Android သုံးသူတိုင်း သိထားသင့်တဲ့ App Permission

Date: 27/02/2020

မင်္ဂလာပါဗျ... 

ကျွန်တော်တို့ ဒီနေ့မှာ Android App Permission တွေအကြောင်းလေး ပြောပြပေးချင်ပါတယ်။ Android Devices အသုံးပြုတဲ့ ကျွန်တော်တို့ မိတ်ဆွေတွေ အားလုံးသိထားသင့်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ Android Applications တွေမှာ ကိုယ့်ဖုန်းရဲ့ Camera, Contact, Storage နဲ့ အချို့ Apps တွေဆိုရင် Locations Access စတာတွေကိုပါ တောင်းတတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်အပါအဝင် မိတ်ဆွေတွေက စာသိပ်ဖတ်လေ့မရှိပဲ Yes (or) Allow စသဖြင့် နှိပ်ပေးလိုက်ကြပါတယ်။ ဘာကြောင့် ဒီ Permission ကိုတောင်းလဲဆိုတာ သိပ်မစဉ်းစားတတ်ကြပါဘူး။

ဒီနေရာမှာ စဉ်းစားစရာတစ်ခုဖြစ်လာပါပြီ !! ကိုယ်သုံးမဲ့ App က ဘယ်လို App မျိုးလဲဆိုတာကို သေချာ စဉ်းစားဖို့ လိုအပ်လာပါပြီ... ဥပမာ - အောက်က ပုံမှာ ပြထားသလိုမျိုး "ADM" (Android Download Manager) လိုမျိုး App ဆိုရင် ကိုယ်က Internet ပေါ်က Files တွေကို Download ဆွဲမယ် ပြီးရင် ကိုယ့်ရဲ့ ဖုန်း Storage ထဲမှာ သိမ်းထားမယ်ဆိုရင် အဲ့ဒီ App က "Storage Acceess" ကို Permission တောင်းပါလိမ့်မယ်... ဒါက လက်ခံနိုင်လို့ရတဲ့ အကြောင်းတရား တစ်ခုဖြစ်တာကြောင့် Storage ကို Permission ပေးထားလို့ရပါတယ်။ အကယ်၍များ အဲ့ဒီ "ADM" App က ကိုယ့်ရဲ့ Contact ကို Access လုပ်ဖို့ တောင်းလာပြီ ဆိုပါတော့... ဒါဆို ကိုယ်က စဉ်းစားဖို့လိုပါမယ်... ဘာလုပ်ဖို့ သူက ကိုယ့်ရဲ့ Contact Access ကို လိုရတာလဲ? SMS Access ကိုတောင်းလာပြီဆိုပါတော့ Download Manager လို App တစ်ခုက ဘာလုပ်ဖို့ SMS Access ကို လိုရမှာလဲ? စသဖြင့် စဉ်းစားဖို့လိုအပ်လာပါပြီ။

နောက်ထပ် App တစ်ခုက ကိုယ့်ရဲ့ Locations Access ကို တောင်းလာတယ် Google Maps လို App မျိုးက Locations Access ကိုတောင်းလာတယ်ဆိုရင် Maps ဖြစ်တဲ့အတွက် Accuracy ရအောင် Locations Access ပေးမှပဲရနိုင်မှာပါ... တချို့ App တွေက မလိုအပ်ပဲ Locations Access တောင်းတာတွေ "modify or delete the contents of your SD Card" စတဲ့ ကိုယ့် Data တွေကို ဖျက်ခွင့်တောင်းတာမျိုး စသဖြင့် မလိုအပ်ပဲ တောင်းတဲ့ App တွေလည်း အများကြီးရှိပါတယ်။ 

