားထောင်နေတဲ့အချိန်မှာ Music App ထဲမှာ Force Touch ကိုဖိချပြီး Bluetooth speaker, Earphone တွေကိုအပြောင်းအလဲလုပ်တဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။

(6) Share Your Location With a Contact, Message

Apple Watch ရဲ့ Message မှတစ်ဆင့် Force Touch ကိုသုံးပြီး location ပို့လို့လည်းရပါတယ်။

အသုံးပြုပုံ >> Apple Watch က message app ထဲဝင်ပြီးကို location ပို့ချင်တဲ့ contact ကိုရှာပါ။ ပြီးရင် Force Touch ကိုဖိချပြီး Location ပို့တာအပြင် အဲ့ဒီ contact ရဲ့ Details ကိုပါကြည့်လို့ရမယ်။ Language Change တာတွေပါလုပ်လို့ရဦးမှာပါ။

(7) Switch Map View and Search Local Amenities

Apple Watch က Map App မှာ Force Touch ကိုသုံးပြီးတော့ Location ရှာတာတွေ Map View ပြောင်းတာတွေပါလုပ်လို့ရပါတယ်။

အသုံးပြုပုံ >> Map App ထဲကိုဝင် Force touch ကိုဖိချပြီး Transit, Standard ဆိုပြီး Map View change ပြီး location ရှာနိုင်ပါတယ်။

(8) Switch App Screen to List View

ဒါကတော့ App စာမျက်နှာပေါ်မှာ App View ကို force touch ကိုသုံးပြီး Change တာဖြစ်ပါတယ်။

အသုံးပြုပုံ >> App Page ထဲကိုဝင် force touch ကိုဖိချလိုက်တာနဲ့ Grid View, List View ဆိုပြီတော့ပေါ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ List View လေးက အမြင်တစ်မျိုးဆန်းတာမို့ List View လေး အသုံးပြုပါတယ်။ :D

(9) Hourly Temperature Forecast and Chance of Rain

Apple Watch က Weather App ထဲမှာ Force Touch ကိုသုံးပြီးတော့ နောက် 12 နာရီအတွင်းမှာဖြစ်မဲ့မိုးလေဝသအခြေအနေကိုကြည့်နိုင်ပါတယ်။

အသုံးပြုပုံ >> Weather App ထဲကိုဝင်ပါ .. ကိုယ်က မြို့သုံးမြို့လောက်ထည့်ထားရင် ကိုယ်ကြည်ချင်တဲ့ မြို့ထဲကိုဝင် Force Touch ကိုဖိချပြီးတော့ Condition, Rain & Temperature တွေကိုကြည့်လို့ရပါတယ်။

(10) Control Camera Settings Remotely

Apple Watch က Camera App မှာ Force Touch ကိုသုံးပြီးတော့ flash မီးဖွင့်တာ selfie ပြောင်းတာတွေ HDR ပြောင်းတာတွေ လုပ်လို့ရပါသေးတယ်။

အသုံးပြုပုံ >> Apple Watch က camera app ကိုဖွင့်ပြီး Force Touch ဖိချလိုက်ရုံပါပဲဗျ။

ကဲ !!! ဒီနေ့တော့ Apple Watch ရဲ့ Force Touch အသုံးဝင်ပုံ (၁၀)ခုကို ဖတ်မိပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျ။ အစားကောင်းစားရရင် ခင်ရာဆွေမျိုး မိတ်ဆွေကို သတိရတယ်ဆိုသလိုပဲ ကျွန်တော်တို့ Win Mobile World ရဲ့ မိတ်ဆွေအမျိုးတွေအတွက် မျှဝေပေးလိုက်ရပါတယ်ခင်ဗျ။ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ သိဖို့ကတော့ ကိုယ်ကပဲ မျှဝေပေးဖို့ လိုအပ်ပါတယ်နော် !! :D

Top