ကိုယ်တွေးသမျှကို ဖုန်းကသိနေတာများလား ❓

ဖုန်းအသစ်ဝယ်တော့မဲ့အကြောင်းပြောနေတုန်း facebook မှာ ဖုန်းကြော်ငြာတွေဆက်တိုက်တက်လာရော..😵
ဒီလိုတွေခဏခဏကြုံရတော့ ကျွန်တော်တို့ဘာလုပ်လုပ် ဖုန်းတွေကနေ စောင့်ကြည့်နေတာလား၊ ခိုးနားထောင်နေတာလားလို့ တွေးမိပေမဲ့
တကယ်တော့ မဟုတ်ဘူးဗျ။
.
ဘာလို့လဲဆိုတာ ချက်ကျလက်ကျပြောရရင် -
🔺ဒီကောလဟာလတွေကို စမ်းသပ်စစ်ဆေးခဲ့ကြပေမဲ့ သက်သေပြစရာမတွေ့ခဲ့ပါဘူးတဲ့၊
🔺တကယ်လုပ်ရင် Tech company တွေအနေနဲ့လည်း ဥပဒေနဲ့ငြိမှာပါ။
🔺သေသေချာချာစဉ်းစားကြည့်ရင်လည်း တချိန်လုံး အသံဖမ်းထားမယ်ဆိုလို့ကတော့ ဖုန်းဘက်ထရီအားက ခဏလေးနဲ့ကုန်သွားမှာပေါ့။
.
အဲ့တာဆိုဘာလို့သိနေတာတဲ့လဲ ❓
.
ဖုန်းထဲက App တွေနဲ့ Website တွေက သင်နှိပ်ကြည့်သမျှ၊ ရှာသမျှနဲ့ သွားသမျှ Location တွေကိုပါ မှတ်တမ်းယူထားတဲ့အပြင်
ကြော်ငြာကုမ္ပဏီတွေကလည်း အဲ့ဒီဒေတာတွေကိုဝယ်ပြီး သင်နဲ့အကြိုက်တူတဲ့သူတွေဆီကို ကြော်ငြာတွေထပ်ပြလို့ပါ။ Social media တွေရဲ့ Algorithm အလုပ်လုပ်ပုံကြောင့်ပါပဲ။
.
နောက်ပြီးတော့ တစ်ခုခုအကြောင်းကိုတွေးမိရင် အဲ့ဒီတွေးမိတဲ့အရာတွေက မျက်စိရှေ့မှာခဏခဏပေါ်လာတတ်ပါတယ်၊
အဲ့တော့ ဒါကိုပဲတွေးလေ၊ မြင်ရလေ၊ ပိုမှတ်မိလေနဲ့ဖြစ်အောင် ဦးနှောက်ကလုပ်နေပါတယ်ဆိုမှ ဖုန်းရဲ့ကြော်ငြာစနစ်ကပါ အချိန်ကိုက်လာပြတော့ လန့်စရာကြီးဖြစ်နေတာပေါ့။
.
အဲ့တာကြောင့် Click တစ်ချက်နှိပ်၊ Tap တစ်ချက်ထိမိရင်ကို သင့်ရဲ့ privacy data တွေကိုယူပြီး ပြန်ရောင်းနေကြတာပါ။
Privacy တွေမပေါက်ကြားအောင် အတတ်နိုင်ဆုံးကာကွယ်ဖို့ဆိုရင်
❗တွေ့ကရာ Link တွေကိုလျှောက်မနှိပ်ပါနဲ့
❗မလိုဘူးဆိုရင် Mic, Location တွေကို ပိတ်ထားပါ
❗မသုံးတော့တဲ့ App တွေကို ဖျက်ပါ
❗Ad Blocker တွေထားပြီး ဖုန်းထဲက Privacy Dashboard ကို အမြဲစစ်ကြည့်ပါ။
.
သင့်ဖုန်းရဲ့ Search history က သင့်အကြောင်းကို အားလုံးထက်သိနေတယ်ဆိုရင်ရော..🤫
.
#WinMobileWorld #TechMyths #PrivacyMatters
#SmartphoneSecrets #AdTargeting