❝ ဖုန်းသုံးရတာ လေးနေတယ်လို့ ခံစားရရင် ❞

❝ ဖုန်းသုံးရတာ လေးနေတယ်လို့ ခံစားရရင် ❞
.
Phone သုံးရင်းနဲ့ ရုတ်တရက်ဟန်းသွားတာမျိုး၊ App တစ်ခုခုကိုသုံးနေရင်း စက်လေးလာပြီး အပြင်ပြန်ထွက်သွားတာမျိုးတွေ တော်တော်များများ ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်နိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ ဖြစ်နိုင်ချေအများဆုံးရှိတဲ့ အချက်တချို့ရယ်၊ ဘယ်လိုဆင်ခြင်ပြီးသုံးရင် အဆင်ပြေလာနိုင်လဲဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
.
၁။ ပထဆုံးအချက်အနေနဲ့ - ဖုန်း Storage ပြည့်အောင် သုံးမိတာတာက ဖုန်းလေးစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖုန်းထဲမှာရှိတဲ့ App တွေရဲ့ဒေတာတွေ၊ System ရဲ့ဒေတာတွေ၊ ဒီလိုဒေတာတွေ အများကြီး ပြည့်လာတဲ့နောက်မှာ ဖုန်းကသုံးရတာ ပုံမှန်လိုသွက်မှာမဟုတ်တော့ပါဘူး။
.
ဒါ့ကြောင့် Storage အရမ်းများနေရင် မလိုတဲ့ ပါစင်နယ်ဒေတာတွေ၊ Browser ထဲက Cache Data တွေ၊ သိပ်မသုံးဖြစ်တဲ့ App တွေကိုဖျက်လိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။ မဖျက်ရက်လို့ သိမ်းထားတဲ့ ရည်းစားဟောင်းရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတော့ ဖျက်လိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ :P
.
၂။ Restart ချကြည့်လိုက်ပါ။ ရိုးရိုးရှင်းရှင်းဆိုပေမဲ့ တော်တော်များများ သတိမေ့ပြီး မလုပ်တတ်ကြပါဘူး။ ဖုန်းအရမ်းလေးနေတဲ့အချိန် Restart ချလိုက်တာကလည်း ဖြေရှင်းနည်းတစ်ခုပါပဲ။
.
၃။ App တွေအများကြီးကို တစ်ပြိုင်တည်းဖွင့်ထားပြီးသုံးမိရင်လည်း ဖုန်းလေးစေနိုင်ပါတယ်။ ဥပမာ - Messenger မှာ တစ်ယောက်နဲ့ပြောရင်း Telegram မှာလည်း နောက်တစ်ယောက်နဲ့ တစ်ပြိုင်တည်း Chat တာမျိုး :P ဒီတော့ မလိုတဲ့ App တွေကို ပိတ်ထားပြီးသုံးဖို့လည်း မမေ့ပါနဲ့ဦး။
.
၄။ ရာသီဥတုပူတဲ့အချိန်မှာ သုံးမိရင်လည်း ဖုန်းရဲ့ Temperature ကမြင့်လာတော့ အပူလွန်လာပြီး ဟန်းသွားတာမျိုး၊ ထစ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီတော့ အရမ်းပူနေတဲ့အချိန် ဂိမ်းအရမ်းဆော့တာမျိုးတွေ၊ Heavy Apps တွေကိုသုံးတာမျိုးတွေ သိပ်မလုပ်သင့်ပါဘူး။ လုပ်ချင်တယ်ဆိုရင်လည်း Cooling Fan လေးနဲ့တွဲသုံးစေချင်ပါတယ်။ [ဆိုင်မှာ ကွာလတီကောင်းတဲ့ BlackShark Fun Cooler 3Pro လေးတွေရှိနေပါတယ်။ #ကြော်ငြာ#]
.
၅။ ဘယ်လိုမှ အဆင်မပြေတော့ဘူးဆိုရင်တော့ Factory Reset သာချကြည့်လိုက်ပါ။ လိုမဲ့ဒေတာတွေတော့ ကြိုပြီး Backup လုပ်ထားပေါ့။
.
ဒါတွေတစ်ခုမှ မလုပ်ချင်ဘူး။ ဖုန်းအသစ်ပဲ လဲကိုင်လိုက်တော့မယ်ဆိုရင်တော့ Win Mobile World ကိုလာခဲ့လိုက်ပါ။ ပေါ့ပေါ့ပါးပါးသုံးဖို့ကနေ ဂိမ်းဆော့ဖို့၊ အလုပ်အတွက်သုံးဖို့၊ ဓာတ်ပုံလှလှလေးတွေရိုက်ဖို့.. ဖုန်းမော်ဒယ်လ်မျိုးစုံကို စိတ်ကြိုက်ရွေးလို့ရပါတယ်။