တချို့ Paid App တွေက Crack တွေ လုပ်မှာစိုးတာကြောင့် Crack လုပ်တာနဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေ Photos တွေနဲ့ SD Card Contents တွေကို ဖျက်ပစ်ဖို့ Permission တောင်းတာမျိုးတွေရှိပါတယ်။ အဲ့လို Permission တွေကို အထူးပဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ်မသိလိုက်ပဲနဲ့ သူငယ်ချင်းတစ်ယောက်က ဝယ်မသုံးနဲ့ crack ရှိတယ်ဆိုပြီး လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့ အဖိုးတန် Data တွေ ပျက်ကုန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် တချို့ App တွေက လိုလို မလိုလို ရှိသမျှ Permission တွေအကုန်တောင်းတာကြောင့် ကိုယ်ကလည်း မဖတ်ဖြစ်နဲ့ အကုန် "Allow" လုပ်ပေးတာနဲ့တင် ဖုန်းမှာ Ads တွေ တက်လာတာမျိုး စသဖြင့်တွေ ဖြစ်တတ်ပါတယ်... အဲ့ဒါ ဘယ်သူမှ လုပ်တာမဟုတ်ပါဘူး ကိုယ်တိုင်ပဲ "Allow" ပေးခဲ့တာပါ။ 

ဒါကြောင့်မို့ Android App Permission တွေကို အထူးပဲ ဂရုပြု အလေးထားသင့်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ မိတ်ဆွေ တော်တော်များများမှာ Mobile Banking, iBanking စတဲ့ ငွေရေးကြေးရေးနဲ့ ဆိုင်တဲ့ Software တွေ Master Card, VISA Card စတဲ့ အရေးကြီး ကဒ်နံပါတ်တွေ Password တွေ စတာတွေကို အကုန်တစ်နေရာတည်းမှာ ဖြစ်တဲ့ ကိုယ့် Device ထဲမှာပဲ သိမ်းဆည်းလာကြပါပြီ။ ကိုယ့်မှာ ဘာမှမရှိဘူး အခိုးခံရလည်း ဘာမှမဖြစ်ဘူးလို့တော့မထင်လိုက်ပါနဲ့ ကိုယ်အမှတ်တရ ရိုက်ထားတဲ့ ပုံတွေ ကိုယ်မသိစေ မမြင်စေလိုတဲ့ အကြောင်းအရာတွေ လူတိုင်းမှာ ရှိနိုင်မှာပါ... ပြီးတော့ လူတစ်ယောက်ရဲ့ Behavior လို့ခေါ်တဲ့ အလေ့အကျင့်ကို သိနိုင်ဖို့အတွက် အရမ်းခက်ခဲပါတယ်... ဒါပေမဲ့ ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ သိနိုင်လာကြတာက ကိုယ့်ဒေတာတွေကို ကိုယ် ကိုယ်တိုင်ပဲ ပေးလိုက်တာမျိုးကြောင့်ပါ။ Mobile Browser တွေကနေ ကိုယ် ဘယ် Websites တွေကို ဝင်ကြည့်လေ့ရှိတယ်ဆိုတဲ့ Browser History ကနေ ကိုယ့်ရဲ့ Internet သုံးရင် ဘာတွေသုံးလဲ ဆိုတဲ့ အလေ့အကျင့် Behavior ကို သိနိုင်ပါတယ်။

ဒါကြောင့်မို့လို့ Mobile Devices တွေအသုံးပြုနေတဲ့ ကျွန်တော်တို့ မိတ်ဆွေတွေ အားလုံး App Permission တွေ အကြောင်း ကိုယ့်ရဲ့ Data တွေကို ဘယ်သူတွေက ခိုးယူနေပြီလဲဆိုတဲ့အကြောင်း စသဖြင့် အမြဲ သတိထားနေသင့်ပါတယ်။ ကိုယ့်ရဲ့ Smartphone ကို ဘယ်လို လုံခြုံအောင် အသုံးပြုရမလဲဆိုတဲ့ အချက်တွေထဲမှာ ဒီ App Permission က တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ကဲ !! အခု ကိုယ့်ဖုန်းရဲ့ Settings >> App >> User Apps တွေကို ဝင်ပြီး App တစ်ခုချင်းစီရဲ့ Permission တွေက ဘာတွေတောင်းထားလဲ? အဲ့ Permission က လိုရော လိုရဲ့လား စဉ်းစားပြီး တစ်ခုချင်းစီကို Check လုပ်ကြည့်ပါဦးဗျ !!! :D

Top